♪ “Asus က ကမ္ဘာ့ အပါးလွှာဆုံးTablet,Laptop နှစ်မျိုးသုံးကွန်ပျူတာကို ပြသ” ♫

Image may contain: phone

Asus က Computex 2017 မှာZenBook Flip S ကိုမိတ်ဆက်လိုက်ပါ တယ်။ ကွန်ပျူတာဟာတက်ဘလက် ၊ လက်တော့ နှစ်မျိုးသုံးထဲတွင် ကမ္ဘာမှာ အပါးလွှာဆုံး ဖြစ်လာပါတယ်။ ZenBook Flip S ဟာ ၁၀.၉ မီလီမီတာအထူရှိပြီး Apple MacBook ဟာ ၁၇ မီလီမီတာအထူရှိပါတယ်။ AsusZenBook Flip S မှာ ၁၃.၃ လက်မထိတွေ့ မျက်နှာပြင် တပ်ဆင် ထားပြီးမျက်နှာပြင်ကို ၃၆၀ ဒီဂရီခေါက်ချိုးအသုံးပြုနိုင်တဲ့အတွက် လက်တော့လိုပါ သုံးနိုင်ပါတယ်။ ၁.၁ ကီလိုဂရမ် အလေးချိန်သာရှိပြီး Apple MacBook ထက် ပေါ့ပါးပါတယ်။

Asus ZenBook Flip S ကို ၁၀၉၉ ဒေါ်လာသတ်မှတ်ထားပါတယ်။ လက်တော့မှာလက်ဗွေရာအာရုံခံကိရိယာတပ်ဆင်ထားပြီးမျက်နှာပြင်မှာ 4K Display ဖြစ်ပါတယ်။ USB-C Port နှစ်ခုတပ်ဆင်ထားပြီးဒေတာ ကူးပြောင်းခြင်းနဲ့ အားသွင်းခြင်းများ ပြုလုပ်ရင် လျင်မြန်ပါတယ်။

Asus က ပွဲမှာအခြားလက်တော့ လေးလုံးကိုလည်း ပြသခဲ့ပါတယ်။ ZenBook 3 Deluxe ,ZenBook Pro , VivoBook S နဲ့ VivoBook Pro တို့ ဖြစ်ပါတယ်။ VivoBook S ကတော့ ဈေးအသက်သာဆုံး ဖြစ်ပြီး ၄၉၉ ဒေါ်လာ ဖြစ်ပါတယ်။ 



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment