♪ 16MP Selfie Camera ပါတဲ့ Xiaomi Redmi Note 5A ကို ကြေညာပြီ ♫


Xiaomi က Redmi Note 5A ကို တရားဝင် ကြေညာလိုက်ပါတယ်။ သူဟာ Selfie အသားပေး စမတ်ဖုန်း ဖြစ်ပြီး တည်ဆောက်မှု အရည်အသွေး၊ စကရင်နဲ့ ဘက်ထရီ သက်တမ်း အားလုံး ကောင်းမွန်ပါတယ်။ အကောင်းဆုံးကတော့ ဈေးနှုန်း သက်သာခြင်း ဖြစ်ပါတယ်။

Xiaomi Redmi Note 5A မှာ ၅.၅ လက်မ 1280x720p LCD Display တပ်ဆင်ထားပါတယ်။ အရှေ့ဘက်မှာ 16MP Camera နဲ့ အနောက်ဘက်မှာ 13MP Camera တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာနဲ့ 3080mAh Battery ထည့်သွင်းထားပါတယ်။

Xiaomi Redmi Note 5A ကို မောင်းနှင်မှာက Qualcomm Snapdragon 435 Chipset ဖြစ်ပြီး Octa-Core Cortex-A53 CPU ပါပါတယ်။ သူဟာ စွမ်းဆောင်ရည် မြင့် စမတ်ဖုန်း တစ်လုံးတော့ မဟုတ်ပါဘူး။

Xiaomi Redmi Note 5A ကို ရှန်ပိန်ရွှေ၊ နှင်းဆီရွှေနဲ့ ပလက်တီနမ်ငွေညိုရောင်များ ထုတ်လုပ်ပေးထားပါတယ်။ မတူညီတဲ့ RAM များထည့်သွင်းထားတဲ့ မော်ဒယ် ၃ မျိုး ရှိပါတယ်။ 2GB RAM Model ကို ၈၉ ယူရို၊ 3GB RAM+32GB Internal Storage Model ကို ၁၁၄ ယူရိုနဲ့ 4GB RAM+64GB Internal Storage Model ကို ၁၅၂ ယူရို သတ်မှတ်ထားပါတယ်။ တရုတ်မှာ စတင် ရောင်းချပေးနေပါပြီ။



Credit to ==> Digital Times





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com



0 comments:

Post a Comment