♪ “အနောက် ကင်မရာ ၂ လုံးပါတဲ့ ZTE Nubia Z17 Mini” ♫

Image may contain: phone

ZTE Nubia Z17 Mini ကိုကုမ္ပဏီက တရားဝင် မိတ်ဆက်လိုက်ပြီး အနောက်ဘက်မှာ 13MP Camera ၂ လုံးတပ်ဆင်ထားပါတယ်။ တစ်လုံးမှာ Monochrome နဲ့ နောက်တစ်လုံးမှာ Color Sensor ဖြစ်ပါတယ်။ အရှေ့ဘက် မှာ 16MP Camera ပါရှိပြီး ၈၀ ဒီဂရီ မြင်ကွင်းကျယ် ပုံရိပ်များကိုဖမ်းယူ ပေးနိုင်ပါတယ်။

စမတ်ဖုန်းမှာ ၅.၂ လက်မ Full HD Display တပ်ဆင်ထားပြီးတစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၄၂၄ ဖြစ်ပါတယ်။ မော်ဒယ် ၂ မျိုးထုတ်လုပ်ပေးထားပြီး Snapdragon 652 Chip / 4GB RAM နဲ့ Snapdragon 653 Chip/ 6GB RAM တို့ ဖြစ်ကြပါတယ်။ မော်ဒယ် ၂ မျိုးစလုံးမှာ 64GB Internal Storage ထည့်သွင်းထားပါတယ်။ microSD Card စိုက်နိုင်ပါတယ်။ Dual SIM Phone ဖြစ်ပေမယ့် microSD Card ကို SIM Slot တစ်ခုနဲ့ မျှဝေ အသုံးပြုရမှာ ဖြစ်ပါ တယ်။

4GB RAM Model ကို ၂၄၇ ဒေါ်လာနဲ့ 6GB RAM Model ကို ၂၉၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ တရုတ်မှာဧပြီလ ၁၂ ရက်နေ့တွင်စတင် ရောင်းချပေး မှာ ဖြစ်ပြီးအနက်၊ ရွှေနဲ့ အနီရောင်များ ထုတ်လုပ်ပေးထားပါတယ်။ 



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment