YouTube မှာ Tutorial Video များ၊ Music Video များ၊ Movie Trailers
များ အပါအ၀င် ဗီဒီယိုများစွာကို ကြည့်ရှုနိုင်ပါတယ်။ အခုတော့ TV
လိုင်းများကိုပါ ကြည့်ရှုနိုင်ပါပြီ။ YouTube TV ၀န်ဆောင်မှုကို တစ်လလျှင် ၃၅
ဒေါ်လာဖြင့် ကြည့်ရှုနိုင်မှာ ဖြစ်ပြီး ရုပ်သံလိုင်းပေါင်း ၄၀ ကျော်ကို
ကြည့်ရှုနိုင်ပါတယ်။
YouTube TV ဟာ Sling TV, Direc TV Now , PlayStation Vue တို့လို ၀န်ဆောင်မှုများကို ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ YouTube TV App ကို Android နဲ့ iOS တို့အတွက် ထုတ်လုပ်ပေးထားပါတယ်။ YouTube TV ကို အမေရိကန်ပြည်ထောင်စုရဲ့ New York, San Francisco Bay Area , Los Angeles , Chicago နဲ့ Philadelphia စတဲ့ ပြည်နယ် ၅ ခုမှာ အသုံးပြုနိုင်ပါပြီ။ YouTube က ရက်ပေါင်း ၃၀ အခမဲ့ စမ်းသပ် အသုံးပြုခွင့်ပေး ထားပါတယ်။
YouTube TV မှာ ABC, NBC , CBS , The CW နဲ့ Fox တို့ရဲ့ ရုပ်သံလိုင်းများကို ကြည့်ရှုနိုင်မှာပါ။ ရုပ်သံလိုင်း များထဲမှာ ESPN, ESPN2, ESPNU, ESPNews, SEC Network, Disney Channel, Disney Junior, Disney XD, Freeform, Bravo, Chiller, CNBC, E!, Golf Channel, MSNBC, NBCSN, Oxygen, Sprout, Syfy, Universal HD, USA, Comcast Regional Sports Networks, NECN, CBS Sports Network, FS1, FS2, BTN, FX, FXX, FXM, Nat Geo, Nat Geo Wild, Fox News, Fox Business နဲ့ Fox Regional Sports Networks တို့ ပါဝင်ပါတယ်။
နောက်ပိုင်းမှာ ရုပ်သံလိုင်း ၁၀ ခုကို ထပ်မံ ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။ ဒတ်စတော့နဲ့ လက်တော့များမှာ YouTube TV ကို tv.youtube.com ကနေ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Credit to ==>> DigitalTimes.com.mm
0 comments:
Post a Comment