♪ " Huawei MediaPad M3 2017 နှင့် MediaPad T3 10 တို့ကို ပြည်တွင်းဈေးကွက်၌ ၀ယ်ယူအသုံးပြုနိုင်ပြီ " ♫

Image may contain: phone

Huawei MediaPad M3 2017 နှင့် MediaPad T3 10 တို့ကို ပြည်တွင်းဈေးကွက်၌ ၀ယ်ယူအသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။ Huawei MediaPad M3 2017 ကို ငွေကျပ် (379,000) ဖြင့် ၀ယ်ယူနိုင်မည်ဖြစ်ပြီး မီးခိုးရောင်၊ ရွှေရောင်နဲ့ အဖြူရောင်တို့ကို ရွေးချယ်ဝယ်ယူနိုင်သည်။

Huawei MediaPad T3 10 ကို ငွေကျပ် (269,000) ဖြင့် ရောင်းချပေးလျက်ရှိကာ ရွှေရောင်နှင့် မီးခိုးရောင်တို့ဖြင့် ထုတ်လုပ်ပေးထားသည်။ MediaPad M3 2017 ဧ။်ကိုယ်ထည်ပိုင်းကို သတ္တုဖြင့်ပြုလုပ်ပေးထားပြီး မျက်နှာပြင်အရွယ်အစားက (8.0) လက်မရှိကာ Full HD Display ကို အသုံးပြုပေးထားသည်။ Octa-Core 1.4 GHz CPU ကို အသုံးပြုပေးထားသည့်အပြင် RAM 3GB နှင့် Internal Memory 32GB တို့ပါဝင်သည်။ 

အရှေ့နှင့် အနောက် 8.0 Megapixels ရှိသည့် ကင်မရာများ ထည့်သွင်းပေးထားသောကြောင့် ဓာတ်ပုံ၊ ဗီဒီယိုနှင့် Selfie များရိုက်ကူးရာတွင် အဆင်ပြေစေမည်ဖြစ်သည်။ အသံထွက်ပိုင်းကောင်းမွန်စေရန် Dual Speaker များကို အသုံးပြုပေးထားကာ ဘက်ထရီပိုင်းအတွက် 4800 mAh ဘက်ထရီအမျိုးအစားကို ထည့်သွင်းပေးထားပြီး Smart Power Saving 5.0 နည်းပညာလည်း ပါရှိသည်။ ထို့အပြင် MediaPad T3 10 ဧ။် မျက်နှာပြင်အရွယ်အစားမှာ 9.6 လက်မရှိကာ စွမ်းဆောင်ရည်ကောင်းမွန်သော Tablet အမျိုးအစား တစ်မျိုးဖြစ်သည်။ 

အထူးအစီအစဉ်အဖြစ် M3 2017 နှင့် T3 10 တို့ကို ဝယ်ယူသူများအတွက် Ooredoo ဆင်းကတ်တွင် လစဉ် ငွေကျပ် (10,000) ကို 6 လတိတိ ငွေဖြည့်ကာ လစဉ် အင်တာနက်ဒေတာ 6GB ကို 6 လတိတိ ရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com



0 comments:

Post a Comment