♪ Coopad ရဲ့စွမ်းဆောင်ရည်မြင့်မားတဲ့ ကျပ် ၅၅၀ ၀၀၀ ၀န်းကျင် “ Cool M7 ကိုမိတ်ဆက်” ♫

Image may contain: phone and screen

Coolpad က Cool M7 စမတ်ဖုန်းကိုတရုတ်မှာမိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့ စက်ဝိုင်း ပုံသဏ္ဍာန် Home Button နဲ့ အနောက် ကင်မရာ တည်ဆောက်ထားမှုများ အပါအ၀င် ဒီဇိုင်းဟာ iPhone 7 Plus နဲ့ ဆင်တူပါတယ်။ 

Coolpad Cool M7 မှာ ၅.၅ လက်မ Full HD Display တပ်ဆင်ထား ပါတယ်။ Qualcomm Snapdragon 625 Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။ 4GB RAM, 64GB Internal Storage ထည့်သွင်းထားပါ တယ်။ 13 Megapixel Camera တစ်လုံးစီကိုအရှေ့ဘက်နဲ့ အနောက်ဘက်မှာတပ်ဆင်ထားပါတယ် 

Cool M7 မှာ Fingerprint Scanner ပါပါတယ်။ dual-band Wi-Fi 802.11ac, Bluetooth 4.2, 4G VoLTE စတဲ့ ဆက်သွယ်မှုများကို ထောက်ပံ့ပေးထားပါတယ်။ USB-C Port ပါတဲ့အတွက် အားသွင်းခြင်းနဲ့ ဒေတာကူးပြောင်းခြင်းများအတွက် အလွန် လျင်မြန်ပါတယ်။ 3200mAh Battery ပါပြီး Android 7.1.1 Nougat မောင်းနှင်မှာ ဖြစ်ပါတယ်။ 

Cool M7 ကိုတရုတ်မှာ JD.com ကနေယွမ် ၂၆၉၉ ဖြင့် ရောင်းချပေးနေ ပါတယ်။ ၄၀၄ ဒေါ်လာတန်ကြေး ရှိပြီး၊ မြန်မာငွေအားဖြင့်ကျပ် ၅၅၀ ၀၀၀ ၀န်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။ 

 

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com



0 comments:

Post a Comment