♪ “Huawei က Mate 10 ရဲ့ ဓါတ်ပုံတစ်ပုံကို ပြသ” ♫

Image may contain: phone and text

Huawei က အောက်တိုဘာလ ၁၆ ရက်နေ့မှာ Mate 10 ကိုမိတ်ဆက် မယ်လို့ အတည်ပြုထားပါတယ်။ အခုတော့ Huawei က Mate 10 ရဲ့ အနောက်ဘက်ကိုရိုက်ကူးထားတဲ့ ဓါတ်ပုံတစ်ခုကိုTeaser အနေဖြင့် မိတ်ဆက်လိုက်ပါတယ်။ Huawei P9/P9 Plus, Huawei Mate 9/Mate 9 Pro , Huawei P10/P10 Plus တို့မှာလိုMate 10 မှာLeica Camera များတပ်ဆင်ထားပါတယ်။ Mate 10 ရဲ့ အနောက်ဘက်မှာကင်မရာ ၂ လုံးပါရှိမှာ ဖြစ်ပါတယ်။ Huawei Mate 10 ဟာအရွယ်အစားကြီးမားတဲ့ Phablet Phone အမျိုးအစား ဖြစ်ပါတယ်။

ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းအရ Mate 10 ကိုမော်ဒယ်နှစ်မျိုး ထုတ်လုပ်ပေးထားမှာ ဖြစ်ပြီး Mate 10 နဲ့ Mate 10 Lite တို့ ဖြစ်ကြ ပါတယ်။ Mate 10 မှာ ၆.၁ လက်မမျက်နှာပြင်နဲ့ Mate 10 Lite မှာ ၅.၈ လက်မမျက်နှာပြင် ပါမယ်လို့ သတင်းထွက်နေပါတယ်။ ဖုန်းနှစ်လုံးစလုံးရဲ့ Aspect Ratio ဟာ 18:9 ဖြစ်ပြီး 2K Resolution များ ဖြစ်ပါတယ်။ Huawei Mate 10 မှာ Samsung Galaxy S8 / Note 8 တို့ရဲ့ Infinity Display ၊ ရှောင်မီရဲ့ Bezelless Display လိုမျိုး EntireView Display တပ်ဆင်ထားမှာပါ။ Mate 10 ကို ၁၀၄၁ ဒေါ်လာနဲ့ Mate 10 Lite ကို ၅၅၀ ဒေါ်လာဖြင့် ရောင်းချပေးနိုင်ပါတယ်။ 



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com



0 comments:

Post a Comment