OnePlus
2 စမတ်ဖုန်းမှာ Android 7.0 Nougat ရရှိမှာမဟုတ်ဘူးလို့ OnePlus
ကုမ္ပဏီကအတည်ပြု ပြောကြားလိုက်ပါတယ်။ ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်မှာ OnePlus 2
မှာနောက်လာမယ့် ဗားရှင်း update
မရနိုင်ပေမယ့် တစ်ခြား၂၀၁၅ မှာထွက်ရှိခဲ့တဲ့ flagship စမတ်ဖုန်းတွေကတော့
Nougat ရရှိလိမ့်မယ်လို့ ကတိပေးထားပါတယ်။
OnePlus ရဲ့ ပြောရေးဆိုခွင့်ရှိသူက " ဒီအကြောင်းနဲ့ ပတ်သက်ပြီး မကြာခင်မှာပဲ customer service ကနေ သုံးစွဲသူတွေဆီ တရားဝင်ပြောကြားပါလိမ့်မယ်။ OnePlus 3 နဲ့ OnePlus 3T ကတော့ မကြာခင်ပဲ Android O ရရှိလာပါလိမ့်မယ်" လို့ ပြောပါတယ်။
OnePlus 2 မှာ Android Nougat မရရှိတဲ့ အကြောင်းရင်းတစ်ခုက အဲဒီအချိန်မှာဆော့ဖ်ဝဲထုတ်ကုန်ဌာနသီးသန့်မရှိခဲ့ဘဲကုမ္ပ ဏီရဲ့ ကိုယ်ပိုင်အန်းဒရိုက် ဗားရှင်းတွေကိုဦးတည်ခဲ့တာေ ကြာင့်လို့
သိရပါတယ်။အခုချိန်မှာ OnePlus က သူ့ရဲ့ ကိုယ်ပိုင် OS ဖြစ်တဲ့ Oxygen OS
ကို စနစ်တကျ ပြုလုပ်နိုင်နေပြီဖြစ်ပြီး Android အဆင့်မြှင့်တိုင်း Oxygen
OS လိုက်မြှင့်နိုင်ဖို့လည်းမျှော်လင့်ရပါတယ်။
ဒီဖြစ်ရပ်ပေါ်မှာသတိထားစရာ ဖြစ်လာတာကကုမ္ပဏီတွေအနေနဲ့ မူလပေးထားတဲ့ ကတိအတိုင်း Android version တိုးမြှင့်မှုကို လုပ်ဆောင်ပေးမယ်လို့ တရားသေသတ်မှတ်လို့မရတာပါပဲ။ အန်းဒရိုက်ဖုန်း တစ်လုံး ဝယ်ယူပြီဆိုရင် ဘယ်အချိန်မှာ version update မရနိုင်တော့ဘူးလဲဆိုတာကိုပဲ နားစွင့်ထား ရတော့မှာပါ။
သံစဉ်ချို
NetGuide Journal (Every Wednesday)
https://www.facebook.com/ officialnetguidejournal
OnePlus ရဲ့ ပြောရေးဆိုခွင့်ရှိသူက " ဒီအကြောင်းနဲ့ ပတ်သက်ပြီး မကြာခင်မှာပဲ customer service ကနေ သုံးစွဲသူတွေဆီ တရားဝင်ပြောကြားပါလိမ့်မယ်။
OnePlus 2 မှာ Android Nougat မရရှိတဲ့ အကြောင်းရင်းတစ်ခုက အဲဒီအချိန်မှာဆော့ဖ်ဝဲထုတ်က
ဒီဖြစ်ရပ်ပေါ်မှာသတိထားစရာ ဖြစ်လာတာကကုမ္ပဏီတွေအနေနဲ့ မူလပေးထားတဲ့ ကတိအတိုင်း Android version တိုးမြှင့်မှုကို လုပ်ဆောင်ပေးမယ်လို့ တရားသေသတ်မှတ်လို့မရတာပါပဲ။
သံစဉ်ချို
NetGuide Journal (Every Wednesday)
https://www.facebook.com/
0 comments:
Post a Comment