Samsung
, Apple နဲ့ စမတ်ဖုန်း ကုမ္ပဏီများဟာ ဒီနှစ်ထဲမှာ Fingerprint Sensor ကို
မျက်နှာပြင်အောက်မှာ မြှုပ်နှံထားတဲ့ စမတ်ဖုန်းများကို
ထုတ်လုပ်ရောင်းချမယ်လို့ လများစွာ အကြာ ကတည်းက သတင်းတွေ ထွက်ပေါ်နေခဲ့တာ
ဖြစ်ပါတယ်။
ဒါပေမယ့် မကြာခင်က မိတ်ဆက်ခဲ့တဲ့ Galaxy S8 Phone များမှာ ဒီလို တပ်ဆင်ထားနိုင်ခြင်း မရှိတဲ့အတွက် နောက်ထုတ်မယ့် Note 8 မှာ ပါလာမယ်လို့ ခန့်မှန်းနေကြပါတယ်။ Apple ကလည်း ဒီနှစ်ထဲမှာ မိတ်ဆက်မယ့် ၁၀ နှစ်ပြည့် အထူးထုတ် iPhone 8 သို့မဟုတ် iPhone X မှာ ဒီလို ပြုလုပ်ပေးမယ်လို့ သတင်းများ ပေါက်ကြားနေပါတယ်။
ဒါပေမယ့် တရုတ်မှ လာတဲ့ သတင်းသာ မှန်မယ်ဆိုရင် Vivo ဟာ Samsung နဲ့ Apple တို့ကို နောက်ကောက်ချနိုင်တော့မှာပါ ။
Vivo ဟာ လက်ဗွေရာ အာရုံခံ ကိရိယာကို မျက်နှာပြင်အောက်မှာ မြှုပ်နှံထားတဲ့
နမူနာ ဖုန်းကို အောင်မြင်စွာ ထုတ်လုပ်နိုင်ပြီလို့ သိရပါတယ်။ ဗီဒီယို
တစ်ခုကနေ Screenshot ဖမ်းထားတဲ့ ဓါတ်ပုံမှာ ဖုန်းရဲ့ မျက်နှာပြင်မှာ
လက်ဗွေရာ အာရုံခံဖို့ နေရာကို ညွှန်ပြထားတာကို တွေ့ရပါတယ်။
တရုတ်မှ စမတ်ဖုန်း ကျွမ်းကျင်သူ တစ်ဦးက Vivo က ဇွန်လ ၂၈ ရက် နေ့မှာ အဲဒီဖုန်းကို မိတ်ဆက်မှာ ဖြစ်ပြီး လက်ဗွေရာ အာရုံခံ ကိရိယာကို မျက်နှာပြင်အောက်မှာ အောင်မြင်စွာ မြှုပ်နှံနိုင်တဲ့ ပထမဆုံး ဖုန်းဖြစ်လာ မယ်လို့ ပြောပါတယ်။
Mobile Guide Journal (Every Monday)
https://www.facebook.com/ officialmobileguidejournal
ဒါပေမယ့် မကြာခင်က မိတ်ဆက်ခဲ့တဲ့ Galaxy S8 Phone များမှာ ဒီလို တပ်ဆင်ထားနိုင်ခြင်း မရှိတဲ့အတွက် နောက်ထုတ်မယ့် Note 8 မှာ ပါလာမယ်လို့ ခန့်မှန်းနေကြပါတယ်။ Apple ကလည်း ဒီနှစ်ထဲမှာ မိတ်ဆက်မယ့် ၁၀ နှစ်ပြည့် အထူးထုတ် iPhone 8 သို့မဟုတ် iPhone X မှာ ဒီလို ပြုလုပ်ပေးမယ်လို့ သတင်းများ ပေါက်ကြားနေပါတယ်။
ဒါပေမယ့် တရုတ်မှ လာတဲ့ သတင်းသာ မှန်မယ်ဆိုရင် Vivo ဟာ Samsung နဲ့ Apple တို့ကို နောက်ကောက်ချနိုင်တော့မှာပါ
တရုတ်မှ စမတ်ဖုန်း ကျွမ်းကျင်သူ တစ်ဦးက Vivo က ဇွန်လ ၂၈ ရက် နေ့မှာ အဲဒီဖုန်းကို မိတ်ဆက်မှာ ဖြစ်ပြီး လက်ဗွေရာ အာရုံခံ ကိရိယာကို မျက်နှာပြင်အောက်မှာ အောင်မြင်စွာ မြှုပ်နှံနိုင်တဲ့ ပထမဆုံး ဖုန်းဖြစ်လာ မယ်လို့ ပြောပါတယ်။
Mobile Guide Journal (Every Monday)
https://www.facebook.com/
0 comments:
Post a Comment