♪ " 12MP Rear Camera ၂ လုံးပါတဲ့ Xiaomi Mi 6 " ♫

No automatic alt text available.

Xiaomi က စွမ်းဆောင်ရည်မြင့် Mi 6 ကို ဘေဂျင်းမှာ မိတ်ဆက်လိုက်ပါတယ်။ Qualcomm ရဲ့ နောက်ဆုံးထုတ် စွမ်းဆောင်ရည်မြင့် 2.45GHz Snapdragon 835 Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။ 6GB RAM, Adreno 540 GPU တပ်ဆင်ထားပါတယ်။

XiaomiMi 6 မှာ ၅.၁၅ လက်မ Full HD Display တပ်ဆင်ထားပြီး 600 nits Brightness ကိုပံ့ပိုးပေးပါတယ်။ ထူးခြားတာက လက်ဗွေရာအာရုံခံကိရိယာကို အရှေ့ဘက် ဖန်မျက်နှာပြင်ရဲ့အောက်မှာ မြှပ်နှံထားတာ ဖြစ်ပါတယ်။ 64GB နဲ့ 128GB Internal Storage Model များကို ထုတ်လုပ်ပေးထားပါတယ်။ သတ္တုကိုယ်ထည် တပ်ဆင်ထားပြီး ထောင့်စွန်းလေးခုကို ကွေးညွှတ်အောင် ပြုလုပ်ထားပါတယ်။

Mi 6 မှာ 3.5mm Headphone Jack ကို ဖယ်ရှားထားပြီး စတီရီယိုစပီကာများကို တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 12MP Camera ၂ လုံးကို ပူးတွဲတပ်ဆင်ထားပြီး Apple iPhone 7 Plus မှာလို တစ်လုံးမှာ မြင်ကွင်းကျယ်ဖြစ်ပြီး နောက်တစ်လုံးမှာ Telephoto Lenses ဖြစ်ပါတယ်။ ကင်မရာများက Optical Zoom ကို ၂ ဆ ဆွဲပေးနိုင်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။ ဒါ့အပြင် ဓာတ်ပုံများ Blur ဖြစ်ခြင်းကို ကာကွယ်ပေးနိုင်တဲ့ 4-Axis Stabilization ပါ,ပါတယ်။

Mi 6 မှာ 3350mAh Battery တပ်ဆင်ထားပြီး ယခင်မျိုးဆက်ထက် စွမ်းအင်အသုံးပြုမှု ၂၅ ရာခိုင်နှုန်း နည်းပါးပါတယ်။ Mi Pay ကိုသုံးနိုင်မယ့် NFC ပါရှိပြီး တရုတ်မှ ဘဏ် ၃၆ နဲ့ သဘောတူညီမှု ရထားပါတယ်။ Mi Pay အပြင် AliPay, WeChat စတဲ့ မိုဘိုင်းငွေပေးချေမှုစနစ်များကိုလည်း သုံးနိုင်ပါတယ်။

64GB Model ကို ၃၆၀ ဒေါ်လာဖြင့် ရောင်းချမှာဖြစ်ပြီး မြန်မာငွေ ၄၈၀,၀၀၀ ခန့် ကျသင့်ပါတယ်။ 128GB Model ကတော့ ၄၂၀ ဒေါ်လာတန်ကြေးရှိပြီး မြန်မာငွေ ၅၆၀,၀၀၀ ခန့် ကျသင့်မှာပါ။ အထူးထုတ် Ceramic Version ကိုတော့ ၄၃၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။



Mobile Guide Journal (Every Monday)
www.facebook.com/officialmobileguidejournal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment