♪ " Nokia 8 ရဲ့တရားဝင်ဈေးနှုန်းက ယခင်ခန့်မှန်းထားသည်ထက် အနည်းငယ်ဈေးလျော့နေ " ♫

No automatic alt text available.

လက်ရှိအချိန်မှာ Nokia 8 ကို Pre-order မှာယူနိုင်ပြီဖြစ်ပြီး တရားဝင်မထွက်ရှိခင်က ခန့်မှန်းထားတဲ့ဈေးနှုန်းထက် အနည်းငယ်လျော့နည်းတာကို တွေ့ရပါတယ်။ Nokia 8 အတွက် Pre-order ကို သြစတြေးလျ၊ ဂျာမနီနဲ့ ရုရှားတို့မှာ မှာယူရရှိနိုင်တာဖြစ်ပြီး ဂျာမဏီတွင် ယူရို 577 ( မြန်မာငွေကျပ် 9သိန်း 2သောင်းဝန်းကျင်) ရှိပြီး သြစတြေးလျမှာတော့ သြစတြေးလျဒေါ်လာ 899( မြန်မာငွေကျပ် 9သိန်း 7သောင်းဝန်းကျင်) ရှိမှာဖြစ်ပါတယ်။ တရားဝင်ထွက်ရှိခြင်းမရှိခင်တည်းက Nokia 8 ကို စိတ်ဝင်စားသူများပြားခဲ့ပြီး HMD Global အနေနဲ့ စက်တင်ဘာလကစပြီး တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ မိတ်ဆက်ရောင်းချသွားမှာဖြစ်ပါတယ်။

လက်ရှိအနေအထားမှာတော့ ဂျာမနီ၊ သြစတြေးလျနဲ့ ရုရှားမှာရှိတဲ့ Third Party ကုမ္ပဏီတွေကတဆင့် ၀ယ်ယူနိုင်မယ်လို့ သိရပါတယ်။ Nokia 8 ကို ဂျာမနီမှာရှိတဲ့ O2 သို့မဟုတ် Mobilcom Debitel ကနေ ကြိုတင်အော်ဒါမှာယူနိုင်ပြီး ဈေးနှုန်း ကတော့ O2 မှာဆိုရင် ယူရို 577 (မြန်မာကျပ်ငွေ 9 သိန်း 2 သောင်းဝန်းကျင်) ၊ Mobilcom Debitel မှာ ယူရို 579 (မြန်မာကျပ်ငွေ 9 သိန်း 3 သောင်း ဝန်းကျင်) နဲ့ ကြိုတင်အော်ဒါမှာယူနိုင်ပါတယ်။ ဒီဈေးနှုန်းတွေကတော့ အစောပိုင်းကကြေညာခဲ့တဲ့ ဈေးနှုန်း ယူရို 599 (မြန်မာကျပ်ငွေ 9 သိန်း 6 သောင်း ဝန်းကျင်) ထက် အနည်းငယ် နည်းသွားတာကို တွေ့ရပါတယ်။

ဒါ့အပြင် O2 မှာ Nokia Steel smartwatch ကိုလည်း မှာယူနိုင်မယ်လို့ သိရပြီး ဈေးနှုန်းက ယူရို 129.95 (မြန်မာကျပ်ငွေ 2 သိန်းဝန်းကျင်) ရှိပါတယ်။ ကြိုတင်မှာယူမှုတွေအတွက် စက်တင်ဘာလ 6 ရက်နေ့မှာ ပို့ဆောင်ပေးသွားမယ်လို့ Nokia က ကတိပြုထားပါတယ်။ Nokia 8 ကို ဂျာမဏီမှာ ရှိတဲ့ Telekom၊ Media Markt ၊Saturn နဲ့ Amazon တို့မှာလည်း မကြာခင်မှာပဲ အော်ဒါမှာခွင့်ရရှိမယ်လို့ NokiaMob က ဖော်ပြထားပါတယ်။ ရုရှားမှာတော့ Megafon ကနေ ပရီအော်ဒါ မှာယူနိုင်မှာဖြစ်ပြီး ယူရို 575 ( မြန်မာငွေကျပ် 9သိန်း 2သောင်း ၀န်းကျင်) ဖြစ်ပါတယ်။

Polished Blue ၊ Tempered Blue၊ Silver နဲ့ Polished Copper အစရှိတဲ့ အရောင် 4 မျိုးရရှိနိုင်ပြီး သြစတြေးလျမှာက အနည်းငယ်ဈေးမြင့်ပါတယ်။ သြစတြေးလျမှာရှိတဲ့ JB Hi-Fi အပါအ၀င် ၀က်ဘ်ဆိုက်တချို့မှာ သြစတြေးလျဒေါ်လာ 899(မြန်မာငွေကျပ် 9 သိန်း 7သောင်းဝန်းကျင်) နဲ့မှာယူနိုင်ပြီး စက်တင်ဘာ 7ရက်နေ့ ပို့ဆောင်ပေးမှာဖြစ်ပါတယ်။ အိန္ဒိယဈေးကွက်အတွက် အောက်တိုဘာလထဲမှာ ရရှိမယ်လို့ HMD Global က ဆိုထားပြီး Nokia 8 ရဲ့အရှေ့အနောက် ကင်မရာလုပ်ဆောင်ချက်တွေကြောင့် နာမည်ကြီးနေတာပဲဖြစ်ပါတယ်။


Ref : gadgets.ndtv.com

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com



0 comments:

Post a Comment