♪ “Huawei က တန်ဖိုးနည်း Y5 2017 ကိုရောင်းချ” ♫

Image may contain: 2 people, phone

Huawei က တန်ဖိုးနည်းစမတ်ဖုန်းများကြောင့် နာမည်ကြီးပါတယ်။ အခုလည်း Huawei Y5 2017 ကိုမိတ်ဆက်လိုက်ပါတယ်။ စွမ်းဆောင်ရည်နိမ့် စမတ်ဖုန်း ဖြစ်တဲ့အတွက် Huawei က တရားဝင် ကြေညာခြင်းမရှိပေမယ့် သူ့ရဲ့ ၀က်ဆိုက်မှာ ရောင်းချပေးလိုက်ပါတယ်။

စွမ်းဆောင်ရည်နိမ့်တဲ့အတွက် တန်ဖိုးနည်းမှာ ဖြစ်ပေမယ့် ဈေးနှုန်းကိုတော့ ကုမ္ပဏီကကြေညာထားခြင်း မရှိသေးပါဘူး။ Huawei Y5 2017 မှာ Android 6.0 Marshmallow ကို EMUI 4.1 နဲ့ ပေါင်းစပ်ထားပါတယ်။ Android Nougat ကိုနောက်ပိုင်းမှာအဆင့်မြှင့်ပေးမယ်လို့ မျှော်လင့်ရပါတယ်။

Y5 2017 မှာ 1.4GHz Quad-Core MediaTek MT6737T Processor မောင်းနှင်ထားပါတယ်။ 2GB RAM, 16GB Internal Storage တပ်ဆင် ထားပါတယ်။ ၅ လက်မ HD Display ပါရှိပါတယ်။ တန်ဖိုးနည်းပြီးစွမ်းရည်နိမ့် ပေမယ့် ဒီဇိုင်းကလှပပါတယ်။ ၈.၄၅ မီလီမီတာသာအထူရှိပြီးအကွက်များနဲ့ လိုင်းများပါတဲ့ ကိုယ်ထည်ကစွဲဆောင်မှု ရှိပါတယ်။

အနောက်ဘက်မှာ 8 Megapixel Camera နဲ့ အရှေ့ဘက်မှာ 5 Megapixel Camera တပ်ဆင်ထားပါတယ်။ အရှေ့ဘက် ကင်မရာက Group Selfie များရိုက်ကူးဖို့အတွက် ကောင်းမွန်တဲ့ မြင်ကွင်းကျယ် ကင်မရာ ဖြစ်ပါတယ်။ 3000mAh Battery ပါရှိပြီး ၁ ရက်ခွဲအသုံးခံပါတယ်။ 



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment