♪ Huawei GR5 2017 Premium Price – 399,000 Ks ♫


အားသာချက်
GR5 2017 နဲ့ အချက်အလက်တော် တော်များများ တူညီပေမယ့် မှတ်ဉာဏ်ပိုင်းမှာတော့ Premium ဗားရှင်း က ပိုပြီးကောင်းမွန်ပါတယ်။ ဖုန်းမှာပါဝင်ဖွဲ့စည်းထားတဲ့ CPU, ဂရပ်ဖစ် GPU နဲ့ မှတ်ဉာဏ်ပိုင်း၊ OS စနစ်ပိုင်းတွေမှာလည်း ကောင်းမွန်တဲ့အပြင် ကင်မရာလုပ် ဆောင်ချက်ပိုင်းတွေဖက်မှာ ဦးစားပေး ပြုလုပ်ထားတဲ့ ဖုန်း လည်းဖြစ်တဲ့အတွက် ကင်မရာရဲ့ Function တွေနဲ့ လုပ်ဆောင်ချက်အပိုင်း တွေမှာ ကောင်းမွန်ပါတယ်။ Fingerprint ပိုင်းမှာလည်း မြန်ဆန်ပြီး ကောင်းမွန်တာ တွေ့ရပါတယ်။
အားနည်းချက်
Dual Sim ဖုန်းဖြစ်ပေမယ့် Sim Slot 2 ဟာ SD Card နဲ့အတူတွဲ ထားတာကြောင့် SD Card သုံးမယ်ဆိုရင် Sim Card တစ်ကတ်ပဲသုံး လို့ ရနိုင်ပါလိမ့်မယ်။
ဒီဇိုင်း
ပုံစံဒီဇိုင်းပိုင်းမှာတော့ GR 5 2017 နဲ့ ပုံစံဒီဇိုင်းချင်း တူတူပါပဲ။ ကျောဘက်ကာဘာအပေါ်ပိုင်းမှာ ကင်မရာနှစ်လုံးကို အထက်အောက် ပုံစံမျိုး တပ်ဆင်ထားပြီး ကင်မရာနှစ်လုံးရဲ့အောက်မှာ Fingerprint ကိုတပ်ဆင်ထားပါတယ်။ ဖုန်းကိုယ်ထည်တစ်ခုလုံးက သတ္တုကိုယ်ထည်ဖြစ်ပြီး ရှေ့မြင်ကွင်းမှန်ကတော့ Curved Glass လို့ ခေါ်တဲ့ အနားလုံး မှန်မျိုးပါ။ ဖုန်းတစ်ခုလုံးရဲ့ အရွယ်အစားကတော့ အထက်အောက်အမြင့် ၁၅.၀၉ စင်တီမီတာ၊ ဘေးတိုက်အကျယ် ၇.၆၂ စင်တီမီတာနဲ့ ထုထည်ကတော့ ၀.၈၂ စင်တီမီတာဖြစ်ပြီး အနားလုံးရှေ့မှန်နဲ့ နောက်ဘက်ကာဗာအခုံး ပုံစံတွေကြောင့် ကိုင်တွယ်အသုံးပြုချိန်မှာ ထူတယ်လို့ သိပ်မခံစားရပါဘူး။ အလေးချိန်ကတော့ ၁၆၂ ဂရမ်ရှိပါတယ်။
မြင်ကွင်း
၅.၅ လက်မရှိတဲ့ IPS LCD Screen ဖြစ်ပြီး (Blue Light Filter,Full Lamination,Sun Screen) နည်းပညာတွေပါဝင်ပါတယ်။ Screen Resolution ကတော့ 1080 x 1920 Pixels ရှိတဲ့ Full HD Screen ပါ။
နည်းပညာ
Fingerprint ကိုအသုံးပြုတဲ့အချိန်မှာ မြန်ဆန်တဲ့အပြင် လက်ဗွေစတင်မှတ်သားချိန်မှာ အတည့်အတိုင်း မှတ်သားရပေမယ့် အသုံးပြုတဲ့အချိန်မှာတော့ ၃၆၀ ဒီဂရီ အသုံးပြုနိုင်ပါတယ်။ Fingerprint ဟာ ဖုန်းလုံခြုံရေးအတွက်အပြင် အခြား စနစ် တွေအတွက်ပါ ထိန်းချုပ် အသုံးပြုနိုင်ပါတယ်။ ကင်မရာအသုံးပြု နည်းစနစ်ပိုင်းတွေမှာ လည်း ကောင်းမွန်တဲ့ဖုန်းပါ။ ဓာတ်ပုံရိုက်တဲ့အချိန်မှာ ဖုန်းကို ဖွင့်ဖို့ မလိုပဲ Screen Off အခြေအနေတိုင်းနဲ့ မြန်မြန်ဆန်ဆန် ဓာတ်ပုံရိုက်နိုင်မယ့် Ultra snapshot ဆိုတဲ့စနစ်၊ ကိုယ့်ရဲ့ မျက်နှာကို ကိုယ်လိုချင်တဲ့ ပုံစံမျိုး ပြုပြင်မှတ်သားထားပြီး Selfie ရိုက်တဲ့အချိန်တိုင်းမှာ ပြုပြင်ထားတဲ့ ပုံစံမျိုးအမြဲပေါ်နေစေမယ့် Perfect Selfie စနစ်၊ Manual စနစ်နဲ့ ဓာတ်ပုံရိုက်နိုင်မယ့် Pro Photo စနစ်အပြင် Pro Video,  Selfie အတွက် Makeup အစရှိတဲ့ စနစ်တွေကို အသုံးပြုသူတွေ ထိတွေ့နိုင်မှာပါ။ နောက်ခံ Background တွေကို ၀ါးသွားအောင်ပြု လုပ်ရိုက်ကူးနိုင်တဲ့ စနစ်ကိုလည်း Back Camera နှစ်လုံးက ထောက်ပံ့ ပေးပါလိမ့်မယ်။
သုံးသပ်ချက်
ဖုန်းတစ်ခုလုံးကို ခြုံငုံ သုံးသပ်ကြည့်မယ်ဆိုရင်တော့ GR 5 2017 Premium ဟာ GR5 2017 ထပ် မှတ်ဉာဏ်ပိုင်းမှာသာ အနည်းငယ် ကွာခြားပြီး ကင်မရာပိုင်း၊ နည်းပညာပိုင်းတွေနဲ့ ဖုန်းတွင်းအသုံးပြု Hardware ပိုင်းတွေ၊ ဒီဇိုင်းတွေမှာ သိပ်ပြီး ကွဲပြားခြားနားမှုမရှိပေမယ့် မှတ်ဉာဏ်ပိုင်းကွာတဲ့အတွက် ဈေးကလည်း နည်းနည်းကွာခြားမှုရှိနေပါ တယ်။ ကီးဘုတ်ကိုအသုံးပြု တဲ့အချိန်မှာ မြန်မာစာနဲ့ အင်္ဂလိပ်စာကိုပြောင်းလဲအသုံးပြုတဲ့အခါမှာတော့ အနည်းငယ် ကရိကထများနေတယ်လို့ ခံစားရစေတဲ့အတွက် ကီးဘုတ် ကို မြန်မြန်ဆန်ဆန် ပြောင်းလဲနိုင်တဲ့ Third Party ကီးဘုတ်စတစ်ခုခုကို ထည့်သွင်းအသုံးပြုရင်တော့ အဆင်ပြေနိုင်မှာပါ။
Network       GSM – 2G/ 3G/ 4G
SIM               Dual SIM (Nano Sim Dual Standby)
OS                 Android OS, v6.0
CPU              Kirin 655, Octa-Core (4×2.1GHz+4×1.7GHz)GPU Mali-T830MP2
Memory       Internal 64GB, 4GB RAM (LPDDR3), Micro SD 128GB
Camera        12 Megapixels, + 2 MP (Dual Camera) 3968 x 2976 Pixels, 1080p 30 FPS, Slow  Motion Video, PDAF Sensor, 1.25 micron pixel, After Focus,6P Lens,Bokeh Mode, Blur Effect, Front 8 Megapixels
Wi-Fi            Wi-Fi 802.11 b/g/n, Wi-Fi Direct, 2.4 GHz
Bluetooth     Bluetooth 4.1
Battery         Li-Ion 3340 mAh Battery

သူတို့အမြင်
D Mobile (YGN)
GR5 2017  ထက် Memory ပိုင်းမှာတော့ ပိုကောင်းလာတယ်။ ပုံစံဒီဇိုင်းပိုင်းနဲ့ အခြားကင်မရာ ပိုင်းတွေမှာတော့ GR5 2017 နဲ့ ဘာမှမကွာပါဘူး တူတူပါပဲ။ RAM မြင့်လာတဲ့အတွက် ဖုန်းရဲ့ လုပ်ဆောင်ချက်ပိုင်းတွေ ပိုကောင်းလာသလို App တော်တော်များများကိုလည်း လက်ခံနိုင်လာတယ်။ Memory ပိုင်းပဲ မြင့်လာတယ်လို့ ဆိုပေမယ့် ဈေးကတော့ GR5 2017 နဲ့ တော်တော် လေးကွာသွားတယ်လို့ ပြောရမယ်။ အခြားကျန်တဲ့ စနစ်တွေက တော့ GR5 2017 အတိုင်းပဲ သုံးရတာ အားလုံးက အဆင်ပြေပါတယ်။
မယမင်းသူ (အသုံးပြုသူ)
နောက်ကင်မရာ နှစ်လုံးပါတာကိုလည်း သဘောကျတယ်။ ရှေ့ကင်မရာကလည်း ကောင်းပါတယ်။ Selfie မှာပါလာတဲ့ Makeup ဆိုတဲ့ စနစ်ကိုလည်း အရမ်းသဘောကျ တယ်။ မိန်းကလေးတွေ မျက်နှာမှာ ဘာမှ မပြင်ထားပေမယ့်လည်း ဒီ Function ကိုသုံးပြီးတော့ အလှပြင်ထားတဲ့ မျက်နှာမျိုးလေးဖြစ်နေအောင် Selfie ကိုအမြဲ ရိုက်လို့ ရနေတယ်။ Fingerprint က လည်း ထိလိုက်တာနဲ့ ချက်ချင်း မြန်မြန်ဆန်ဆန်လေး တုန့်ပြန်နိုင်တာကို သဘောကျတယ်။ Background ကိုဝါးအောင်လုပ်တဲ့ စနစ်မှာတော့ လူတစ်ကိုယ်လုံးကို Focus လုပ်လို့မရပဲ အစိတ်အပိုင်း လေးတွေလောက်ပဲ လုပ်လို့ရတာကိုတော့ သိပ်သဘောမကျဘူး။ ကျန်တာက တော့ကြိုက်ပါတယ်။
ကိုအောင်စိုးမိုး (YGN)
GR5 2017 Premium ကတော့ Memory ပိုင်းမှာ ပိုကောင်းလာတာ တွေ့ရတယ်။ RAM မြင့်လာတဲ့အတွက် ဖုန်းရဲ့ လုပ်ဆောင်ချက် ပိုင်းမှာလည်း နဂို GR5 2017 ထပ် နည်းနည်းပိုချောမွေ့လာတယ်ပေါ့နော်။ ကင်မရာပိုင်းနဲ့ Media ပိုင်းကလည်း သုံးရတာ အဆင်ပြေပါတယ်။ Manual စနစ်ကလည်း ကောင်းတယ်။ Background ကိုဝါးတဲ့ စနစ်ပိုင်းမှာတော့ သိပ်ပြီး သဘောမကျချင်ဘူး။ ကင်မရာ ကလိချင်တဲ့ သူတွေအတွက်တော့ အကြိုက်ပါပဲ။ Fingerprint ရဲ့ တုန့် ပြန်နိုင်မှုက မြန်လာတဲ့အပြင် Fingerprint ကိုဖုန်းရဲ့ဘယ်လိုထောင့်မျိုးကနေမဆို 360 ဒီဂရီသုံးနိုင်တာကလည်း သူ့ရဲ့ ထူး ခြားချက်တစ်ခုလိုပါပဲ။ Memory ပဲကွာတယ် ဆိုပေမယ့် ပထမ GR5 2017 ထပ်ဈေးက နည်းနည်းပိုများ နေသလိုတော့ ခံစားရတယ်။
Object Tracking ဆိုတဲ့ စနစ်ကတော့ ဓာတ်ပုံရိုက်တဲ့အချိန်မှာ Focus ပြုလုပ်ထားတဲ့ နေရာကိုမှတ်သားထားပြီး ကင်မရာကို ဘယ်လိုရွှေ့ပြောင်းပြောင်း Focus မပြောင်းလဲတဲ့ စနစ်ဖြစ်ပါတယ်။ Background Blur ပြုလုပ်တဲ့ စနစ်လည်း ပါဝင်ပါတယ်။

DSLR ကင်မရာတွေလိုမျိုး Manual စနစ်နဲ့ ရိုက်နိုင်မယ့် Pro Photo စနစ်အပြင် Pro Video စနစ်ပါ ပါဝင်လာပါတယ်။ နောက်ဘက် ကင်မရာမှာ အသုံးပြုနိုင်မယ့် စနစ် ၁၆ မျိုး ပါဝင်ပြီး ရှေ့ကင်မရာမှာတော့ အသုံးပြုနိုင်မယ့် စနစ် ၉ ခု ပါဝင်ပါတယ်။ ရှေ့ကင်မရာမှာ အသစ် ပါဝင်လာတဲ့ Makeup ဆိုတဲ့ စနစ်ကတော့ အမျိုးသမီးတွေအတွက် အသုံးတည့်စေတဲ့ စနစ်တစ်ခုလို့ ဆိုနိုင်ပါတယ်။


ကင်မရာရဲ့ Settings စနစ်ထဲမှာ ပါဝင်တဲ့ Perfect Selfi ဆိုတဲ့ စနစ်ကတော့ ကိုယ့်ရဲ့ မျက်နှာပုံစံကို ရှုထောင့်သုံးမျိုးနဲ့ ရိုက်ကူးမှတ် သားထားပြီး စိတ်ကြိုက်ပြုပြင်ထားနိုင်ပါတယ်။ ဒီလိုပြုပြင်မှတ်သား ထားရင်တော့ Selfie ရိုက်တဲ့ အချိန်တိုင်းမှာ ကိုယ့်ရဲ့ မျက်နှာကို ပြု ပြင်ထားတဲ့ ပုံစံအတိုင်း ဖော်ပြပေးမှာဖြစ်ပြီး လူအများနဲ့ ရိုက်တဲ့အချိန်မှာလည်း ကိုယ့်မျက်နှာက ပြုပြင် ထားပြီးသား ဖြစ်နေမှာပါ။
ဒါ့အပြင် ကင်မရာရဲ့ Settings ထဲမှာ ပါဝင်တဲ့ နောက်ထပ်ထူး ခြားတဲ့ စနစ်တစ်ခုကတော့ Ultra Snapshot ဆိုတဲ့စနစ်ပါ။ ဒီစနစ် ကတော့ ဓာတ်ပုံရိုက်ချင်တဲ့ အချိန်မှာ ဖုန်းကိုဖွင့်ဖို့ မလိုအပ်ပဲနဲ့ Screen Off အခြေမှာတင် ဖုန်းရဲ့ အသံအတိုးအကျယ် Volume Down Key ကို နှစ်ချက်ဆင့်နှိပ်လိုက်တာနဲ့ အ လိုအလျောက် ဓာတ် ပုံရိုက်ပေးမယ့် စနစ်ဖြစ်ပါတယ်။ ဒီစနစ်ကို အသုံးပြုတဲ့အခါမှာ Volume Down Key ကို နှစ်ချက်နှိပ်တာနဲ့ ဓာတ်ပုံတစ်ခါတည်း ရိုက်မလား၊ ဒါမှမဟုတ် ကင်မရာကိုပဲ တိုက်ရိုက်ပွင့်စေချင်လား ဆိုတာကို ရွေးချယ်နိုင်ပါသေးတယ်။


Screenshot ပြုလုပ်တဲ့ အခါမှာလည်း ပုံမှန် Screeshot စနစ်အပြင် ရှည်လျားတဲ့ မြင်ကွင်းတွေအတွက်လည်း Scroll Shot ဆိုတဲ့ ပါဝင်ပါတယ်။
အချက်အလက်တွေ သိမ်းဆည်းပြီး Backup ပြုလုပ်နိုင်မဲ့ HiCloud ဆိုတဲ့စနစ်လည်း ပါဝင်ပါတယ်။

Fingerprint စနစ်ဟာလည်း ဖုန်းအချက်အလက် လုံခြုံရေးအတွက်အပြင် အခြားဖုန်းတွင်း အသုံးပြုစနစ် အချို့အတွက်ပါ ထိန်းချုပ် အသုံးပြုနိုင်ပါတယ်။ Fingerprint စနစ်မှာအရင်ထပ် ပိုထူးခြားပြီး ပါလာတာကတော့ Browse Photos ဆိုတဲ့စနစ်နဲ့ Fingerprint ပေါ်မှာ လက်ကို Double Tap နှိပ်လိုက်တာနဲ့ Notification တွေအားလုံးကို ရှင်းလင်း ပေးနိုင်တဲ့ စနစ်တွေ ပိုမိုပါဝင် လာပါတယ်။






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
www.pyaephyo.com

0 comments:

Post a Comment