♪ " Galaxy S8 ရဲ့ Iris Scanner ဖြင့် ငွေပေးချေမှုများ ပြုလုပ်နိုင်မည် " ♫

Image may contain: phone and text

Samsung Galaxy S8 နဲ့ S8 Plus တို့မှာ ပါတဲ့ Iris Scanner ကနေ မိုဘိုင်းငွေပေးချေမှုများကို ပြုလုပ်နိုင်မှာ ဖြစ်တယ်လို့ တောင်ကိုရီးယားမှ သတင်းအရင်းအမြစ်များက ပြောကြပါတယ်။ အဲဒီ ၀န်ဆောင်မှုကို Samsung Card Co., မှ Credit Card များနဲ့ တွဲဖက်အသုံးပြုရမှာ ဖြစ်ပါတယ်။

Shinhan , Woori နဲ့ Hana အပါအ၀င် အခြားကုမ္ပဏီများကလည်း ဒီဝန်ဆောင်မှုကို ပြုလုပ်ပေးမယ်လို့ ကြေညာထားပါတယ်။ တောင်ကိုရီးယား ပြင်ပမှာလည်း ငွေပေးချေမှုများအတွက် S8 ရဲ့ Biometric Authentication ကို အသုံးပြုနိုင်ပါတယ်။ S8 ရဲ့ Iris Scanner ကို Samsung Pay မှာ အသုံးပြုနိုင်ပါတယ်။

Galaxy Note 7 ဟာ Iris Scanner ပါလာတဲ့ ပထမဆုံး Samsung Smartphone ဖြစ်ပါတယ်။ ဒါပေမဲ့ Galaxy Note 7 ရဲ့ Iris Scanner ကနေ ငွေပေးချေမှုများ ပြုလုပ်နိုင်တဲ့ ၀န်ဆောင်မှုကို ပံ့ပိုးပေးနိုင်ခြင်း မရှိသေးခင်မှာ ဘက်ထရီမီးလောင်မှု ပြဿနာများကြောင့် ကုမ္ပဏီက Galaxy Note 7 စမတ်ဖုန်းများကို ပြန်လည်သိမ်းယူ ခဲ့ရပါတယ်။


Samsung Card နဲ့ အခြားကုမ္ပဏီများက Galaxy S8 ရဲ့ Iris Scanner ကို အသုံးပြုမယ်ဆိုရင်တော့ တောင်ကိုရီးယားရဲ့ အွန်လိုင်း Banking စနစ်ဟာ ပိုမိုအဆင်ပြေလာမှာ ဖြစ်ပါတယ်။


Mobile Guide Journal (Every Monday)
www.facebook.com/officialmobileguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment