♪ ဘက်ထရီ 4000 mAh နဲ့ ထွက်ရှိလာတဲ့ Huawei Enjoy 7 Plus ဗားရှင်းအသစ် ♫

https://i0.wp.com/digitaltimes.com.mm/wp-content/uploads/2017/04/Huawei-Enjoy-7-Plus-840x472.jpg?fit=800%2C450&ssl=1

ဧပြီ ၁၀ ရက်နေ့ မှာ RAM 3GB နဲ့ ထုတ်လုပ်ခဲ့တဲ့ Huawei Enjoy 7 Plus ဟာ အခုနောက်ဆုံးမှာတော့ RAM 4GB နဲ့ အသစ်ထွက်ရှိလာမယ် လို့ ဆိုပါတယ်။

ဒါပေမယ့် ဟွာဝေး ရဲ့ အသစ်ထွက်ရှိလာတဲ့ Version အသစ် ဟာ RAM နဲ့ Storage ကလွဲပြီး ကျန်တာ ကွာခြားသွားခြင်း မရှိဘူး လို့ လည်း သိရပါတယ်။ Android 7.0 Nougat နဲ့ EMuI 5.1 ကို သုံးစွဲထားတဲ့ Enjoy 7 Plus ဟာ ၅.၅ လက်မ မျက်နှာပြင် အရွယ် ရှိပြီး 720 Display ရှိမှာ ဖြစ်ပြီး Snapdragon 435 နဲ့ အလုပ်လုပ်ဆောင်သွားမှာ ဖြစ်တယ် လို့ ဆိုပါတယ်။

Version ၂ မျိုးစလုံး ဟာ ကင်မရာအမျိုးအစား အတူတူပဲ ဖြစ်ပါတယ်။ 12 Mp Back Camera နဲ့ 8MP Front ကင်မရာ ပါရှိမှာ ဖြစ်ပြီး ဟွာဝေး ရဲ့ နာမည်ကျော် fingerprint ဆင်ဆာ ကိုလည်း ထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်။ battery ကတော့ 4000 mAh ရှိတဲ့အတွက် Video Playback တွေကို ဖွင့်မယ်ဆိုရင် နာရီပေါင်း ၂၀ တိတိ အသုံးစွဲခံနိုင်မယ် လို့ ဆိုပါတယ်။

ဘော်ငွေရောင် ၊ မီးခိုးရောင် ၊ ပန်းရောင် ၊ အပြာသွေး၊ အနက်ရောင် နဲ့ ရွှေအိုရောင်အနုသွေး တွေကို ထုတ်လုပ်ပေးထားပြီး ဟွာဝေးကိုလည်း ချစ်ကြိုက်ပြီး ငွေကုန်ကြေးကျလည်း သက်သာစေနိုင်မယ့် Budget Phone တစ်လုံးအဖြစ် ထုတ်လုပ်ထားတယ် လို့ သိရပါတယ်။




Credit to ==> DigitalTimes.com.mm







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment