♪ " စောင့်မျှော်နေကြသော Xiaomi Mi 6 အား တရားဝင်ကြေညာ " ♫

Image may contain: phone

Xiaomi မှ Mi 6 အား တရားဝင်ကြေညာပေးခဲ့ပြီးဖြစ်ပြီး ထိပ်တန်းအဆင့် စမတ်ဖုန်းပီပီ နောက်ဆုံးပေါ် Snapdragon 835 chipset ကို သုံးစွဲခဲ့ကာ ကျောဘက်တွင် ကင်မရာနှစ်ခု ပါဝင်ခဲ့ကြောင်းသိရသည်။ Xiaomi သည် Mi 6 တွင် တည်ဆောက်မှုနှင့် ဒီဇိုင်းအရည်အသွေးကို အဓိကရင်းနှီး မြှုပ်နှံခဲ့ကြောင်း တွေ့ကြရသည်။ Mi 6 တွင် ရှေ့နှင့် နောက်ဖက်တွင် curved glass ကို သုံးထားပြီး ကြားထဲတွင် စတီးလ်ဘောင်နှင့်ဖြစ်ကာ ၁၂ ရက်ကြာ၍ processes ပေါင်း ၄၀ ကိုသုံးကာ အရောင်တင်ထားကြောင်း ဆိုသည်။

Xiaomi မှ Aligned Design Concep အရ SIM , အင်တာနာလိုင်းတို့အား ပုံစံချထားပုံကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။ Mi Mix 18 K ကဲ့သို့ပင် ကြွေသားနှင့် 18 K ရွှေကွပ်ထားသော exclusive version ကိုလည်း ရနိုင်မည်ဟုသိရသည်။ ကျောဘက်ကင်မရာနှစ်ခုနှင့် dual camera ပုံစံဖန်တီးခဲ့ပြီး ဖုန်းနှင့်တစ်သားတည်းရှိကြောင်း တွေ့ရသည်။ 12 MP ကင်မရာနှစ်ခုဖြစ်ကာ တစ်ခုမှာ မြင်ကွင်း ကျယ်ဖြစ်ကာ ကျန်တစ်ခုမှာ tele ဖြစ်၍ iPhone 7 Plus မှ ကင်မရာပုံစံမျိုးဖြစ်၍ Portrait Mode မှာသာ ပါဝင်ခဲ့သည်။ 4 axis optical stabilization ဖြင့် wide angle 12 MP camera ကို တည်ငြိမ်စေရန် ထိန်းသိမ်းပေး ထားသည်။

Snapdragon 835 chip အား RAM 6 GB ဖြင့် ထောက်ပံ့ပေးထားပြီး storage မှာ 64 GB (သို့) 128 GB ပါဝင်မည်ဖြစ်သည်။ Screen မှာ 5.15” ဖြစ်ပြီး Full HD 1080 p resolution ဖြစ်သည်။ 3.5 mm headphone jack မပါဝင်တော့သော်လည်း စတီရီယိုစပီကာကို ထည့်သွင်းပေးထားပြီး ရေနှင့်ပက်မိသည့်ဒဏ်ကို ခံနိုင်မည်ဟု သိရသည်။

အရွယ်အစားနှင့် ယှဉ်ပါက ကြီးမားသော 3350 mAh ဘက်ထရီပါဝင်ပြီး fingerprint scanner အား ရှေ့ဘက် home ခလုတ်တွင် ထည့်သွင်းပေးထားသည်။ Xiaomi Mi 6 အား ဧပြီ 28 တွင် CNY 2499 ($360) ဖြင့် 64 GB version အား စတင်ရောင်းချပေးမည်ဖြစ်သည်။ Ceramic version မှာမူ CNY 2899 ($ 435) ဖြစ်သည်။ 


NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment