♪ " မည်သူ့၏ အသံကိုမဆို တုပနိုင်သည့် Software ကို Lyrebird မှ ပြသ " ♫

No automatic alt text available.

မွန်ထရီရယ်လ်အခြေစိုက် Lyrebird မှ ၎င်း၏ voice lmitation algorithms အား နမူနာပြသသွားခဲ့သည်။ AI ထုတ်လုပ်သည့် အဆိုပါ ကုမ္ပဏီမှ ၎င်းတို့၏ API သည် လူတစ်ယောက်၏ အသံအား တစ်မိနစ်စာမျှ မှတ်တမ်းတင်ပြီးသည်နှင့် တုပပြောနိုင်မည်ဖြစ်သည်ဟု ဆိုခဲ့သည်။

ထို့အပြင် တုပနိုင်မည့် စကားသံ၌ စိတ်ဆိုးခြင်း၊ သနားခြင်း၊ စိတ်ရှုပ်ခြင်းစသော ခံစားချက်များကိုပါ ထည့်သွင်းနိုင်လိမ့်မည်ဟု သိရသည်။ Lyrebird ai နမူနာတွင် တုပထားသော အသံများအဖြစ် ဘားရက်အိုဘားမား၊ ဒေါ်နယ်ထရမ့်နှင့် ဟီလာရီကလင်တန်တို့၏ အသံများကို နမူနာပြသ ထားကြောင်းတွေ့ရသည်။ နမူနာများစွာပါဝင်ပြီး အထင်ကြီးစရာစွမ်းဆောင်နိုင်သော်လည်း အချို့သော အစိတ်အပိုင်းများတွင် စက်ရုပ်သံဆန်ဆန် အသံအချို့ ပါဝင်ဆဲဖြစ်ကြောင်း တွေ့ရသည်။ Adobe မှလည်း ထိုကဲ့သို့ အသံတူ တုပနိုင်သော နည်းပညာကို ယမန်နှစ်က ပြသခဲ့ဖူးကြောင်း သိရပြီး Project VoCo ဟု အမည်ပေးထားသည်။

သို့သော် ထိုစဉ်က Adobe ၏ နည်းပညာမှာ မိနစ် ၂၀ ကြာ ပြောသော စကားကို ကူးယူပြီးမှ တုပပြောဆိုနိုင်ခဲ့ခြင်းဖြစ်သည်။ Lyrebird မှာမူ အသံတစ်မိနစ်စာသာ လိုအပ်ပြီး သုံးစွဲနိုင်ရန် cloud အခြေခံ API ကို မကြာမီထုတ်လွှင့် ပေးမည်ဖြစ်ကာ အသံကို upload ပြုလုပ်၍ ပြောချင်သမျှကို synthesized လုပ်ပြီး download ပြန်လည်ရယူနိုင်မည်ဖြစ်သည်။ အတုအပ ပြုလုပ်ခြင်းအတွက် အန္တရာယ်ရှိလာနိုင်ကြောင်း စိုးရိမ်မှုများရှိခဲ့သည်။ 


NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
www.pyaephyo.com

0 comments:

Post a Comment