♪ Android 8.0 Oreo ကို ကြေညာပြီ ♫


Google က နောက်မျိုးဆက် Android OS ရဲ့ အမည်ကို တရားဝင် ကြေညာလိုက်ပါတယ်။ သူ့ကို အရင်က O လို့သာ အတိုကောက် အမည်ပေးခဲ့ပြီး လွန်ခဲ့တဲ့ လအနည်းငယ်အတွင်းက Developer Previews နဲ့ Public Betas များကို ဖြန့်ချီပေးခဲ့ပါတယ်။ အခုတော့ သူ့ရဲ့ အမည်အပြည့်အစုံကို သိရပါပြီ။ အဲဒါကတော့ Android 8.0 Oreo ဖြစ်ပါတယ်။

Android 8.0 Oreo ရဲ့ ကုဒ်များကို Google Engineers များက Android Open Source Project အတွက် Upload ပြုလုပ်ပေးထားပါတယ်။ Nexus နဲ့ Pixel Devices များအတွက် Android Oreo ကို မကြာခင် ဖြန့်ချီပေးတော့မှာ ဖြစ်ပါတယ်။ Google က Essential, General Mobile, HMD Global, Huawei, HTC, Kyocera, LG, Motorola, Samsung, Sharp, Sony တို့ရဲ့ Devices များမှာ Android Oreo ကို ယခုနှစ်ကုန်လောက်မှာ ရရှိနိုင်မယ်လို့ ပြောပါတယ်။

Android Oreo မှာ Picture-in-Picture Support , Notification Dots နဲ့ ဒီဇိုင်းဆန်းသစ်ထားတဲ့ Emoji များ ပါလာပါတယ်။ နောက်ကွယ်မှ ဗီဒီယိုများ၊ Services များက ဖုန်းရဲ့ တည်နေရာကို အွန်လိုင်းသို့ ပေးပို့နေခြင်းများကို ကန့်သတ်တဲ့ Background Limit ၊ Apps များမှာ Username, Password များကို အလိုအလျှောက် ဖြည့်ပေးမယ့် Autofill APIs စတဲ့ စွမ်းဆောင်ချက် အသစ်များ ပါလာပါတယ်။




Credit to ==> Digital Times





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com



0 comments:

Post a Comment