Huawei အနေနဲ့ Honor 9 ကို မနေ့က တရားဝင်မိတ်ဆက်ခဲ့ပြီး မိတ်ဆက်ပြီးလို့
နောက်နေ့မကူးခင်မှာတင် registrations (၃)သိန်းခွဲ လက်ခံရရှိခဲ့တယ်လို့
သိရပါတယ်။
ဒီနေရာမှာ registration နဲ့ pre-order ကို ရောမသွားဖို့အတွက် သတိပြုစေချင်ပါတယ်။ Registration ဆိုတာ စိတ်ဝင်စားကြောင်း ဖော်ပြမှုသက်သက်သာဖြစ်ပြီး ဒီအတွက် ငွေကြေးကုန်ကျခြင်းမရှိသလို ဖုန်းကို ကြိုတင်မှာ ယူတာမျိုးလည်းမဟုတ်ပါဘူး။
ဒီစမတ်ဖုန်းကို ဇွန်လ (၁၆) ရက်နေ့ (လာမည့် သောကြာနေ့) မှာစတင်ရောင်းချမှာဖြစ်ပြီး 64GB model ကို ဒေါ်လာ(၄၀၀) နဲ့ 128GB model ကို ဒေါ်လာ(၄၄၀) အသီးသီးကြသင့်မှာဖြစ်တယ်လို့သိရပါတယ်။

Honor 9 ရဲ့ Specs တွေကတော့
- 15 inches Full HD , LTPS IPS LCD
- Android 7.0 (Nougat) , EMUI 5.1
- HiSilicon Kirin 960 chipset , Octa-core(4×2.4GHz Cortex-A73 & 4×1.8GHz Cortex-A53)
- Mali-G71 MP8 GPU
- 64GB , 4/6 GB RAM
- 128GB , 6GB RAM
- Dual 20MP + 12MP back camera , 8MP selfie camera
- Fingerprint (front-mounted)
- USB type-C
- Li-Po 3200 mAh battery
Credit to ==> DigitalTimes.com.mm
0 comments:
Post a Comment