♪ Android ဖုန်းမှာ Goole Maps ရဲ့ Location history ကို ဘယ်လိုကြည့်မလဲ ♫


Android ဖုန်းမှာ ပါဝင်တဲ့ Google Maps မှာပါဝင်တဲ့ Time line လုပ်ဆောင်ချက်ကို အသုံးပြု ပြီး မိမိအနေနဲ့ Google Maps သုံး ပြီး သွားလာခဲ့တဲ့ လမ်းကြောင်း တွေဖြစ်တဲ့ Location history ကို  အလွယ်တကူ ပြန်ကြည့်နိုင်မှာဖြစ် ပါတယ်။ ကိုယ်က Google Maps ကိုသုံးပြီး ခရီးသွားထားတဲ့ သူတစ်ယောက်ဆိုရင်တော့ ကိုယ်သွားခဲ့တဲ့ တည်နေရာပြ လမ်းကြောင်းတွေကို အပတ်စဉ်၊ လစဉ် ပုံစံမျိုးနဲ့ ပြန်လည်ကြည့်ရှု နိုင်မှာဖြစ်ပါတယ်။

အရင်ဆုံး ဖုန်းထဲက Google Maps app ကို ဖွင့်လိုက်ပါ။ အောက်ကပုံအတိုင်း ပွင့်လာမှာ ဖြစ်ပြီး ဘယ်ဘက် အပေါ်ထောင့် နားက မျဉ်းတန်းသုံးခု ဆင့်ထားတဲ့ more or menu နေရာကို တစ်ချက်နှိပ်လိုက်ပါ။

ပေါ်လာတဲ့ အကွက်ထဲကနေ Your timeline ဆိုတဲ့ စာသားကို တစ်ချက်နှိပ်လိုက်ပါ။

ပြီးရင်တော့ ဖုန်းမြင်ကွင်းရဲ့ ညာဘက် အပေါ်ထောင့်နားက ပြက္ခဒိန် icon လေးကို တစ်ချက်နှိပ်ပါ။


ပြက္ခဒိန်ရဲ့ လကို ပြောင်းလဲဖို့ အတွက် မြင်ကွင်းကို ဘယ်ညာ ရွှေ့ပြီး မိမိပြန်ကြည့်ချင်တဲ့ လကိုရွေးပါ။


ပြီးရင်တော့ ကိုယ်ကြည့်ချင်တဲ့ ရက်ကို နှိပ်ပြီး ကြည့်နိုင်မှာ ဖြစ်ပါတယ်။


ကိုယ်သွားခဲ့တဲ လမ်းကြောင်း ပုံစံကို အသေးစိတ်အနေနဲ့ ပြန် ကြည့်နိုင်မှာ ဖြစ်ပါတယ်။



Credit to ==> Internet Journal




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment