♪ စွမ်းဆောင်ချက်များအထူးကောင်းမွန်းတဲ့ " Nokia 8 " အကြောင်းအသေးစိတ်ဖော်ပြချက်များ ♫

Image may contain: phone and text

ဖုန်းလောကထဲကို Nokia ပြန်ဝင်လာတဲ့ သတင်းဟာ 2017 ရဲ့ အထူးခြားဆုံးသတင်းတွေထဲမှာပါဝင်ခဲ့ပြီး ယခုအခါ Nokia 8 ကို ကြော်ငြာခဲ့ခြင်းနဲ့အတူ ကုမ္ပဏီရဲ့ ပထမအဆင့်ထုတ်လုပ်မယ့် device များလည်း ပြီးပြည့်စုံခဲ့ပြီလို့ ဆိုရမှာဖြစ်ပါတယ်။ ဒီနှစ်အစောပိုင်းက HMD Global ဟာ ဖုန်းအသစ်တွေကို Nokia ရဲ့ အမှတ်တံဆိပ်နဲ့ ထုတ်လုပ်သွားမယ်လို့ဆိုခဲ့ပြီး Nokia 3, Nokia 5 နဲ့ Nokia 6 တို့ကို မြင်ခဲ့ကြရပြီးဖြစ်ကာ ဒီဖုန်းတွေဟာ ကောင်းမွန်တဲ့ အလယ်အလတ်တန်းစားဖုန်းတွေ ဖြစ်ခဲ့ပါတယ်။ Nokia 3310 ကို အသစ်ထုတ်ပေးခဲ့ပြီး လူတွေ စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ကုမ္ပဏီရဲ့ နောက်ဆုံးထုတ်လုပ်ခဲ့တဲ့ Nokia 8 Flagship ဖုန်းကို လေ့လာကြည့်သင့်ပါတယ်။

* Release Date & Price *

Nokia 8 ကို ဈေးကွက်ထဲပို့မယ့်နေ့ကို လက်ရှိမှာ တိတိကျကျ သိရှိရခြင်းမရှိသေးပေမယ့် ဈေးကွက်အများစုအတွက်တော့ ဒီနှစ်စက်တင်ဘာလထဲမှာ စတင်ရောင်းချမယ်လို့ ဆိုပါတယ်။ ဈေးကို ကြော်ငြာထားပြီး ယူရို 599 ဖြစ်တာကြောင့် ဒေါ်လာ 700 ၀န်းကျင် ရှိပါတယ်။ ဒီဈေးဟာ တကယ့်ထိပ်တန်းစမတ်ဖုန်းဈေးလို့ ဆိုရမှာဖြစ်ပါတယ်။

* Design & Display *

Nokia 8 ရဲ့ ဒီဇိုင်းဟာ အလှဆုံးမဟုတ်ခဲ့ရင်တောင် ဒီဇိုင်းအလှဆုံးဖုန်းတွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ မြင်ဖူးခဲ့သမျှ Nokia ဖုန်းတွေထဲမှာပဲ အလှဆုံးလို့ ဆိုချင်ဆိုနိုင်ပါတယ်။ အလျူမီနီယံနဲ့ ဖန်တီးထားတဲ့ unibody ဒီဇိုင်းဟာ လှပသေသပ်ပြီး ကျောဘက်ကိုလည်း သတ္တုနဲ့ ဖန်တီးထားပေမယ့် ၀ယ်ယူတဲ့ version ပေါ်မူတည်ပြီး လက်ထဲမှာ ကွဲပြားတဲ့ခံစားချက်ကို ပေးနိုင်မှာဖြစ်ပါတယ်။ အပြာရောင်နဲ့ စတီးလ်ပုံစံကို ရနိုင်ပေမယ့် တောက်ပြောင်နေတဲ့ ကြေးဝါနဲ့ အပြာရောင်တွေနဲ့ ယှဉ်လိုက်ရင် နည်းနည်းတော့ ပျင်းစရာကောင်းပါလိမ့်မယ်။ ဖုန်းကိုယ်ထည်ဟာ ပါးလွှာပြီး 7.9 mm သာ ရှိပါတယ်။ 5.3 လက်မ screen ဖြစ်တာကြောင့် လက်တစ်ဖက်တည်းနဲ့လည်း သက်သောင့်သက်သာ ကိုင်ထားနိုင်ပါတယ်။ LCD screen ဟာ QHD resolution ရှိပြီး brightness 700 nit ထိ ရှိပါတယ်။ ဒါဟာ စမတ်ဖုန်းတစ်လုံးအနေနဲ့ မြင့်မားတဲ့ brightness ဖြစ်ပြီး သင့်ဖုန်းရဲ့ display ဟာ နေရောင်ထဲမှာကြည့်နိုင်အောင်ကို ကြည်လင်တောက်ပမှုရှိမှာ ဖြစ်ပါတယ်။ Nokia 8 ရဲ့ အင်တာနာလိုင်းတွေကို ဖုန်းရဲ့အပေါ်ဘက်နဲ့ အောက်ဘက်တွေမှာ မြင်နိုင်မှာဖြစ်ပေမယ့် ဖုန်းရဲ့ဒီဇိုင်းနဲ့ လိုက်ဖက်တာကို တွေ့ရမှာဖြစ်ပါတယ်။ အပေါ်နဲ့အောက်မှာ ထည့်သွင်းရခြင်းက ဖုန်းကို လက်နဲ့ကိုင်တဲ့အခါမှာ signal ကောင်းမွန်ဖို့ ဖြစ်ပါတယ်။ Screen ရဲ့ အောက်ဘက်မှာတော့ Fingerprint scanner ကိုတွေ့ရမှာဖြစ်ပြီး သုံးစွဲရလွယ်ကူတဲ့ အနေအထားမှာ ရှိပါတယ်။

* Battery & Power *

Nokia 8 ဟာ အလွန်မြန်ဆန်ပြီး အဓိကကတော့ Qualcomm ရဲ့ အကောင်းဆုံး Snapdragon 835 chipset ကို သုံးစွဲထားတာကြောင့်ပဲ ဖြစ်ပါတယ်။ RAM 4GB ပါဝင်ပြီး storage ပမာဏ 64GB ပါဝင်ကာ micro SD နဲ့ 256GB ထိ မြှင့်တင်နိုင်မှာဖြစ်တာကြောင့် apps နဲ့ games တွေအတွက် အဆင်ပြေစေမှာ ဖြစ်ပါတယ်။ Snapdragon 835 ဟာ မြန်ဆန်ရုံမက ဘက်ထရီသက်တမ်းကိုလည်း တိုးမြှင့်ပေးနိုင်ပြီး Nokia 8 အတွက် 3090 mAh ဘက်ထရီကို သုံးစွဲထားပါတယ်။ Nokia ဟာ Liquid cooling system ကိုသုံးစွဲထားပြီး ဖုန်းကို အပူရှိန်သိပ်မမြင့်စေဘဲ စွမ်းအားမြင့်မြင့်နဲ့ သုံးစွဲနိုင်စေပါတယ်။ USB-C port နဲ့ အားသွင်းရတာဖြစ်ပြီး Quick Charge 3.0 လည်းပါဝင်တာမို့ အားအမြန်ဖြည့်သွင်းပေးနိုင်ပါလိမ့်မယ်။ Wireless charging option ပါဝင်တာကို မတွေ့ရပါဘူး။

* Camera *

Nokia ဟာ Nokia 8 ရဲ့ ကင်မရာကို အထူးပြုပြသချင်ခဲ့ပြီး အထင်ကြီးစရာ setup လည်း ဖြစ်လာခဲ့ပါတယ်။ 2017 ရဲ့ အဓိကဖုန်းတွေလိုပဲ Nokia ဟာလည်း dual sensor ကိုရွေးချယ်ခဲ့ပြီး 13 MP ကင်မရာနှစ်ခုကို သုံးခဲ့ပါတယ်။ တစ်ခုဟာ RGB lens ကိုသုံးပြီး ကျန်တစ်ခုကတော့ monochrome ဖြစ်ကာ နှစ်ခုပူးပေါင်းတဲ့အခါမှာ အလင်းရောင်နည်းပါးတဲ့နေရာမှာ ပုံကောင်းကောင်းတွေရနိုင်ဖို့ ရှိပါတယ်။ Lens တစ်ခုကိုပဲသုံးပြီး ရိုက်ကူးနိုင်ပေမယ့် ဒီလိုရိုက်ကူးချင်ရင်တော့ monochrome lens ကပဲ အဆင်ပြေမှာဖြစ်ပြီး filter free အဖြူအမည်းပုံကို ရိုက်ကူးပေးနိုင်ပါလိမ့်မယ်။ Nokia 8 ရဲ့ကင်မရာဟာ မြန်ဆန်ပြီး ကြည်လင်တဲ့ပုံတွေကို ရိုက်ကူးပေးနိုင်ကြောင်း ပြပွဲမှာ စမ်းသပ်တွေ့ရှိခဲ့ပါတယ်။ ရှေ့ကင်မရာဟာလည်း 13 MP ပဲဖြစ်ပြီး ကြည်လင်ပြတ်သားတဲ့ selfie ပုံတွေကို ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ Facebook (သို့) YouTube ကိုလည်း live stream ထုတ်လွှင့်နိုင်မှာဖြစ်ပြီး ကင်မရာ 2 ခုစလုံးက တစ်ပြိုင်တည်းရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ Nokia ဟာ ဒီ Feature ကို ဆိုးဆိုးဝါးဝါး Bothie လို့ အမည်ပေးခဲ့ပါတယ်။ ကောင်းမွန်တဲ့အတွေးအခေါ်ဖြစ်ပြီး ရှေ့ကမြင်ကွင်းတွေကို ရိုက်ကူးချိန်မှာ ကိုယ့်ရဲ့အမူအရာကိုပါ မှတ်တမ်းတင်နိုင်မှာ ဖြစ်ပါတယ်။ App တချို့မှာ ဒီ feature ရှိပြီးဖြစ်ပေမယ့် ဖုန်းထဲမှာ တစ်ပါတည်းပါဝင်တာက သုံးစွဲရပိုမိုလွယ်ကူစေပါတယ်။ Video ရိုက်ကူးချင်သူများအတွက် OZO Audio ပါဝင်ပါတယ်။ မိုက်ခရိုဖုန်းသုံးခုနဲ့ Nokia ရဲ့ algorithms တွဲဖက်သုံးစွဲပြီး 360 ဒီဂရီ အသံဖမ်းယူမှုကို ပြုလုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။

* Early Verdict *

တစ်ချက်မြင်လိုက်ရုံနဲ့ Nokia 8 ဟာ ထိပ်တန်းစမတ်ဖုန်းတစ်လုံးမှာ ပါဝင်သင့်တဲ့ အရာတွေအားလုံးပါဝင်တာကို တွေ့နိုင်ပါတယ်။ Nokia 8 ကို ၀ယ်ယူချင်လာဖို့အတွက် သီးသီးသန့်သန့်သန့် ထူးခြားချက်မျိုးတော့ မတွေ့ရပါဘူး။ အားသာချက်တွေကို ပြောရရင် Nokia 8 ဟာ ဒီဇိုင်းအရ လှပပါတယ်။ သူ့ရဲ့ Dual camera ဟာ စိတ်ဝင်စားစရာကောင်းပြီး software အရလည်း ကောင်းမွန်တာကြောင့် ဓာတ်ပုံဝါသနာရှင်တွေကို ဆွဲဆောင်နိုင်ဖို့ ရှိပါတယ်။ ဒါပေမဲ့ $700 ၀န်းကျင်ရှိမယ့် ဈေးနှုန်းဟာ Nokia 8 ကို ၀ယ်မယ့်သူအချို့ကို လက်တွန့်သွားစေနိုင်ပါတယ်။

* Be Less Selfie. Be More # Bothie. *

- ရှေ့ကင်မရာ၊ နောက်ကင်မရာနှစ်ခုလုံးကိုသုံးပြီး Dual-Sight mode နဲ့ ဗီဒီယိုတစ်ပြိုင်တည်း ရိုက်ကူးနိုင်ပါတယ်။
- Facebook Live နဲ့ YouTube Live တို့ကို Live Video Streaming ထုတ်လွှင့်ပေးနိုင်ပါတယ်။
- 4K ဗီဒီယိုကို Nokia OZO spatial 360° audio နဲ့ ရိုက်ကူးနိုင်ပါတယ်။
- လုံခြုံစိတ်ချရတဲ့ နောက်ဆုံးပေါ် Android Nougat 7.1.1 OS ပါဝင်ပါတယ်။

* Made With Ultimate Craftsmanship *

Nokia 8 ဟာ အဆင့် 40 ကျော်ပြင်ဆင်မွမ်းမံပြီးမှ တောက်ပြောင်ကာ အပြစ်ကင်းစင်တဲ့ alumiumni unibody ဒီဇိုင်းကို ရရှိလာခဲ့တာဖြစ်ပါတယ်။ တစ်ဆက်တည်း တည်ဆောက်ထားတဲ့ unibody ဒီဇိုင်းဟာ နှစ်သက်ဖွယ်ဖြစ်ပြီး Nokia 8 ကို လက်ထဲမှာ သက်သောင့်သက်သာရှိရှိကိုင်ထားနိုင်ဖို့ ဒီဇိုင်းထုတ်ခဲ့ပါတယ်။

* Introducing Dual Sight Mode *

မိုဘိုင်းဖုန်းတွေအတွက် ပထမဆုံးပဲဖြစ်ပြီး Dual Sight Mode ဟာ ရှေ့ကော နောက်ကင်မရာကိုပါ split -screen နဲ့ တစ်ပြိုင်တည်းခွဲပြီး ဗီဒီယိုရိုက်ကူးနိုင်စေပါတယ်။

* Super Slim Cameras With ZEISS Optics *

Nokia 8 မှာ 13 MP dual image fusion ကင်မရာပါဝင်ပြီး colour နဲ့ monochrome sensor များဖြစ်ကာ မြင်ကွင်းကျယ် 13 MP phase-detection autofocus ရှေ့ဘက်ကင်မရာလည်း ပါဝင်ပါတယ်။ ရှေ့ကော နောက်ကင်မရာနှစ်စလုံးကို ZEISS Optics နဲ့ တပ်ဆင်ပေးထားပြီး ရိုက်ကူးသမျှပုံတိုင်းဟာ အမှတ်တရဖြစ်စေမှာ ဖြစ်ပါတယ်။

* Hollywood Technology In The Palm Of Your Hand *

ဗီဒီယိုကောင်းကောင်းရိုက်ကူးနိုင်ဖို့နဲ့ playback အတွက် Nokia 8 ဟာ ပထမဆုံးသော Nokia OZO spatial 360° audio ကို တစ်ပါတည်းထည့်သွင်းပေးတဲ့ ဖုန်းဖြစ်လာခဲ့ပါတယ်။ ဒီနည်းပညာဟာ Hollywood ရုပ်ရှင်တွေမှာ သီချင်းတွေမှာ တွေ့ရပြီး ဒါတွေကို သင့်ရဲ့ဖုန်းထဲမှာတင် သုံးစွဲနိုင်မှာဖြစ်ပါတယ်။


* 4K Video with Nokia OZO Spatial 360° Auio *

ဗီဒီယိုဆိုတာ သင်မြင်ရတဲ့ပုံနဲ့တင် ဆုံးဖြတ်လို့ မရပါဘူး။ ဒါကြောင့် အထူးကောင်းမွန်တဲ့ အသံစနစ်ကိုရဖို့ 360 ဒီဂရီ အသံဖမ်းယူဖို့အတွက် OZO audio technology ကို သုံးစွဲခဲ့ပါတယ်။ Audio Focus mode ကြောင့် သင်ဟာ မှန်ကန်တဲ့အသံကို သွင်းယူနိုင်မှာဖြစ်ပြီး ပတ်ဝန်းကျင်က ဆူညံသံတွေကို လျော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ 4K ဗီဒီယိုရိုက်ကူးနိုင်စွမ်းနဲ့ ပူးပေါင်းလိုက်တဲ့အခါမှာ သင့်ရဲ့ဗီဒီယိုဟာ အရုပ်၊ အသံ နှစ်မျိုးလုံး ပြီးပြည့်စုံမှုကို ရရှိလာမှာပဲ ဖြစ်ပါတယ်။

* Our Most Powerful Android Smartphone *

စွမ်းဆောင်ရည်အမြင့်ဆုံးကိုရဖို့အတွက် Nokia 8 မှာ Qualcomm ရဲ့ Snapdragon 835 processor ကိုသုံးထားပြီး ဘက်ထရီသက်တမ်းကြာရှည်ခံဖို့ အာမခံထားပါတယ်။ Copper Cooling pipe နဲ့ graphite shield ကိုထည့်သွင်းခဲ့ပြီး အပူကို ဖုန်းကိုယ်ထည်တစ်ခုလုံးဆီ ပျံ့နှံ့သွားအောင် လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။

* Pure, Secure And Up To Date *

Nokia 8 မှာ Android 7.1.1 Nougat ပါဝင်ပြီး Google ရဲ့ အထင်ရှားဆုံး apps တွေ ပါဝင်မှာဖြစ်ပြီး အပိုတွေ မလိုတာတွေ ထည့်သွင်းမထားပါဘူး။ ဒါ့အပြင် update မှန်မှန်ရပြီး လုံခြုံရေးနဲ့ Feature တွေ အမြဲခေတ်မီနေစေဖို့လည်း အာမခံထားပါတယ်။

* Unlimited Storage With Google Photos *

Google Photos နဲ့ ဓာတ်ပုံတွေကို အကန့်အသတ်မရှိ အခမဲ့သိုလှောင်သွားနိုင်မှာဖြစ်ပြီး အလိုအလျောက် စုစည်းပေးမှာဖြစ်လို့ ရှာဖွေရင်လည်း လွယ်ကူပါလိမ့်မယ်။ ဒါ့အပြင် Google Assistant ပါဝင်တာမို့ သင့်ကို အချိန်မရွေးကူညီနိုင်မှာပဲ ဖြစ်ပါတယ်။

* The Details Nokia 8 *

* Outside *

- 6000 Series အလျူမီနီယံတုံးတစ်ခုထဲကနေ ဖန်တီးထားပါတယ်။
- တောက်ပြောင်တဲ့ မှန်လိုပုံစံမျိုး ရနိုင်ပါတယ်။
- ကျောဘက်မှာ 13 MP ကင်မရာနဲ့ ZEISS optic ကို သုံးခဲ့ပါတယ်။
- 5.3" 2K polarized display ပါဝင်ပြီး Corning Gorilla Glass 5 နဲ့ ကာကွယ်ပေးထားပါတယ်။

* Inside *

- နောက်ဆုံးပေါ် Android Nougat ကိုသုံးထားပြီး update တွေလည်း ပုံမှန်ရနိုင်ပါတယ်။
- Qualcomm Snapdragon 835 ဟာ ဘက်ထရီကို တာရှည်ခံစေပြီး ပိုမိုကောင်းမွန်တဲ့ ဂရပ်ဖစ်စွမ်းဆောင်ရည် ပါဝင်လာခဲ့ပါတယ်။
- Nokia OZO spatial 360° Audio ပါဝင်ပါတယ်။
- RAM 4GB, Storage 64GB နဲ့ Micro SD ကို 256GB ထိ ထောက်ပံ့ပေးထားပါတယ်။

* Nokia 8 Specification *

GSM / HSPA / LTE

5.3 inches (1440 x 2560 pixels) IPS LCD capacitive touchscreen

64 GB, 4 GB RAM - (Tempered Blue, Steel, Polished Copper)

128 GB, 6 GB RAM - (Polished Blue)

151.5 x 73.7 x 7.9 mm (5.96 x 2.90 x 0.31 in)

Qualcomm MSM8998 Snapdragon 835

Octa-core (4x2.45 GHz Kryo & 4x1.9 GHz Kryo)

Android 7.1.1 (Nougat)

Tempered Blue, Polished Blue, Steel, Polished Copper

Non-removable Li-Ion battery 3090 mAh




NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com



0 comments:

Post a Comment