♪ " Asus Zenfone 3 (ZE552KL) " Price - 399,000 Ks ♫

Image may contain: 1 person, phone

Asus Zenfone 3 ZE552KL ကို 2016 ခုနှစ်၊ သြဂုတ်လလောက်က ထုတ်လုပ်ခဲ့ပြီး ဈေးကွက်ထဲမှာ အခုထိ လူသုံးများနေဆဲပါပဲ။ ဒီဇိုင်းပုံစံ လှပသေသပ်ပြီး ထည့်သွင်းပေးထားတဲ့ features တွေနဲ့ specs တွေကလည်း အလွန်သုံးစွဲလို့ ကောင်းတာကို တွေ့ရပါတယ်။ ကိုယ်ထည်ကို Glass ၊ သတ္တုတို့နဲ့ အချိုးကျကျ ပေါင်းစပ်တည်ဆောက်ပေးထားလို့ သစ်လွင်တောက်ပပြီး အကြမ်းလည်း ခံပါတယ်။ ပါးလွှာတဲ့ကိုယ်ထည်ကို ခိုင်ခံ့အောင် သတ္တုဘောင်ကွပ်ထားပြီး နောက်ကျောဘက်ကို ပိုမိုအကြမ်းခံအောင် Corning Gorilla Glass back panel နဲ့ တည်ဆောက်ပေးထားပါတယ်။ 

ဘေးဘောင် bezel ကို ကျဉ်းပေးထားလို့ မျက်နှာပြင်ကျယ်ကျယ် အသုံးပြုနိုင်ပြီး ဒီဇိုင်းလေးကိုလည်း ပိုမိုခေတ်မီ ဆန်းသစ်သွားစေပါတယ်။ ဖုန်းအရွယ်အစားက 152.6 x 77.4 x 7.7 mm ရှိပြီး 155g အလေးချိန် လေးပါတယ်။ GSM, HSPA နဲ့ LTE networks တွေကို ထောက်ပံ့ပေးထားပြီး Nano SIM card 1 ကတ်နဲ့ Micro SIM card 1 ကတ်ကို တစ်ပြိုင်နက်တည်း ထည့်သုံးနိုင်တဲ့ Dual SIM စနစ် ပါရှိပါတယ်။ မျက်နှာပြင်အကျယ် 5 လက်မခွဲရှိတဲ့ Super IPS+ Capacitive touchscreen display ကို သုံးထားလို့ 1080 x 1920 pixels ရှိတဲ့ မြင်ကွင်းတွေကို ပြသပေးနိုင်ပြီး ၁ လက်မမှာ ~401 ppi pixels သိပ်သည်းဆပမာဏကို ပေးစွမ်းနိုင်ပါတယ်။


600nits brightness က နေရောင်ခြည်အောက်မှာလည်း ဖုန်းမျက်နှာပြင်ကို ကြည်လင်ပြတ်သားစွာ မြင်နိုင်စေပါတယ်။ ဒါ့အပြင် မျက်နှာပြင်ပေါ်မှာ လက်ချောင်း 10 ချောင်းအထိ တစ်ပြိုင်နက်တည်း ထိန်းချုပ်သုံးစွဲနိုင်တဲ့ multitouch စနစ်ပါရှိပြီး မျက်နှာပြင်ကို အကြမ်းခံနိုင်အောင် Corning Gorilla Glass 3 နဲ့ ထပ်မံဖုံးအုပ် ကာကွယ်ပေးထားပါသေးတယ်။ အထဲမှာ Android 6.0.1 (Marshmallow) ကို အခြေခံထားတဲ့ Asus ZenUI 3.0 user interface ကို သုံးစွဲထားပါတယ်။ ၄င်း OS ကို Android 7.0 (Nougat) အထိ ထပ်မံအဆင့်မြှင့် တင်နိုင်ပါသေးတယ်။


ကင်မရာစွမ်းရည်မှာလည်း အထူးကောင်းမွန်ပြီး PixelMaster 3.0 က ဖုန်းရဲ့ကင်မရာစွမ်းရည်ကို မြှင့်တင်ပေးနိုင်ပါတယ်။ ၄င်း PixelMaster 3.0 စနစ်ထဲမှာ 16MP camera, Sony IMX298 Sensor, six-element Largan lens နဲ့ f/2.0 aperture စနစ်တွေ ထည့်သွင်းထားလို့ သဘာဝကျလှပတဲ့ ဓာတ်ပုံကောင်းတွေနဲ့ 30fps မှာ 2160p အရည်အသွေးရှိတဲ့ ဗီဒီယိုတွေကို ရိုက်ယူနိုင်ပါတယ်။ 


ဒါ့အပြင် Subject-Tracking TriTech Auto-Focus စနစ်က 0.03 seconds အတွင်းမှာ ပုံရိပ်တွေကို အလိုအလျောက် focus ဖြတ်ပေးနိုင်တာကို တွေ့ရပါတယ်။ အရှေ့ကင်မရာကလည်း 8MP, f/2.0 aperture စွမ်းအားကို ထောက်ပံ့ပေးထားပြီး ကြည်လင်ပြတ်သားတဲ့ selfie ဓာတ်ပုံတွေနဲ့ Full HD ဗီဒီယိုတွေကို ရိုက်ကူးပေးနိုင်မှာပါ။ ဒါ့အပြင် အကုန်လုံးကို Sapphire Glass နဲ့ ဖုံးအုပ်ကာကွယ်ပေးထားလို့ အစင်းရာ အခြစ်ရာတွေကိုလည်း အလွယ်တကူ မဖြစ်စေနိုင်ပါဘူး။


ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကိုလည်း ပုံရိပ်လှုပ်ရှားမှုတွေနဲ့ လက်မငြိမ်မှုတွေကြောင့် ဖြစ်တတ်တဲ့ ဓာတ်ပုံဝေဝါးမှုတွေကို မဖြစ်အောင် Optical Image Stabilization စနစ်လည်း ပါရှိပါသေးတယ်။ သီချင်းတွေ၊ ဗီဒီယိုတွေ၊ ဂိမ်းတွေ၊ Apps တွေ စတဲ့ Data တွေကို သိမ်းဆည်းဖို့ကတော့ Internal memory 64G, RAM 4GB ပါရှိတဲ့အပြင် micro SD card ရဲ့ အထောက်အပံ့ကို 256GB အထိ ရယူနိုင်ပါတယ်။ ဒီပမာဏက သီချင်းတွေနဲ့ ဓာတ်ပုံတွေ ထောင်ပေါင်းများစွာကို သိမ်းဆည်းပေးထားနိုင်မှာပါ။


ဖုန်းတစ်လုံးရဲ့ အရေးပါဆုံး အစိတ်အပိုင်းဖြစ်တဲ့ စက်စွမ်းဆောင်ရည်ပိုင်းကိုလည်း Qualcomm MSM8953 Snapdragon 625 chipset နဲ့ Octa-core 2.0 GHz Cortex-A53 processor တို့က ဟန်ချက်ညီညီ ပူးပေါင်းလုပ်ဆောင်ပေးထားပါတယ်။ လျင်မြန်တဲ့ စက်စွမ်းရည်တွေနဲ့ လိုက်ဖက်ညီတဲ့ ရုပ်ထွက်တွေ ရရှိအောင်လည်း Adreno 506 GPU ကို ထည့်သွင်းထားပါသေးတယ်။ ဒါကြောင့် စက်လုပ်ဆောင်နိုင်စွမ်းတွေက အထူးကောင်းမွန်ပါတယ်။ ရွေးချယ်ဝယ်ယူနိုင်တဲ့ အရောင်တွေကတော့ လှပခံ့ညားတဲ့ ရွှေရောင်၊ အမည်းရောင်နဲ့ အဖြူရောင်တို့ပဲ ဖြစ်ပါတယ်။

* Battery Life *

Zenfone 3 ရဲ့ ဘက်ထရီးစွမ်းအားပိုင်းကို Non-removable Li-Ion 3000 mAh battery က ပံ့ပိုးပေးထားလို့ နာရီပေါင်းများစွာ အသုံးပြုနိုင်ပါတယ်။ ဖုန်းအားသွင်းတာလည်း အလွန်လျင်မြန်ပြီး 5 မိနစ်လောက် အားသွင်းရုံနဲ့ 2 နာရီခန့် ဖုန်းပြောနိုင်ပါတယ်။

* Design *

ဖုန်းဒီဇိုင်းပုံစံက ပါးလွှာကျစ်လျစ်ပြီး အလေးချိန်နဲ့ အရွယ်အစားက ကိုင်တွယ်သုံးစွဲလို့ တော်တော်ကောင်းပါတယ်။ ဖုန်းအကြမ်းခံနိုင် စွမ်းရည်မြင့်မားပြီး အစင်းရာ အခြစ်ရာတွေကိုလည်း အလွယ်တကူမဖြစ်အောင် ကာကွယ်ထားပါတယ်။ အရည်အသွေးမြင့် Fingerprint sensor ကိုတော့ အနောက်ဘက်မှာ တပ်ဆင်ပေးထားတာကို တွေ့ရပါတယ်။

* Processor *

Zenfone 3 မှာ RAM 4GB ပါရှိတဲ့ Qualcomm MSM8953 Snapdragon 625 Octa-core 2.0 GHz Cortex-A53 processor နဲ့ Adreno 506 GPU တို့က လျင်မြန်တိကျတဲ့ ဖုန်းလုပ်ဆောင်ချက်တွေကို ထောက်ပံ့ထားလို့ နောက်ဆုံးပေါ်ဂိမ်းတွေ၊ Apps တွေကို အဆင်ပြေပြေ သုံးစွဲနိုင်ပြီး ဘက်ထရီစားလည်း သက်သာပါတယ်။

* Display and Camera *

5.5-inch အကျယ်ရှိတဲ့ မျက်နှာပြင်ကို Super IPS+ capacitive touchscreen display အမျိုးအစားနဲ့ ပြုလုပ်ပေးထားပြီး full HD မြင်ကွင်းတွေကို ကြည်လင်ပြတ်သားစွာ တွေ့မြင်နိုင်ပါတယ်။ 16MP ရှိတဲ့ အနောက်ကင်မရာနဲ့ 8MP ရှိတဲ့ အရှေ့ကင်မရာက အရည်အသွေးမြင့်မားတဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို ရိုက်ယူနိုင်ပါတယ်။

* Verdict *

Asus Zenfone 3 မှာ ထောက်ပံ့ပေးထားတဲ့ specs တွေနဲ့ features တွေက အခုချိန်ထိ တန်းဝင်အဆင့်မှာရှိနေပြီး ဖုန်းလိုင်းဆွဲအားနဲ့ အင်တာနက်လိုင်းဆွဲအားလည်း လျင်မြန်ကောင်းမွန်မှုရှိတာကို တွေ့ရပါတယ်။ ဒါကြောင့် ဈေးကွက်ထဲမှာ လူသုံးများတဲ့ ဖုန်းတစ်လုံးအဖြစ် ရပ်တည်နေဆဲပဲ ဖြစ်ပါတယ်။

Specification
» Network : 2G, 3G, 4G (Dual SIM)
» Weight : 155 g
» Display : 5.5", Super IPS + capacitive touchscreen
» Dimensions : 152.6 x 77.4 x 7.7 mm
» Memory : 64GB, 4GB RAM, microSD card up to 256GB
» Camera : 16MP, Front : 8MP, dual-LED (dual tone) flash,
laser/phase detection autofocus, OIS (4-axis), HDR,
Geo-tagging, touch focus, face detection, panorama
» Connectivity : GPS, WLAN, Bluetooth 4.2, Type-C 1.0
» OS : Android OS 6.0.1 (Marshmallow)
» Chipset : Qualcomm MSM8953 Snapdragon 625
» GPU : Adreno 506
» Protection : Corning Gorilla Glass, Asus ZenUI 3.0

Contact Phone - 01-391789 (UNiQUE)



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
www.pyaephyo.com

0 comments:

Post a Comment