♪ " အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာပြဿနာများ " ♫

Image may contain: phone and screen

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက iPhone 6 ပါ။ လွတ်ကျတာကနေ LCD မှာ တဖျတ်ဖျတ်ဖြစ်နေတယ်။ ပြင်လို့ရလားအစ်ကို။
ဖြေ - ဟုတ်အစ်ကို ရပါတယ်ဗျာ။ LCD ကြိုးနဲ့ LCD Socket မမိရင် ဖြစ်တတ်ပါတယ်ဗျာ။ မမိရင် LCD Display မပြတ်ဘဲနဲ့ အဖြူရောင်ပဲပေါ်တာ၊ အစင်းရာတွေဘဲထင်တာဖြစ်နိုင်သေးတယ်ဗျာ။ တစ်ခါတစ်ရံပြန်တည့်အောင် လုပ်ပေးရုံနဲ့ရပေမယ့် Socket လဲမှရတာလည်းရှိပါတယ်။ မရသေးဘူးဆိုရင်တော့ LCD Display ကိုထောက်ပံ့ပေးတဲ့ Backlight ပိုင်းထိလိုက်ရတတ်ပါတယ်။

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်း Mi Note 2 လေး Speaker ဖွင့်ပြောရင် တစ်ဖက်က မကြားရဘူး။ Speaker ပိတ်ပြောရင်တော့ ရတယ်။ နောက်ပြီး Video ရိုက်ရင်လည်း အသံမကြားရဘူးဗျာ။
ဖြေ - ဟုတ်ကဲ့။ အစ်ကို့ဖုန်းက Second Mice လေးမကောင်းလို့ဖြစ်တာပါ။ နီးစပ်ရာ Service ဆိုင်ကိုပို့ပြီး ပြင်လို့ရပါတယ်ခင်ဗျာ။

မေး - မောင်လေးရေ အစ်မဖုန်း J7 (2015) လေးက ဖုန်းကိုသုံးနေရင်းနဲ့ Shutdown ကျသွားတယ်။ ပြီးတော့ Logo လည်ပြီး ပါဝါပြန်တက်လာလိုက်နဲ့ ဖြစ်နေတယ်။
ဖြေ - ဟုတ်ကဲ့။ ချစ်မကြီးရေ အဲ့တာက Software ကြောင့်လည်း ဖြစ်တတ်ပါတယ်။ Software ပြန်ရေးကြည့်ရပါမယ်။ မရရင်တော့ Hardware ပိုင်း Error အရ Sleep Mode ဖြစ်တယ်လို့ ခေါ်ပါတယ်ခင်ဗျာ။

မေး - အစ်ကိုရေ ကျွန်တော့်ဆိုင်ကို Huawei ဖုန်းတစ်လုံးရောက်လာပါတယ်။ Customer က ပြောတယ်။ ဖုန်း Screen ပေါ်မှာ Unfortunat-ely အဲ့လိုစာသားပြတယ်။ OK နှိပ်ကြည့်တယ်။ ဘယ်လိုမှနှိပ်လို့မရဘူး။ အဲ့ဒီနေရာကိုပြန်ရောက်သွားတယ်။ အဲ့ဒီပြဿနာကို ဘယ်လိုရှင်းရမလဲ။
ဖြေ - အစ်ကိုရေ အဲ့ဒီ Huawei ဖုန်း Virus ကိုက်လို့ ကျွန်တော်ရေးကြည့်တယ်။ ဒါပေမဲ့ မရဘူး။ Firmware ရေးတာလည်း စုံလင်နေပါပြီ။ ဘယ်လိုမှရေးလို့မရပါဘူး။ တကယ်တမ်းကြတော့ အဲ့ဒီဖုန်းက EMMC ပျက်ခါနီးဖြစ်နေတာကြောင့် Firmware ရေးလို့ မအောင်မြင်နိုင်ပါဘူး။ Customer ပို့တဲ့အတိုင်းပဲပြန်ဖြစ်ပါတယ်။ ဒါဆိုရင် Virus ကိုက်တဲ့ဖုန်းတွေမှာ Firmware ရေးတိုင်းပြန်ကောင်းမယ်ဆိုပြီး ယူဆလို့မရဘူးဆိုတာ ကျွန်တော်သိလိုက်ပါပြီ။

မေး - အစ်ကိုတို့ရေ Honor 4x ဖလတ်မီးမလင်းလို့ ဘယ်လိုလုပ်ရမလဲဆိုပြီး ဆိုင်ကိုလာပြသော Error လေး Honor 4x မှာ ဖလတ်မီး Error အတက်များတယ်။ ကျွန်တော်ရှင်းပေးလိုက်ပါတယ်။
ဖြေ - အစ်ကိုတို့ရေ Honro 4x မှာ ဖလတ်မီးမလင်းတာမဟုတ်ပါဘူး။ ဖလတ်မီး apk Version များ မကိုက်တာဖြစ်သည့် Honor 4x နဲ့ရတဲ့ ဖလတ်မီး apk ရဲ့နာမည်ကတော့ Flash Ring.apk နဲ့ ရပါတယ်။ အဆင်ပြေပါတယ်။ Honor 4x ဖုန်းတိုင်းအတွက်ဖြစ်ပါသည်။

မေး - အစ်ကိုတို့ရေ MPT, Telenor, Ooredoo, MEC, Sim Card များကို မှတ်ပုံတင်ဖို့အတွက် အလွယ်တကူလုပ်တဲ့နည်းလေးကို တင်ပေးလိုက်ပါတယ်။
ဖြေ - အစ်ကိုတို့ရေ MPT, Telenor, Ooredoo, MEC ဖုန်းများကို မှတ်ပုံတင်ပြီးမပြီးဆိုတာသိနိုင်ဖို့ Code နဲ့ရိုက်စစ်လို့ရပါသည်။ MPT Code နံပါတ်မှာ *601# Telenor Code နံပါတ်မှာ *979*3*3# Ooredoo Code နံပါတ်မှာ *666# MEC ဖုန်းကတော့ အင်တာနက် Browser ဖွင့် www. MECcom.mm ထဲသို့ဝင်၍ ဖုန်းနံပါတ်ရိုက်ထည့်ကြည့်လိုက်ပါ။ Register ပြုလုပ်ပြီးပါက Already Registered ဆိုသော စာတန်းပေါ်လာလိမ့်မယ်။ အားလုံးအဆင်ပြေသွားပါလိမ့်မည်။ APK သုံးချင်ပါက MM-SIM.APK Download ဟုရိုက်ပါ။ အားလုံးအဆင်ပြေသွားပါလိမ့်မည်။

မေး - ကျွန်တော့်ဖုန်းက Y-511 Huawei အမျိုးအစားပါဗျာ။ ရုပ်ထွက်မလာဘူး။ LCD က ဖွေးနေတယ်။ ဘယ်လိုလုပ်ရမလဲဗျာ။
ဖြေ - Y-511 တွေမှာဆိုရင် Coil, Condencer, Diocle တို့က Backlight ပိုင်းမှာ အဓိကလုပ်ဆောင်ပါတယ်။ အခုလို LCD ဖွေးနေတာကတော့ LCD Connector နားက Fuse 3 လုံးကြောင့်ဖြစ်ပါတယ်။ အဲ့ဒီ Fuse လေးတွေကို သေချာလဲလှယ်ပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက Home Key, Back Key က မီးတွေက ဖွင့်လိုက်၊ ပိတ်လိုက်ဖြစ်နေတယ်။ ဖုန်းအမျိုးအစားက Y 300 ပါ။ ဘာလုပ်ရမလဲဗျ။ အကြံပေးပါဦး။
ဖြေ - အစ်ကိုခင်ဗျာ အဲ့ Error က Power ပိုင်းက ဖြစ်နေတာပါ။ ကြာရှည်သုံးလို့တော့ မကောင်းပါဘူး။ Power သေတဲ့အထိ ဖြစ်ပါလိမ့်မယ်။ နီးစပ်ရာ Service ဆိုင်ကို ပြကြည့်ပါ။



ဤကဏ္ဍကို Today’s Mobile ဖုန်း-၀၉-၇၃၀၃၃၉၆၆၊ ၀၉-၄၂၁၇၄၄၁၁၁ မှ ကူညီပံ့ပိုးပါသည်။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment