♪ “Samsung Galaxy C9 Pro” Price - 714,000 Ks ♫

Image may contain: phone

ပျော်ပွဲရွှင်ပွဲအချိန်များ နီးကပ်လာသည့်အချိန်တွင် သက်ဆိုင်ရာစမတ်ဖုန်း ရောင်းချသော ကုမ္ပဏီများဟာ လျှော့ဈေးများ ဖြင့် ဟန်းဆက်များကိုရောင်းချ ပေးသလို လက်ဆောင်ပစ္စည်းများစွာကိုလည်းပေးအပ် ကြပါတယ်။ နာမည်ကြီး အမှတ်တံဆိပ် များဟာ အခုအခါတွင် လက်ဆောင်ပစ္စည်းများဖြင့် အရောင်း မြှင့်တင်ခြင်း များပြုလုပ်နေကြပြီး ထိုအထဲတွင် Samsung တံဆိပ်လည်း ပါဝင်ပါတယ်။

Samsung ဟာ ၂၀၁၇ အတွက် ဟန်းဆက်ကောင်းများစွာ ကိုထုတ်လုပ်ပေးထားပြီး ထိုအထဲတွင် မျက်နှာ ပြင်အရွယ်အစားကြီးမားသော ဟန်းဆက်တစ်မျိုးလည်းပါဝင်ပါတယ်။ ထိုဖုန်းကတော့ Galaxy C9 Pro ဖြစ်ပြီး ဖုန်းရဲ့အရွယ် အစားပမာဏကတော့ 162.9x80.7x6.9 mm ဖြစ်ကာ အလေးချိန်ကတော့ 189g ရှိပါတယ်။ ဆင်းကတ်နှစ်ကတ်ထည့်သွင်း အသုံးပြုနိုင်မယ့် ဖုန်းအမျိုးအစားဖြစ်ကာ ထည့်သွင်းရမယ့်ဆင်းကတ်အရွယ် အစားကတော့ Nano SIM ပါ။ ဖုန်းမျက်နှာပြင် အတွက် Super AMOLED capacitive touchscreen ကိုသုံးစွဲပေးထားပြီး ဖုန်းမျက်နှာပြင် အကျယ်အ၀န်း ဟာ 6 inches ဖြစ်ပါတယ်။ မြင်ကွင်းစွမ်းရည်အတွက် ထောက်ပံ့ပေးထား သော pixels ပမာဏ ကတော့ 1080x1920 ဖြစ်ပြီး၊ တစ်လက်မမှာ ရှိမယ့် pixel ပမာဏသိပ်သည်းဆကတော့ 367ppi ပါ။

ကင်မရာပိုင်းစွမ်းရည်ကောင်းမွန်သောဖုန်းတစ်လုံးလည်းဖြစ်ပါတယ်။ ဖုန်းရဲ့အရှေ့အနောက်ကင်မရာနှစ်မျိုးစလုံးဟာ တူညီသောစွမ်းရည်ရှိပါ တယ်။ 16MP, f/1.9 ကင်မရာဖြင့် ရိုက်ကူးသောအခါ တွင် လှပသောပုံများကို ရရှိမှာဖြစ်သောကြောင့် ဓာတ်ပုံရိုက်ဝါသနာပါသူများ အဆင်ပြေစေပါလိမ့် မယ်။ Dual LED, Dual Tone Flash, Face Detection, Panorama, HDR စသော ကင်မရာဆက်စပ်ပတ်သက်စနစ်များကို ထည့်သွင်းပေးထားပါတယ်။ ဗီဒီယိုရိုက်ကူးနိုင်မယ့်စွမ်းရည်မှာ 1080p ဖြစ်ပြီး၊ နှုန်းမှာတစ်စက္ကန့်ကို 30frames ပါ။ Activie Noise Cancellation with dedicated mic စနစ်လည်း ပါရှိပါတယ်။ လက်ဗွေရာစနစ်အသုံးပြုနိုင်မယ့် ဖုန်းဖြစ်သောကြောင့် အချက် အလက်လုံခြုံရေးအပိုင်း ကို ခေတ်မီစနစ်ဖြင့် ကာကွယ်နိုင်မှာဖြစ်ပါတယ်။ အသုံးပြုနိုင်မယ့် OS အမျိုးအစားကတော့ Marshmallow ပါ။


ထည့်သွင်းပေး ထားသော Chipset ကတော့ Qualcomm MSM 8976 Snapdragon 653 ဖြစ်ပြီး၊ CPU စွမ်းရည်ဟာ Octa-core (4x1.95GHz Cortex A72 & 4x1.4GHz Cortex A53) ဖြစ်ပါတယ်။ GPU ကတော့ Adreno 510 ပါ။ မှတ်ဥာဏ်ပမာဏအပိုင်းတွင် မြင့်မားသောစွမ်းရည်များကို ထည့်သွင်း ပေးထား ပါတယ်။ RAM အတွက် 6GB ကိုထည့်သွင်းပေးထားခြင်းကြောင့် ဈေးကွက် အတွင်းရှိ အခြားသောဖုန်းများထက် ပိုမိုသာလွန်ကောင်းမွန် ပါတယ်။ Internal Storage အတွက် 64GB ကိုထည့်သွင်း ပေးထားပါတယ်။ အားသွင်းအသုံးပြုရမယ့် ဘက်ထရီအမျိုးအစားကတော့ 4000mAh ပါ။


<Specifications>

Network - GSM/HSPA/LTE
Processor - Octa Core
Screen - 6 inches
Camera - 16 MP
Bluetooth - v4.2
Storage - 64 GB
OS - Android OS, v6.0.1
Contact - 01-381035

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment