♪ Samsung Galaxy Note 4 ဘက်ထရီများ အပူလွန်ကဲမှုကြောင့် ပြန်လည် သိမ်းယူ ♫


Samsung Galaxy Note Series အတွက်တော့ သတင်းဆိုးတစ်ခု ထပ်မံထွက်ပေါ်လာပါတယ်။ အဲဒါကတော့ မီးလောင်မှုကို ဖြစ်စေနိုင်တဲ့ အပူလွန်ကဲမှုများကြောင့် Galaxy Note 4 အလုံးရေ ၁၀ ၀၀၀ ကျော်ကို ပြန်လည် သိမ်းယူလိုက်ပါတယ်။

ယခု Note 4 ရဲ့ ပြဿနာဟာ Note 7 နဲ့ ကွဲပြားပါတယ်။ Note 7 ဟာ ဒီဇိုင်း အားနည်းချက်ကြောင့် ဖုန်းအားလုံးကို ပြန်လည် သိမ်းယူခံရခြင်း ဖြစ်ပါတယ်။ Note 4 ပြဿနာကတော့ Note 7 နဲ့ ကွဲပြားပြီး Samsung ရဲ့ အမှား ဖြစ်ပုံ မပေါ်ပါဘူး။

FedEx Supply Chain က ကိုင်တွယ်ပြီး AT&T ရဲ့ Insurance Program ကနေ ပြင်ဆင် မွမ်းမံ၍ ရောင်းချပေး လိုက်တဲ့ အလုံးများမှာသာ ဒီပြဿနာ ဖြစ်ပေါ်တာပါ။ အဲဒီ ပြင်ဆင်မွမ်းမံထားတဲ့ စမတ်ဖုန်းများ ထဲမှ အချို့မှာ အပူလွန်ကဲခြင်းကို ဖြစ်စေတဲ့ အပြစ်ပါတဲ့ ဘက်ထရီများ ပါရှိခြင်း ဖြစ်ပါတယ်။

ကံကောင်းတာက Note 4 ရဲ့ ဘက်ထရီဟာ ဖြုတ်လဲနိုင်တဲ့အတွက် ပြဿနာ ကြီးမားမှာ မဟုတ်ပါဘူး။ ပိုင်ရှင်များ ကိုယ်တိုင်တောင် ဘက်ထရီ အသစ်ကို ၀ယ်ယူထည့်သွင်းနိုင်ပါတယ်။ FedEx က လက်ရှိမှာ အစားထိုး ဘက်ထရီများကို ပေးပို့ပေးနေပါတယ်။ Samsung က ဒီပြဿနာဟာ FedEx ကြောင့်လို့ ပြောပါတယ်။ အပြစ်ပါတဲ့ Note 4 ဘက်ထရီများကို Samsung က ထုတ်လုပ်ခဲ့တာ မဟုတ်ပါဘူး။

Note 4 ကို ထုတ်လုပ်ရောင်းချပေးခဲ့တာ ၃ နှစ်လောက်ရှိပြီ ဖြစ်ပေမယ့် ယခု ပြဿနာ ဖြစ်တဲ့ ဖုန်းများကိုတော့ ၂၀၁၆ ဒီဇင်ဘာလနဲ့ ၂၀၁၇ ဧပြီလများအတွင်းမှာ ရောင်းချပေးခဲ့ခြင်း ဖြစ်ပါတယ်။




Credit to ==> DigitalTimes.com.mm






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com



0 comments:

Post a Comment