♪ အမေရိကန် သမိုင်းမှာ အချိန်အကြာဆုံး ထောင်ဒဏ်ကျခံရမယ့် ဟက်ကာ ♫

https://i2.wp.com/digitaltimes.com.mm/wp-content/uploads/2017/04/Seleznev.2.jpg?fit=800%2C450&ssl=1

ရုရှား ဟက်ကာ Roman Seleznev ကို အမေရိကန်က ထောင်ဒဏ် ၂၇ နှစ် ချမှတ်လိုက်ပါတယ်။ သူဟာ Point-of-Sale Computers များကို ဟက်ခြင်းဖြင့် ဒေါ်လာ ၁၆၉ သန်းကျော် ဆုံးရှုံးစေခဲ့အတွက် ပြစ်ဒဏ်ကျခံရတာ ဖြစ်ပါတယ်။

သူရဲ့ ဟက်ကာ အမည်ကတော့ Track2 ဖြစ်ပြီး စီးပွားရေးလုပ်ငန်းငယ်များနဲ့ ငွေကြေး အဖွဲ့အစည်းကြီးများ ပိုင်ဆိုင်တဲ့ ကွန်ပြူတာများကို ဟက်ခဲ့တာ ဖြစ်ပါတယ်။ သူ့ကို ၂၀၁၄ ခုနှစ်မှာ မော်လ်ဒိုက်တွင် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ဖမ်းမိစဉ်မှာ ခရက်ဒစ်ကဒ် နံပါတ်ပေါင်း ၁.၇ သန်းကျော်ပါတဲ့ လက်တော့တစ်လုံးကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် သြဂုတ်လ တရားစစ်ဆေးမှု အပြီးမှာ ငွေကြေးလိမ်လည်မှုနဲ့ ကွန်ပြူတာများကို ရည်ရွယ်ချက်ရှိရှိ ပျက်ဆီးစေခြင်းများ အပါအ၀င် အမှုပေါင်း ၃၈ ခုကို ကျူးလွန်ခဲ့တယ်ဆိုတာ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

အစိုးရ ရှေ့နေများက သူ့ကို ထောင်ဒဏ် အနှစ် ၃၀ ချမှတ်ဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ သူဟာ ခရက်ဒစ်ကဒ် ဒေတာများ ခိုးယူတဲ့ ဈေးကွက်ကို ကြီးထွားစေခဲ့တဲ့ အဓိက လူတစ်ယောက် ဖြစ်သလို Point-of-Sale Terminals များကို အများဆုံး ဟက်ခဲ့တဲ့ ဟက်ကာ ဖြစ်ပါတယ်။

အမေရိကန် ရှေ့နေ တစ်ဦး ဖြစ်သူ Annette Hayes က “ ဒီနေ့ကတော့ ကမ္ဘာအ၀န်းမှ ဟက်ကာများအတွက် အဆိုးဆုံး နေ့ ဖြစ်ပါတယ်။ အင်တာနက်ဟာ ဟက်ကာများအတွက် လူမသိအောင် ခိုးယူလို့ ရတဲ့ နေရာဖြစ်ပေမယ့် တစ်ချိန်ကျရင်တော့ ရာဇ၀တ်ဘေး ပြေးမလွတ်ဘူးဆိုတာ သိစေချင်ပါတယ်။ ကျွန်တော်တို့ဟာ အင်တာနက်မှ သူခိုးများကို ဖမ်းဆီးအရေးယူနိုင်ဖို့အတွက် ကမ္ဘာအ၀န်းမှ တရားဥပဒေ စိုးမိုးရေး အာဏာပိုင်များနဲ့ ပူးပေါင်း လုပ်ဆောင်နေပါတယ်။ “ လို့ ပြောပါတယ်။




Credit to ==> DigitalTimes.com.mm





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment