♪ ၆.၃ လက်မ Infinity Display တပ်ဆင်ထားတဲ့ Samsung Galaxy Note 8 ကို ကြေညာပြီ ♫


Samsung က ၆.၃ လက်မ Infinity Display တပ်ဆင်ထားတဲ့ Galaxy Note 8 ကို မိတ်ဆက်လိုက်ပါတယ်။ QHD+ Resolution ပါတဲ့ Super AMOLED အမျိုးအစား စကရင် ဖြစ်ပါတယ်။ Note 8 နဲ့ S Pen တို့ဟာ ရေစိုခံပါတယ်။ S Pen ကနေရေးသားထားတဲ့ စာများ၊ ပုံများကို ပေးပို့နိုင်တဲ့ Live Message စွမ်းဆောင်ချက်လည်း ပါပါတယ်။

Note 8 ရဲ့ အနောက်ဘက်မှာ 12MP Camera ၂ လုံး တပ်ဆင်ထားပြီး ၂ လုံးစလုံးမှာ Optical Image Stabilization နည်းပညာပါပါတယ်။ ကင်မရာများမှာ Background Blur ကို ဓါတ်ပုံ မရိုက်ခင်မှာ ချိန်ညှိနိုင်တဲ့ Live Focus စွမ်းဆောင်ချက် ပါပါတယ်။ App တစ်ခုကို ပွားသုံးနိုင်တဲ့ စွမ်းဆောင်ချက်လည်း ပါပါတယ်။ 6GB RAM ထည့်သွင်းထားပြီး နိုင်ငံအပေါ် မူတည်၍ Snapdragon 835 နဲ့ Exynos 8895 Chipset များ ထည့်သွင်းရောင်းချမှာ ဖြစ်ပါတယ်။

Android 7.1 Nougat မောင်းနှင်ပြီး Samsung ရဲ့ Bixby ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် ထည့်သွင်းထားပါတယ်။ Note 8 ဟာ Gear VR နဲ့ DeX Workstations များကိုလည်း ထောက်ပံ့ပါတယ်။ Cat. 16 LTE နဲ့ WiFi 802.11ac MIMO များကို ထောက်ပံ့ပါတယ်။ 3300mAh Battery ထည့်သွင်းထားပြီး ကြိုးမဲ့အားသွင်းစနစ်ပါပါတယ်။ USB-C Port တပ်ဆင်ထားပါတယ်။ စက်တင်ဘာလ ၁၅ ရက်နေ့မှာ စတင် ရောင်းချပေးမှာ ဖြစ်ပါတယ်။ အမေရိကန်မှာ ၉၃၀ ဒေါ်လာဖြင့် ရောင်းချပေးမှာပါ။




Credit to ==> Digital Times





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com



0 comments:

Post a Comment