ဖုန်းတွေမှာ second display ပါဝင်လာတယ်ဆိုတာ အသစ်အဆန်းတော့မဟုတ်ပါဘူး။
LG နဲ့ HTC က ၄င်းတို့ ဖုန်းတွေရဲ့ ထိပ်ဘက်မှာ second diplay ကို
ထည့်သွင်းပေးခဲ့ဖူးပါတယ်။
အခုထွက်ပေါ်လာတဲ့ သတင်းတစ်ခုအရ Meizu ရဲ့ နောက်ထွက်မယ့် Pro 7 စမတ်ဖုန်းရဲ့ ကျောဘက်မှာ second display ပါဝင်လာနိုင်ချေရှိတယ်လို့ သိရပါတယ်။
ဒီသတင်းသာအမှန်ဖြစ်ခဲ့မယ်ဆိုရင်တော့ Meizu Pro 7 ဟာ ကျောဘက်မှာ second display ပါဝင်တဲ့ ပထမဦးဆုံး စမတ်ဖုန်းဖြစ်လာမှာဖြစ်ပြီး ကျောဘက်မှာ ပါဝင်လာခြင်းရဲ့ အားသာချက်အရ အချိန် နဲ့ Notifiction တွေကို ဖုန်းရဲ့ ကျောဘက်မှာတင် တွေ့မြင်နိုင်မှာဖြစ်ပါတယ်။
အားနည်းချက်တွေအနေနဲ့ကလည်း ကိုင်တွယ်အသုံးပြုတဲ့အခါနဲ့ Cover တပ်ဆင်တဲ့အခါ အခက်အခဲတွေ့နိုင်လို့ ရူးကြောင်ကြောင် idea တစ်ခုဖြစ်တယ်တယ်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

Credit to ==>> DigitalTimes.com.mm
0 comments:
Post a Comment