♪ ခေါက်လိပ်၍ သွားလေရာ ယူဆောင်သွားနိုင်တဲ့ ကီးဘုတ် ♫


ကွန်ပြူတာ ကီးဘုတ်များမှာ ခလုတ် အရွယ်အစား၊ အစိပ်၊ အကြဲ မတူညီကြပါဘူး။ အဲဒီအတွက် အသုံးပြုနေကျ ကီးဘုတ် မဟုတ်ရင် အသုံးပြုရတာ အဆင်မပြေပါဘူး။ သင် အိမ်မှာ အသုံးပြုနေကျ ကီးဘုတ်ကို ရုံးသို့ ယူဆောင်သွားဖို့ဆိုတာကလည်း ကီးဘုတ်ရဲ့ အရွယ်အစား အပေါ် မူတည်၍ ခက်ခဲမှုများ ကြုံတွေ့နိုင်ပါတယ်။

ဒီပြဿနာကို Sungwoo Foldable Silicone Keyboard က ဖြေရှင်းပေးနိုင်ပါတယ်။ သူ့ကို သင့်ရဲ့ တက်ဘလက်၊ စမတ်ဖုန်းနဲ့ လက်တော့များဖြင့် USB Port ကနေ ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် Apple ထုတ်ကုန် အသစ် အချို့အတွက် Adapter တစ်ခု လိုအပ်ပါတယ်။

သူ့ကို အလွန် ပျော့ပြောင်းတဲ့ ဆီလီကွန် ဒြပ်ထုဖြင့် ဖန်တီးထားတဲ့အတွက် ခေါင်လိပ်၍ နေရာမရွေး ယူဆောင်သွားနိုင်ပါတယ်။ လက်တော့ ထည့်သွင်းတဲ့ အိတ်များထဲမှာလည်း ထည့်သွင်းရတာ အဆင်ပြေပါတယ်။ ဒြပ်ထုဟာ အနံ့အသက်လည်း ကင်းစင်ပါတယ်။ ကီးဘုတ်ဟာ အလွန် ပေါ့ပါးပါတယ်။
ကီးဘုတ်ဟာ ရေစိုခံတဲ့အတွက် ကော်ဖီများ ဖိတ်ကျမှာ စိတ်ပူစရာ မလိုပါဘူး။ ဖုန်မ၀င်အောင် ကာကွယ်ပေးတဲ့အတွက် ကီးဘုတ် ကာဗာများ မလိုအပ်ပါဘူး။ ကီးဘုတ်မှာ တင်ကျန်နေတဲ့ ဖုန်မှုန့်များကိုလည်း လွယ်ကူစွာ ရှင်းလင်းနိုင်ပါတယ်။ ကီးဘုတ်ကို ရေ၊ အရက်ပျံများဖြင့် ဆေးကြောနိုင် ပါတယ်။

ကီးဘုတ်ကို အသုံးပြုရင်လည်း အသံထွက်ခြင်း မရှိတဲ့အတွက် လုပ်ဖော်ကိုင်ဖက်များ အကြားမှာ အလုပ်လုပ်ရတာ အဆင်ပြေပါတယ်။ ဒါ့အပြင် ညဘက်မှာ အလုပ်လုပ်ဖို့အတွက်လည်း သင့်တော်ပါတယ်။ Sungwoo Foldable Silicone Keyboard ကို ဒေါ်လာ ၂၀ သတ်မှတ်ထားပြီး မြန်မာငွေ အားဖြင့် ၂၇ ၀၀၀ ၀န်းကျင် ကျသင့်နိုင်ပါတယ်။




Credit to ==> Digital Times





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com



0 comments:

Post a Comment