♪ “3D Facial Recognition ပါလာမယ့် Xiaomi Mi Mix 2” ♫

Image may contain: phone

စက်တင်ဘာလမှာမိတ်ဆက်မယ်လို့ သတင်းထွက်နေတဲ့ Xiaomi Mi Mix 2 မှာ3D Facial Recognition နည်းပညာပါရှိ မယ်လို့ သတင်းထွက် လာပါတယ်။ ပေါက်ကြားထွက်ပေါ်လာတဲ့ Mi Mix 2 ရဲ့ Screenshot မှာLockscreen နဲ့အတူဖုန်းကိုမျက်နှာမူခြင်းဖြင့် Unlock လုပ်ဖို့ ညွှန်ကြားချက် စာသားကို ပြသထားပါတယ်။

ဒီစွမ်းဆောင်ချက်ဟာ MIUI 9 ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး Mi Mix 2 မှာအသုံးပြုနိုင်မယ်လို့ သိရပါတယ်။ ဒါပေမယ့် MIUI 9 ထည့်သွင်းထားတဲ့ အခြားရှောင်မီစမတ်ဖုန်းများမှာအသုံးပြုနိုင်မှာမဟုတ်ပါဘူး။Mi Mix 2 ရဲ့ မျက်နှာအာရုံခံစနစ်နဲ့ ပတ်သက်တဲ့ အသေးစိတ်သတင်းအချက်အလက် များကိုတော့ မသိရသေးပါဘူး။

ယခင် ထွက်ပေါ်ခဲ့ဖူးတဲ့ သတင်းများအရ Xiaomi Mi Mix 2 မှာ၆.၄ လက်မ QHD Display တပ်ဆင်ထား မှာ ဖြစ်ပါတယ်။6GB RAM ထည့်သွင်း ထားပြီး Qualcomm Snapdragon 835 Processor မောင်းနှင်မှာ ဖြစ်ပါတယ်။ အနောက်ဘက်မှာ 19 Megapixel Camera နဲ့ အရှေ့ဘက် မှာ 13 Megapixel Camera ထည့်သွင်းထားပါတယ်။Android 7.1.1 Nougat အခြေပြု MIUI ထည့်သွင်းထားမှာ ဖြစ်ပါတယ်။မော်ဒယ်သုံးမျိုးထုတ်လုပ်ပေးထားမှာ ဖြစ်ပြီး4GB/128GB, 6GB/128GB, 8GB/256GB တို့ ဖြစ်ပါတယ်။



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com



0 comments:

Post a Comment