♪ 22.6MP Rear Camera ပါတဲ့ စွမ်းဆောင်ရည်မြင့် Sharp Aquos R Smartphone ♫

https://i1.wp.com/digitaltimes.com.mm/wp-content/uploads/2017/04/Sharp-Aquos-R-5.jpg?fit=800%2C450&ssl=1

Sharp က စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းကို မိတ်ဆက်ခြင်း မရှိတာ အချိန်ကြာခဲ့ပါပြီ။ အခုတာ့ ကုမ္ပဏီက စွမ်းဆောင်ရည်မြင့် Aquos R Smartphone အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ Sharp Aquos R မှာ မကြာခင်က မိတ်ဆက်ခဲ့တဲ့ Sony Xperia XZ Premium , Samsung Galaxy S8 တို့မှာ ထည့်သွင်းထားတဲ့ Qualcomm ရဲ့ နောက်ဆုံးထုတ် စွမ်းဆောင်ရည်မြင့် Snapdragon 835 Chipset ကို အသုံးပြုထားပါတယ်။

Aquos R မှာ ၅.၃ လက်မ QHD Display တပ်ဆင်ထားပြီး HDR 10 ကို အထောက်အပံ့ပေးပါတယ်။ IGZO Display ဟာ ရုပ်ထွက်များ ပိုမို တိကျစေဖို့အတွက် ပိုမိုမြင့်မားတဲ့ Refresh Rate ကို အသုံးပြုပါတယ်။ ဒီနေ့ခေတ် စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများမှာလို Aquos R မှာ အနောက် ကင်မရာ ၂ လုံး တပ်ဆင်ထားခြင်း မရှိပါဘူး။ သူ့မှာ 22.6MP Rear Camera တစ်လုံးသာ တပ်ဆင်ထားပေမယ့် အရည်အသွေးမြင့်မားပါတယ်။ ကင်မရာရဲ့ အလင်းဝင်ပေါက်မှာ f/1.9 ဖြစ်ပြီး ၉၀ ဒီဂရီ မြင်ကွင်းကျယ် ကင်မရာ ဖြစ်ပါတယ်။ ကင်မရာမှာ OIS လည်း ပါပါတယ်။ အရှေ့ဘက်မှ 16MP Selfie Camera ကလည်း အရည်အသွေးမြင့် ကိုယ်တိုင်ရိုက် ဓါတ်ပုံများကို ထုတ်လုပ်ပေးမှာပါ။

သူ့မှာ 3160mAh Battery တပ်ဆင်ထားပြီး လျှင်မြန်စွာ အားသွင်းနိုင်တဲ့ Quick Charge 3.0 Adapter ပါပါတယ်။ ဒေတာကူးပြောင်းခြင်းနဲ့ အားသွင်းခြင်းများကို လျှင်မြန်စေတဲ့ USB-C Port ကို အောက်ခြေမှာ တပ်ဆင်ထားပါတယ်။ Sharp ရဲ့ EMOP လို့ ခေါ်တဲ့ ဥာဏ်ရည်တု နည်းပညာ ထည့်သွင်းပေးထားပါတယ်။ ဈေးနှုန်းကို မသိရသေးပါဘူး။




Credit to ==> DigitalTimes.com.mm





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment