♪ Facebook Page တွေပေါ်မှာ ကိုယ့်ရဲ့ ပုံတွေကို စိတ်ဝင်စားအောင် ဘယ်လိုလုပ်ဆောင်ရမလဲ ♫


နေ့တိုင်းမှာ မိုဘိုင်းဖုန်း သုံးစွဲသူတွေဟာ Facebook ကို နေ့စဉ်သုံးစွဲနေကြတာ မလွဲပါဘူး။ ဒါကြောင့် Facebook သုံးစွဲသူ အများအပြားဟာ ကိုယ်ပိုင် Post တွေမှာ စာတွေ ၊ အကြောင်းအရာတွေနဲ့ ဓာတ်ပုံတွေကို တင်ကြပြီး မျှဝေကြမှာ နေ့စဉ်ပါပဲ။ အဲဒီထဲမှာမှ ဓာတ်ပုံတွေကို စိတ်ဝင်တစားတင်နေမယ့် သူတွေကလည်း မနည်းပါဘူး။ ဒါကြောင့် ကိုယ့်ရဲ့ Post မှာ ဓာတ်ပုံကောင်းတွေ၊ တင်နိုင်အောင်၊ မျှဝေထားတဲ့ ဓာတ်ပုံတွေက လာရောက်ကြည့်ရှု သူတွေကို ဖမ်းစားနိုင်အောင် ဖန်တီးကြရမှာပါ။ ကိုယ့်ရဲ့ Page မှာဆိုရင် ဓာတ်ပုံကောင်းတွေနဲ့ Page ကို လူအဝင်များဖို့ ကိုယ်တင်လိုက်တဲ့ Post တစ်ခုကို Engagement များဖို့အတွက် ဓာတ်ပုံကောင်းaတွကို ဘယ်လိုအချက်တွေ လိုက်နာပြီး တင်သင့်တယ်ဆိုတာကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
Mobile First အဖြစ် စဉ်စားပြီးတင်ပါ။

ကိုယ်က ဓာတ်ပုံတစ်ပုံ တင်တော့မယ်ဆိုရင် အရင်ဦးဆုံး ပုံကို အရင်လေ့လာရပါတယ်။ ဓာတ်ပုံမှာ အဓိကပြောပြခြင်းတဲ့ အကြောင်းအရာကို ရှင်လင်းပြတ်သားအောင် ရိုက်ထားရမှာဖြစ်ပြီး ဓာတ်ပုံရဲ့ အဓိက Subject ပေါ်မှာ စာတွေရေးထားတာမျိုး Sign တွေ ထိုးထားမျိုးတွေကို ရှောင်ကြဉ်ပြီး ကိုယ်ပြချင်တဲ့ ဓာတ်ပုံမှာ Clear ဖြစ်နေတာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ တကယ်လို့ ထည့်သွင်းချင်တယ်ဆိုရင် ဓာတ်ပုံရဲ့ ဘေးပတ်ဝန်းကျင်မှာ ထည့်သွင်းထားနိုင်ပါတယ်။ ဓာတ်ပုံတွေ အတော်များများကိုလည်း မိုဘိုင်းဖုန်းနဲ့ ကြည့်နိုင်တဲ့ အချိုးအစားမျိုးတွေ ရိုက်ကူးပြီး တင်တာက ကိုယ့်ရဲ့ Page ကိုလာကြည့်တဲ့ သူတွေကို ပိုမိုအဆင်ပြေစေပြီး Engagement များနိုင်ပါတယ်။
ရိုးရှင်းတဲ့ ဓာတ်ပုံတွေကို ဖော်ပြပါ။

ဓာတ်ပုံတွေမှာ ရိုးရှင်းနေမယ်ဆိုရင် ပိုပြီး ဆွဲဆောင်မှု ရှိတာကိုတွေ့ရပါတယ်။ ဓာတ်ပုံကို ပြင်ဆင်မယ်၊ အလင်းအမှောင် ချိန်မယ်ဆိုရင် သဘာဝထက် လွန်ဆန်ပြီး မပြုပြင်တာ အကောင်းဆုံးပါပဲ။ မိမိကအရောင်တွေက အရမ်းမိုက်တယ်လို့ ထင်ရပေမယ့် တခါတစ်လေမှာ အဲ့ဒီအရောင်တွေကပဲ ဓာတ်ပုံတစ်ပုံရဲ့ သဘာဝကျမှုကို ဖျက်ဆီးတတ်ပါတယ်။ ဓာတ်ပုံတစ်ပုံကို ရိုက်ကူးတဲ့အခါမှာ ကိုယ်ပြချင်တဲ့ အကြောင်းအရာက  အရမ်းကို အရေးကြီးပါတယ်။ ကိုယ်ပြချင်တဲ့ Subject နောက်မှာ အရှေ့က Subject ကို အထူးမပြုဘဲ ရှုပ်ယှက်ခတ်နေရင် ဓာတ်ပုံက ကြည့်ရတာ မပြည့်စုံသလို ခံစားရပါတယ်။ ဒါကြောင့် အချို့ရိုက်ကူးသူတွေကို ပြချင်တာကို သီးသန့်သပ်သပ်ဖယ်ပြီး ရိုက်ကူးကြပါတယ်။ ဒါကလည်း နည်းလမ်းကောင်း တစ်ခုဖြစ်ပါတယ်။
Rule of Third ကို လိုက်နာခြင်း

ဒါကတော့ ဖုန်းနဲ့ပဲရိုက် DSLR ကင်မရာတွေနဲ့ပဲရိုက်ရိုက် သိထားရမယ့် ဓာတ်ပုံပညာပဲ ဖြစ်ပါတယ်။ Rule Of Thirds နဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေဟာ အမြင်မှာ ထူးခြားမှုရှိပြီး ဗရမ်းဗတာ ဖြစ်နေတဲ့ ဓာတ်ပုံတစ်ပုံကို စည်းကမ်းတစ်ခု ထည့်သွင်းလိုက်သလို ခံစားရမှာ ဖြစ်ပါတယ်။ အချို့သော ဖုန်းကင်မရာတွေမှာ Grid Line တွေ ထည့်သွင်းပေးထားတဲ့အတွက် ဓာတ်ပုံရိုက်တဲ့ သူတွေ Rule Of Thirds ကို ချိန်ရိုက်လို့ရပါတယ်။ ဒါပေမဲ့ အချို့သော ဓာတ်ပုံကောင်းတွေက Rule Of Thirds နဲ့ မညီပေမယ့် ကြည့်ကောင်းနေတတ်တဲ့ ဓာတ်ပုံတွေလည်း ရှိတတ်ပါတယ်။ ဒါကတော့ ဓာတ်ပုံရိုက်သူရဲ့ လေ့လာအားအပေါ်မှာ မူတည်ခြင်း ဖြစ်ပါတယ်။ ပုံကောင်း အများစုကတော့ Rule Of Thirds အတိုင်းညီအောင် ရိုက်ကူးထားကြတာ များပါတယ်။
အနီးအဝေး Perspective ဓာတ်ပုံပညာကို ထည့်သွင်းအသုံးပြုပါ

ဓာတ်ပုံတစ်ပုံမှာ Perspective ကျနမှုကလည်း အရေးကြီးတဲ့ အကြောင်းအရာ တစ်ခုပဲဖြစ်ပါတယ်။ ရှေ့က Subject က ပိုမိုပြတ်သားစေ
ပြီး တဖြည်းဖြည်း ဝေးသွားတဲ့ နေရာတွေမှာ ဝေဝါသွားတာပဲဖြစ်ဖြစ် ရေပြင်ညီ မျဉ်းကြောင်းတွေပဲဖြစ်ဖြစ် Line တွေကိုပဲဖြစ်ဖြစ် ရိုက်ကူးတဲ့အခါမှာ Perspective ကျနစွာ ရိုက်ကူးထားခြင်းကလည်း Post ပေါ်တင်ထားတဲ့ ဓာတ်ပုံတစ်ပုံကို လူကြိုက်များဖို့ မလွဲပါဘူ။ အချို့ဓာတ်ပုံကောင်းတွေမှာ မျဉ်းကြောင်းတွေဟာ အလွန်အရေးပါတာကို တွေ့ရပါတယ်။ ပင်လယ်ပြင်ကြီးကို နောက်ခံထား ရိုက်ကူးတဲ့အခါမှာ ရေပြင်ညီမျဉ်းကြောင်းကြီးက အထူးအရေးကြီးပါတယ် အချို့သော တံတားတွေ ရိုက်ကူးတဲ့အခါမှာ မျဉ်းပြိုင်ဖြစ်နေတဲ့ တံတားဘောင်တွေ၊ ဓာတ်တိုင်တွေ၊ ဆိုင်းဘုတ်တွေ၊ စတာတွေကို ရိုက်ကူးတဲ့အခါမှာ မျဉ်းကြောင်းတွေအဖြစ် ပါဝင်နေတတ်ပါတယ်။
စိတ်ဝင်စားဖွယ် ပြင်ဆင်ရိုက်ကူးခြင်း

ဒီအချက်က အရမ်းကို အရေးကြီးစေပါတယ်။ ကိုယ့်ရဲ့ မျက်စိရှေ့မှာ အရမ်းကို လှပတဲ့ ရှုခင်းတစ်ခုကိုဖြစ်စေ၊ အရမ်းကို လှပတဲ့ မြို့တွင်းနေရာ၊ ထူးခြားတဲ့ ဖြစ်စဉ် စတာတွေကို တွေ့ပြီး ဓာတ်ပုံရိုက်ကူးတဲ့ အချိန်မှာ ကိုယ်က အရမ်းကောင်းတယ်ထင်ပြီး သူများကိုပြတဲ့အခါ သိပ်စိတ်ဝင်စားပုံ မပြတာကိုကြုံရမှာပါ။ ကိုယ့်ဓာတ်ပုံမှာ လိုအပ်ချက်တစ်ခု ရှိနေလို့ပဲ ဖြစ်ပါတယ်။ အဲ့ဒါက Main Subject လို့ခေါ်တဲ့ နောက်တစ်မျိုးက Point Of  Interest ဓာတ်ပုံတစ်ပုံရဲ့ အဓိက စိတ်ဝင်စားစရာကောင်းတဲ့ လူသော်လည်းကောင်း ပစ္စည်းအရာဝတ္ထု  သော်လည်းကောင်း ထည့်သွင်းရိုက်ကူးရခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ဓာတ်ပုံရိုက်သူ အနေနဲ့ ဓာတ်ပုံထဲမှာ ဓာတ်ပုံကြည့်သူတွေရဲ့ မျက်လုံးမှာ နောက်ဆုံးအာရုံကျမိမယ့် Subject တစ်ခုကို အလေးပေးရိုက်ကူးခြင်းဖြင့် ပြီးပြည့်စုံတဲ့ ပုံကောင်းတစ်ပုံကို ရရှိမှာဖြစ်ပါတယ်။
Focus ကို သေချာချိန်ရွယ်ခြင်း

မိုဘိုင်းဖုန်းနဲ့ ကင်မရာ ရိုက်ကူးတဲ့အခါမှာ အချို့က Focus ကို သေချာမချိန်ရွယ်ဘဲ Shutter ခလုတ်ကို နှိပ်တတ်ကြပါတယ်။ အဲဒီအခါမှာ ဓာတ်ပုံတွေက ဝေဝါးပြီး ပုံတွေ မကောင်းတတ်တာကို တွေရပါတယ်။ အချို့ ဖုန်းတွေက Shutter စနစ်မကောင်းတော့တဲ့ အခါမှာလည်း Focus ကို အနှောင့်အယှက်ဖြစ်စေပြီး ၀ါးနေတဲ့ပုံတွေကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် ဓာတ်ပုံတစ်ပုံကို ရိုက်ကူးတော့မယ်ဆိုရင် မိုဘိုင်းဖုန်း Screen ပေါ်မှာ မိမိရိုက်လိုတဲ့ Subject ကို သေချာလက်နဲ့ထောက် ချိန်ရွယ်ပြီးမှ ပြတ်သားကြောင်း Screen မှ ပြသတော့မှ ရိုက်ကူးသင့်ပါတယ်။ ဒါအပြင် အချို့သော ဖုန်းတွေမှာ Subject ကိုပဲ ထင်ရှားပြီး နောက် Background ကို ဝါးစေအောင် ရိုက်ကူးတဲ့ Function များပါဝင်သလို မပါဝင်တဲ့ ဖုန်းတွေအတွက် App တွေနဲ့ သုံးစွဲပြီးလည်း ရိုက်ကူးနိုင်ပါတယ်။ ဒါက Focus ကို ပိုင်နိုင်အောင် ရိုက်ကူးနိုင်တဲ့ သူတွေအတွက် Potrate နည်းပညာတွေပဲ ဖြစ်ပါတယ်။
အလင်းအမှောင်ကောင်းတဲ့ ဓာတ်ပုံတွေက ပုံထွက်ကောင်းခြင်း

ဖုန်းနဲ့ရိုက်တဲ့ အချို့ဓာတ်ပုံတွေမှာ မှောင်လွန်းခြင်း လင်းလွန်းခြင်း ဖြစ်တာကို ကြုံကြရပါတယ်။ အဲဒါတွေဟာ Exposure ရဲ့ အကြောင်း
ကိုမသိဘဲ အမှုမဲ့ရိုက်ကူး မိခြင်းကြောင့် ဖြစ်ရတဲ့ ပြဿနာတွေပဲ ဖြစ်ပါတယ်။ အချို့သော ဖုန်းတွေမှာ Exposure ကို ချိန်ညှိနိုင်ဖို့ Focus ရဲ့ ဘေးနားမှာ အတင်အချလုပ်တဲ့ စနစ်လေး ထည့်ပေးထားပါတယ်။ အချို့ဖုန်းတွေကတော့ Focus ထောက်လိုက်တာနဲ့ အလိုအလျောက် ချိန်ညှိပေးတဲ့ စနစ်ကိုထည့်ပေး ထားပါတယ်။ Selfie ရိုက်တဲ့အခါမှာ မျက်နှာကမည်းနေလို့ Focus ထောက်လိုက်ရင် မျက်နှာက လင်းသွားပြီးနောက် Background က အရမ်းကို လင်းသွားတာ ဖြစ်ဖူးကြမယ်လို့ ထင်ပါတယ်။ အဲလိုပဲ အခြား Landscape ဓာတ်ပုံတွေ ရိုက်တဲ့အခါမှာလည်း မှောင်လို့ဆိုပြီးတင်ရင် ဘေးနားက အလင်းတွေက ပိုပြီးလင်းသွားတာကို သတိပြုကြရမှာပါ။ အချို့သော ဖုန်းတွေမှာနောက်ပိုင်း Manual Mode တွေ ပါဝင်လာတဲ့အတွက် Exposure ပြဿနာတွေကို ဖြေရှင်းနိုင်ပေမယ့် အချို့ဖုန်းတွေမှာ မပါဝင်တာကြောင့် အခုလို အလင်းအမှောင် ပြဿနာတွေကို သတိထား ရိုက်ကူးသင့်ပါတယ်။
အရောင်တွေကို အကောင်းဆုံး ချိန်ညှိနိုင်ခြင်း

Facebook ပေါ်တင်ဖို့အတွက်နဲ့ လူကြိုက်များဖို့ အတွက်ကတော့ ဓာတ်ပုံဟာ အရောင်အသွေး လှလှပပနဲ့ ဖြစ်နေရင် ပိုပြီးစိတ်ဝင်စားကြပါတယ်။ အဲလို အရောင်ကောင်းကောင်း ဖြစ်ဖို့အတွက်ကတော့ မိုဘိုင်းဖုန်းထဲမှာ Edit လုပ်တဲ့ အခါ Satuation ကို ကောင်းကောင်း ကစားနိုင်ဖို့ လိုပါတယ်။ အချို့ မိုဘိုင်းဖုန်း Photo edting app တွေထဲမှာ အရောင်နဲ့ပတ်သပ်ပြီး ချိန်ညှိနိုင်တဲ့ စနစ်ကောင်းတွေ ပါဝင်တာကိုတွေ့ရပါတယ်။ ကိုယ့်ရဲ့ ဓာတ်ပုံဟာ အေးမြစေတဲ့ ဓာတ်ပုံတစ်ပုံဖြစ်ချင်ရင် အေးမြတဲ့
ပုံဖြစ်အောင် ဖန်တီးနိုင်ပြီး အရောင်ရင့်ရင့်တွေနဲ့ ခပ်ဟော့ဟော့ဖြစ်တဲ့ ပုံတွေဆိုရင်တော့ အရောင်တောက်သွားတဲ့ ဓာတ်ပုံတွေအဖြစ်ကို Editing tool တွေထဲမှာ ဖန်တီးနိုင်ပါတယ်။



Credit to ==> Internet Journal



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
www.pyaephyo.com

0 comments:

Post a Comment