♪ “Xiaomi က တန်ဖိုးနည်း Selfie အသားပေး Redmi Note 5A ကို ရောင်းပြီ” ♫

Image may contain: phone

ရှောင်မီက Selfie အသားပေးတန်ဖိုးနည်းစမတ်ဖုန်းအသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့ အမည်ကတော့ Redmi Note 5A ဖြစ်ပြီးရှောင်မီရဲ့ ထုံးစံအတိုင်းပဲပေးရတဲ့ ဈေးထက်တန်တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ သူ့ရဲ့ တည်ဆောက်မှု အရည်အသွေး၊ စကရင်နဲ့ ဘက်ထရီ သက်တမ်းအားလုံးသင့်တင့် ကောင်းမွန်ပါတယ်။

Xiaomi Redmi Note 5A မှာ ၅.၅ လက်မ HD LCD Display တပ်ဆင် ထားပါတယ်။ Selfie အသားပေးစမတ်ဖုန်း ဖြစ်ပြီးအရှေ့ဘက်မှာ 16MP Camera နဲ့ အနောက်ဘက်မှာ 13MP Camera များထည့်သွင်းထား ပါတယ်။ Octa-Core Cortex-A53 CPU ပါတဲ့ Qualcomm Snapdragon 435 Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။ အနောက်ဘက် မှာလက်ဗွေရာအာရုံခံကိရိယာနဲ့ 3080mAh Battery ထည့်သွင်းထားပါ တယ်။

Xiaomi Redmi Note 5A ကိုရှန်ပိန်ရွှေ၊ နှင်းဆီရွှေနဲ့ ပလက်တီနမ် ငွေညိုရောင်များထုတ်လုပ်ပေးထားပါတယ်။မော်ဒယ် ၃ မျိုးထုတ်လုပ် ပေးထားပြီး2GB RAM Model ကို ၈၉ ယူရို၊ 3GB RAM+32GB Internal Storage Model ကို ၁၁၄ ယူရိုနဲ့ 4GB RAM+64GB Internal Storage Model ကို ၁၅၂ ယူရိုသတ်မှတ်ထားပါတယ်။ မြန်မာငွေ အားဖြင့် ၁၄၀ ၀၀၀ ၊  ၁၈၀ ၀၀၀ နဲ့ ၂၄၀ ၀၀၀ ၀န်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com



0 comments:

Post a Comment