♪ Xiaomi Mi 5X အကြောင်းအသေးစိတ်လေ့လာနိုင်ဖို့ - Price » 335,000 Ks ♫

Image may contain: phone and text

Xiaomi က မကြာမီ အလယ်အလတ်တန်းစား စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ Xiaomi Mi 5X ကို ထုတ်လုပ်ရောင်းချတော့ မှာ ဖြစ်ပါတယ်။ ၎င်းဟာ သင့်တင့်တဲ့ဈေးနှုန်းနဲ့ အဆင့်မြင့်စမတ်ဖုန်းတစ်လုံးကို သုံးစွဲနိုင်မှာဖြစ်ပြီး ဒီဇိုင်းပုံစံက လည်း သေသေသပ်သပ်နဲ့ Premium ကျလှပါတယ်။ ရိုးရှင်းတဲ့ သုံးစွဲလို့ကောင်းတဲ့ အဆင့်မြင့် specs တွေနဲ့ Features တွေကို အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။ ¤င်းရဲ့အားသာချက်တွေကတော့ မျက်နှာပြင်စွမ်းအား ကောင်းမွန်ခြင်း၊ ကင်မရာအရည်အသွေး ပြည့်ဝခြင်း၊ ဘက်ထရီစွမ်းအား မြင့်မားခြင်းနဲ့ လုပ်ဆောင်ချက် တိကျမှန်ကန်မှုရှိခြင်းတွေပဲဖြစ်ပါတယ်။ 
 
ဒါ့အပြင် အလွန်အသုံးပြုရတာ အဆင်ပြေတဲ့ IR Gesture စနစ်လည်း ပါရှိပါသေးတယ်။ သစ်လွင်တောက်ပတဲ့ ကိုယ်ထည်တစ်ခုလုံးကို သတ္တု နဲ့ ပြုလုပ်ပေးထားတာကြောင့် တောင့်တောင့်တင်းတင်းနဲ့ ကိုင်တွယ်သုံးစွဲ လို့ ကောင်းပါတယ်။ အရှေ့မျက်နှာပြင် အပေါ်ဘက်မှာ အရှေ့ကင်မရာ Lens နဲ့ အောက်ခြေမှာ Capacitive-touch Home key, Back Key နဲ့ Multi-tasking Key တို့ ပါရှိပါတယ်။
 
ဘယ်ဘက်ဘေးဘောင်မှာ အသံအတိုးအကျယ်ခလုတ်တွေနဲ့ ပါဝါ ခလုတ်ကို မြင်တွေ့နိုင်ပါတယ်။ နောက်ကျောဘက်ရဲ့ ညာဘက်ထောင့်နား မှာ အနောက် dual camera Lens နဲ့ သူ့ဘေးမှာ LED Flash မီးလုံး ပါရှိပါ တယ်။ သူတို့တွေရဲ့ အောက်ဘက်မှာတော့ ယုံကြည်စိတ်ချစွာ သုံးစွဲနိုင် တဲ့ fingerprint sensor ကိုလည်း တပ်ဆင်ထားပါတယ်။ ၎င်းက ဖုန်းကို လျင်မြန်စွာ unlock လုပ်နိုင်ပြီး ဖုန်းအတွင်း data တွေကိုလည်း လုံခြုံစွာ ပိတ်ကာပေးထားနိုင်မှာပါ။
ဖုန်းရဲ့ အရွယ်အစားက 155.4 x 75.8 x 7.3 mm ရှိပြီး 165g အလေးချိန် လေးပါတယ်။ ၎င်းကို GSM, CDMA, HSPA နဲ့ LTE networks တွေမှာ အသုံးပြု နိုင်ပြီး Nano SIM card ၂ ကတ်ကို တစ်ပြိုင်နက်တည်း ထည့်သုံးနိုင်တဲ့ Dual SIM စနစ် ပါရှိပါတယ်။ မျက်နှာပြင်အကျယ်က 5လက်မခွဲ အကျယ်ရှိပြီး LTPS IPS LCD capacitive touchscreen display အမျိုးအစားကို သုံးထားပါတယ်။ ၎င်းမျက်နှာပြင်က မြင်ကွင်းစွမ်းအားအနေနဲ့ 1080 x 1920 pixels ကို အပြည့်အဝ ပေးစွမ်းနိုင်လို့ ရုပ်ရှင်တွေ၊ ဗီဒီယိုတွေ ကြည့်ရတာလည်း အဆင်ပြေပါတယ်။
 
1 လက်မမှာရှိတဲ့ သိပ်သည်းဆပမာဏကတော့ ~403 ppi pixels ရှိပါ တယ်။ မျက်နှာပြင်ကို အကြမ်းခံပြီး ရုပ်ထွက်ပိုင်းမှာ ရုပ်လုံးကြွမှုရှိအောင် အပေါ်ကနေ 2.5D Curved Glass ကို ဖုံးအုပ်ထားပါတယ်။ ဒါ့အပြင် မျက်နှာ ပြင်ပေါ်မှာလည်း multitouch စနစ်ကို သုံးစွဲနိုင်ပါသေးတယ်။ အထဲမှာတော့ Android 7.1.1 (Nougat) ကို run ပေးထားပြီး MIUI 9 User Interface ကို သုံးထား ပါတယ်။ အနောက်ကင်မရာက Dual 12MP (26mm, f/2.2; 50mm, f/2.6) aperture စွမ်းအားပါရှိလို့ အကောင်းဆုံးဓာတ်ပုံတွေနဲ့ 30fps မှာ 2160p အရည်အသွေး ရှိတဲ့ ဗီဒီယိုတွေကို ရိုက်ကူးနိုင်မှာပါ။ 
 
အရှေ့ကင်မရာကတော့ 5MP resolution သာပါရှိတာကြောင့် သင့် တင့်ကောင်းမွန်တဲ့ ဗီဒီယိုတွေနဲ့ ဓာတ်ပုံတွေကို ရိုက်ယူနိုင်မှာပဲ ဖြစ်ပါ တယ်။ ဖုန်းစွမ်းဆောင်ရည်တွေအတွက်လည်း ကိုယ်ထဲမှာ အဆင့်မြင့် Chipset နဲ့ Processor တို့ကို ထောက်ပံ့ပေးထားပါတယ်။ ဒါကြောင့် Multi-tasking တွေကိုလည်း အဆင်ပြေပြေ ပြုလုပ်နိုင်မှာပါ။ ဖုန်းထဲမှာ data တွေ ကို သိမ်းဆည်းဖို့အတွက် Internal memory 64GB ပါရှိတဲ့အပြင် microSD card ကို 128GB အထိ ထပ်စိုက်သုံးလို့ရပါတယ်။
 
ဒါကြောင့် ဓာတ်ပုံတွေ၊ သီချင်းတွေ၊ ရုပ်ရှင်တွေကို လုံလောက်စွာ ထိန်းသိမ်းပေးထားနိုင်မှာပါ။ RAM ကလည်း 4GB တောင် ပါရှိလို့ အသုံး ပြုရတာ အဆင်ပြေပါတယ်။ ဒါ့အပြင် ၎င်းမှာ အသံအရည်အသွေး ကောင်းမွန်တဲ့စပီကာ ပါရှိပြီး FM Radio စနစ်ကိုလည်း သုံးစွဲနိုင်ပါတယ်။ USB 2.0, Type-C 1.0 reversible connector ကို သုံးထားပြီး 4.2, A2DP နဲ့ LE ဆိုတဲ့ Bluetooth စနစ်တွေ ပါရှိပါတယ်။ ၎င်းမှာ လုံလောက်တဲ့ ဘက်ထရီ စွမ်းအားပါရှိပြီး ဒီဇိုင်းပုံစံနဲ့ လိုက်ဖက်ညီတဲ့ Black, Gold နဲ့ Rose Gold ဆိုတဲ့ အရောင် 3 မျိုး ရွေးချယ်ဝယ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။

Battery Life
>>>>><<<<<

ကိုယ်ထည်ထဲမှာ ထည့်သွင်းထားတဲ့ Non-removable Li-Ion 3080mAh battery က လုပ်ဆောင်ချက်တွေ အကုန်လုံးကို အချိန် ကြာမြင့်စွာ ပြုလုပ်စေနိုင်ပြီး Fast Battery Charging စနစ်ပါရှိတဲ့အတွက် ဖုန်းအားသွင်းရတာလည်း မြန်ဆန်ပါတယ်။

Design
>>>>><<<<<

ဒီဇိုင်းပုံစံက အခြား Android ဖုန်းတွေနဲ့ သိပ်မကွာခြားပေမယ့် ရိုးရိုး ရှင်းရှင်းလေးနဲ့ မျက်စိထဲမှာ ဆွဲဆောင်မှုရှိနေပါတယ်။ ဒါ့အပြင် ကိုယ် ထည်ကို သတ္တုနဲ့ပြုလုပ်ပေးထားလို့ အကြမ်းခံပြီး တာရှည်လည်း အသုံး ပြုနိုင်ပါတယ်။ သစ်လွင်တောက်ပနေတဲ့ ကိုယ်ထည်ကြောင့် ပေးရတဲ့ ဈေးနှုန်းလည်း ထိုက်တန်ပါတယ်။

Processor
>>>>><<<<<

Xiaomi Mi 5X မှာ Qualcomm MSM8953 Snapdragon 625 Chipset နဲ့ Octa-core 2.0GHz Cortex-A53 Processor တို့ကို ထောက်ပံ့ပေးထားပြီး Adreno 506 Graphics Card ကိုလည်း သုံးထားပါတယ်။ ဒါကြောင့် လျင်မြန်တဲ့လုပ် ဆောင်ချက်တွေကို ရရှိစေနိုင်ပြီး ရုပ်ထွက်ကလည်း ကြည်လင်ပြတ် သားမှု ရှိပါတယ်။

Display and Camera
>>>>><<<<<

Mi 5X က မြင်ကွင်းစွမ်းအား ကောင်းမွန်တဲ့ အဆင့်မြင့်စမတ်ဖုန်း အမျိုးအစားထဲမှာ ပါရှိတဲ့အတွက် ဂိမ်းကစားတာတွေ၊ ရုပ်ရှင်ကြည့်တာ တွေနဲ့ စာဖတ်တာတွေကို အကောင်းဆုံး ပြုလုပ်နိုင်ပါတယ်။ Dual 12MP ပါရှိတဲ့ နောက်ကင်မရာနဲ့ 5MP ပါရှိတဲ့ အရှေ့ကင်မရာကတော့ ပါရှိတဲ့ resolution အတိုင်း အပြည့်အဝ ထောက်ပံ့ပေးနိုင်ပါတယ်။

Verdict
>>>>><<<<<

ဒီ Xiaomi Mi 5X ဟာ IR Gesture ပါရှိတဲ့ အဆင့်မြင့် စမတ်ဖုန်း တစ်လုံးဖြစ်ပြီး သင့်တင့်တဲ့ဈေးနှုန်းနဲ့မို့ ဝယ်ယူသုံးစွဲရတာလည်း တန်ပါ တယ်။ ဒါကြောင့် အလယ်အလတ်တန်းစား စမတ်ဖုန်းကို ဝယ်ယူချင်တယ် ဆိုရင်တော့ ဒီဖုန်းလေးကလည်း သင့်တော်ပါတယ်။


Price » 335,000 Ks
Contact Phone » 09-73222888 ( Win Mobile World )

Specification
>>>>><<<<<

» Network : 2G, 3G, 4G (Dual SIM) 
» Weight : 165 g 
» Display : 5.5", LTPS IPS LCD capacitive touchscreen » Dimensions : 155.4 x 75.8 x 7.3 mm 
» Memory : 64GB, 4GB RAM, microSD, up to 128GB 
» Camera : Dual 12MP, phase detection autofocus, 2x optical zoom, dual-LED (dual tone) flash, 
Geo-tagging, touch focus, face detection, 
HDR, panorama, Front : 5MP 
» Connectivity : GPS, WLAN, Bluetooth 4.2, Type-C 1.0 
» OS : Android OS 7.1.1 (Nougat), MIUI 9 
» Chipset : Qualcomm MSM8953 Snapdragon 625 CPU : Octa-core 2.0GHz Cortex-A53 
GPU : Adreno 506 
» Feature : Fingerprint (rear-mounted), accelerometer, gyro, proximity, compass, Fast battery charging



 

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com



0 comments:

Post a Comment