♪ “Meizu M3 Max” Price - 279,000 Ks ♫

Image may contain: phone

Meizu ဟာ m3 နဲ့စသော ဟန်းဆက်များစွာကို ထုတ်လုပ်ရောင်းချ ပေးထား ပါတယ်။ ယခု M3 Max ကတော့ ၂၀၁၆ ခုနှစ် စက်တင်ဘာလက ထွက်ရှိ ထားခြင်းဖြစ်ပါတယ်။ 2G, 3G, 4G Network များကို အသုံးပြုနိုင်မယ့် ဟန်းဆက်ပါ။ ဖုန်းရဲ့ အရွယ်အစားပမာဏက 163.4 × 81.6 × 7.9 mm ဖြစ်ခြင်းကြောင့် ကိုင်ဆောင် အသုံးပြုဖို့အတွက် အဆင်ပြေစေပါလိမ့်မယ်။

ဖုန်းကိုယ်ထည်အလေးချိန်ကတော့ 189 g ဖြစ်ပါတယ်။ ယခုနောက်ပိုင်းထုတ် ဖုန်းများဟာ ဆင်းကတ်နှစ် ကတ်ထည့်သွင်း အသုံးပြုနိုင်ကြပါတယ်။ ယခု M3 Max သည်လည်း ဆင်းကတ်နှစ်ကတ်ထည့်သွင်း အသုံးပြုနိုင်သော Dual SIM ဟန်းဆက် အမျိုးအစားဖြစ်ပါတယ်။ ထည့်သွင်းသုံးစွဲရမယ့် ဆင်းကတ် အရွယ်အစားကတော့ Nano SIM ပါ။ ဖုန်းမျက်နှာပြင်အတွက် IPS LCD Capacitive Touch Screen ကို အသုံးပြုပေးထားပါတယ်။

ဖုန်းမျက်နှာပြင် အကျယ်အ၀န်းက 6 inches ရှိသောကြောင့် မျက်နှာပြင်ကျယ်ပြန့်သော ဟန်းဆက်အမျိုးအစားဖြစ်ပြီး Phablet အရွယ် ဟန်းဆက်များကို ကိုင်ဆောင် သုံးစွဲချင်သူများ အဆင်ပြေစေပါလိမ့်မယ်။ မြင်ကွင်းစွမ်းရည်အပိုင်းတွင် ကြည်လင်ကောင်းမွန်သော ပုံရိပ်များကိုပေးစွမ်း နိုင်စေဖို့အတွက် 1080 × 1920 Pixels ပမာဏနဲ့ ထောက်ပံ့ပေးထားပါတယ်။ တစ်လက်မမှာရှိမယ့် Pixel ပမာဏ သိပ်သည်းဆကတော့ 367 ppi ပါ။ Multitouch စနစ်တွင် Flyme UI 5.2.5 ကို သုံးစွဲနိုင်ပါမယ်။

အဓိကကင်မရာဟာ 13 MP, f/2.2 စွမ်းရည်ရှိပြီး Dual-LED(Dual Tone) Flash ပါရှိပါတယ်။ ရှေ့ကင်မရာငယ်ကတော့ 5 MP, f/2.0 စွမ်းရည်ရှိပါ တယ်။ Active Noise Cancellation With Dedicated mic စနစ်လည်း ပါရှိပါတယ်။ မှတ်ဥာဏ်ပမာဏအပိုင်းတွင် RAM ကို 3 GB ထည့်သွင်း ပေးထားပြီး ROM တွင် 64 GB ပါရှိအောင် လုပ်ဆောင်ပေးထားပါတယ်။ Fingerprint စနစ်အသုံးပြုနိုင်မယ့် ယခုဖုန်းရဲ့ ဘက်ထရီစွမ်းအားမှာ 4100 mAh ဖြစ်ပါတယ်။ ဘက်ထရီအားသွင်းမြန်ဆန်သောစနစ်လည်း ပါရှိပါတယ်။



<Specifications>

Network - GSM/WCDMA/LTE
Memory - 64 GB
CPU - Octa Core
Camera - 13 MP
Screen - 6 inches
OS - Android OS, v6.0
Contact - 09-73171213

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment