♪ “iPhone 7 နဲ့ iPhone 7 Plus ရဲ့ Passcode ကို Hack နိုင်တဲ့ ကိရိယာ” ♫

Image may contain: phone

Apple ရဲ့ Device များဟာလုံခြုံရေးအပိုင်းမှာစွမ်းရည်မြင့်မားကြပါတယ်။ ဒါပေမယ့် ဟက်ကာများရဲ့ လက်ကနေ Apple ရဲ့ Device များဟာ ရှောင်ကွင်းနိုင်ခြင်းမရှိပါဘူး။ နာမည်ကြီး YouTube Channel တစ်ခု ဖြစ်တဲ့ Everything Apple Pro က iPhone 7 နဲ့ iPhone 7 Plus စမတ်ဖုန်းများရဲ့ Passcode ကိုဟက်နိုင်တဲ့ ကိရိယာငယ်တစ်ခုရဲ့ ဗီဒီယိုကို ပြသလိုက်ပါတယ်။

အဲဒီကိရိယာဟာ iOS 10.3.3 နဲ့ 11 Beta အတွင်းမှ iOS Versions များထည့်သွင်းထားတဲ့ iPhone 7 နဲ့ iPhone 7 Plus တို့ရဲ့ Passcode များကိုတွက်ချက်ပေးနိုင်ပါတယ်။ Passcode ရဲ့ ရှုပ်ထွေးမှုအပေါ် မူတည်၍ ကိရိယာဟာဖုန်းတစ်လုံးကိုဟက်ဖို့ ရက်အနည်းငယ်လိုအပ် ပါတယ်။

သူက Brute-Force Attack ကိုအသုံးပြု၍ Passcode ကိုရှာဖွေခြင်း ဖြစ်ပါတယ်။ သူ့မှာ USB Port ၃ ခုတပ်ဆင်ထားတဲ့အတွက် စမတ်ဖုန်း သုံးလုံးကိုတစ်ပြိုင်နက် ဟက်နိုင်ပါတယ်။ EverythingApplePro က ကိရိယာကိုတီထွင်သူများဟာ Password များကိုအကြိမ်ပေါင်းများစွာ ခန့်မှန်းနိုင်အောင် ဖုန်းရဲ့ Data Recovery State မှ လုံခြုံရေး ဟာကွက်ကိုအသုံးချထားတယ်လို့ ပြောပါတယ်။ ကိရိယာရဲ့ တန်ကြေး ဟာဒေါ်လာ ၅၀၀ လောက်သာရှိပါတယ်။




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com



0 comments:

Post a Comment