♪ 6,020 mAh ဘက်ထရီပါဝင်တဲ့ M6S Plus စမတ်ဖုန်းသစ်ကို Gionee ပွဲထုတ်မိတ်ဆက် ♫


Gionee ဟာ M6S Plus လို့ခေါ်တဲ့ စမတ်ဖုန်းသစ် တစ်မျိုးကို မိတ်ဆက်ကြေညာ လိုက်ပါတယ်။ ဒီစမတ်ဖုန်းရဲ့ အထူးခြားဆုံး feature တစ်ခုကတော့ နှစ်ရက်ကြာ သုံးနိုင်မယ့် 6,020 mAh ဘက်ထရီ ပါဝင်လာခြင်း ဖြစ်ပါတယ်။

M6S Plus မှာ full HD resolution နဲ့သုံးနိုင်မယ့် ၆ လက်မ AMOLED screen ပါဝင်ပါတယ်။ Qualcomm ရဲ့ Snapdragon 653 chipset ကိုအသုံးပြုထားပြီး RAM က 6GB ဖြစ်ပါတယ်။ သိုလှောင်မှုပမာဏကိုတော့ 64GB နဲ့ 256GB ဆိုပြီး နှစ်မျိုးရနိုင်ပါတယ်။ MicroSD card slot ပါဝင်တဲ့အတွက် သိုလှောင်မှု ပမာဏကို နောက်ထပ် 128GB အထိ တိုးမြှင့်နိုင်ပါတယ်။

စမတ်ဖုန်းရဲ့ကျောဘက်မှာ 12MP ကင်မရာပါဝင်ပြီး selfie ကင်မရာက 8MP ဖြစ်ပါတယ်။ Fingerprint scanner ကိုတော့ ဖုန်းရဲ့ကျောဘက်ကင်မရာရဲ့အောက်ဘက်မှာ ထည့်သွင်းပေးထားပါတယ်။

Gionee M6S Plus ကို မေလ ၂ ရက်မှာ စတင်ရောင်းချမယ်လို့ သိရပါတယ်။ တန်ဖိုးက 64GB မော်ဒယ်အတွက် ၅၁၀ ဒေါ်လာဖြစ်ပြီး 256GB အတွက် ၆၂၅ ဒေါ်လာကျသင့်မှာ ဖြစ်ပါတယ်။




Credit to ==> Internet Journal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment