♪ " 20+12MP Dual ကင်မရာပါဝင်တဲ့ Huawei Mate 10 မိတ်ဆက် Video ထွက်ပေါ်လာ " ♫

Image may contain: phone

Huawei Mate 10 မိတ်ဆက်ပွဲကို Germany က Munich မှာ အောက်တိုဘာလ 16 ရက်နေ့မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။ ဒါပေမဲ့ မိတ်မဆက်ခင်မှာ စမတ်ဖုန်းအမှတ်တံဆိပ် အများစုပြုလုပ်လေ့ရှိတာကတော့ စမတ်ဖုန်း ထွက်မလာခင် ရက်ပိုင်း ဒါမှမဟုတ် လပိုင်းအတွင်း ထုတ်လုပ်သူတွေဘက်ကနေ သူတို့ရဲ့ စမတ်ဖုန်းနဲ့ ပါတ်သက်တဲ့ teaser video တွေကို အမြဲလိုလို တင်လေ့ရှိကြပါတယ်။ teaser တွေက မိတ်ဆက်မယ့်ရက်နဲ့ အနီးအနားမှာ ထွက်ပေါ်လာလေ့ရှိပြီး ဒါဟာ စမတ်ဖုန်းအပေါ် လူတွေရဲ့ ဝေဖန်သံကို လေ့လာလိုတာကြောင့် ထုတ်ပြန်ခြင်းဖြစ်ပါတယ်။

Huawei ကလည်း Huawei Mate 10 ရဲ့ အဓိကလုပ်ဆောင်ချက်တစ်ခုဖြစ်တဲ့ ကင်မရာပိုင်းဆိုင်ရာ video teaser ကိုလည်း ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။ 25 စက္ကန့်သာပါဝင်တဲ့ video teaser မှာ ဖော်ပြထားတာဖြစ်ပြီး တရုတ်ဟန်းဆက်ထုတ်လုပ်သူတွေက ဒီစမတ်ဖုန်းကို "the device worth waiting for" လို့ ဖော်ညွှန်းထားပြီး စမတ်ဖုန်းရဲ့ အမည်အတိအကျကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။ Mate 10 ဆိုတာ သေချာနေတဲ့အချက်ကတော့ slide ရဲ့အဆုံးမှာ Huawei Mate ဆိုပြီး ဖော်ပြထားသလို Mate စီးရီိးအရ အသစ်ထွက်မယ့်စမတ်ဖုန်းက Mate 10 အလှည့်ဖြစ်နေတာကြောင့်ပါပဲ။ 

ဒီဗွီဒီယိုမှာ Mate 10 မှာ မြင်တွေ့ရမယ့် 12MP RGB sensor နဲ့ 20MP monochrome sensor တို့ရဲ့ စွမ်းဆောင်ရည်တွေ တွေ့မြင်နိုင်ပါတယ်။ Huawei ရဲ့ အရင်ကမိတ်ဆက်ခဲ့တဲ့ စမတ်ဖုန်းတွေဖြစ်တဲ့ Mate 9 နဲ့ P10 လိုပဲ စိတ်ဝင်စားစရာကောင်းပြီး ကုမ္ပဏီကတော့ software ပိုင်းမှာ ပြောင်းလဲမှုအချို့ရှိလိမ့်မယ်လို့ ဆိုထားပါတယ်။ Leica အမှတ်တံဆိပ်ရဲ့ ရုပ်ထွက်ကြည်လင်မှုကို အဓိကထားပြသထားပြီး ဒီစမတ်ဖုန်းနဲ့ပတ်သက်တဲ့ တခြားအချက်အလက်တွေ ကိုတော့ အများကြီးဖော်ပြထားတာ မရှိပါဘူး။ အစောပိုင်းသတင်းတွေအရတော့ Huawei Mate 10 မှာ 18:9 aspect ratio နဲ့ 2160 x 1080 pixel resolution နဲ့ EntireView 6 လက်မ display ပါဝင်တယ်လို့ သိရပြီး နောက်ဆုံးပေါ် Kirin 970 chipset ကိုလည်း အသုံးပြုထားတယ်လို့ သိရပါတယ်။

GizmoChina ရဲ့ သတင်းအရတော့ flagship chipset အသစ်က quad-core Cortex A73 cluster သို့မဟုတ် 2.8 GHz speed နဲ့ quad-core Cortex A53 cluster နဲ့ octa-core processor လို့ ဖော်ပြထားပါတယ်။ chipset မှာ Mali G72 MP8 GPU တစ်စုံပါဝင်မယ်လို့လည်း သိရပါတယ်။ Huawei Mate 10 က Samsung Galaxy Note 8 ၊ Apple iPhone 8 နဲ့ LG V30 တို့နဲ့ မရှေးမနှောင်းမိတ်ဆက်ဖွယ်ရှိပြီး ယှဉ်ပြိုင်ဘက်တွေလည်း ဖြစ်လာပါလိမ့်မယ်။


Ref :gizbot.com

သံစဉ်ချို

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com



0 comments:

Post a Comment