♪ “Xiaomi က သြဂုတ်လ ၂၁ ရက်မှာ Redmi Note 5A ကိုမိတ်ဆက်မယ်လို့ အတည်ပြု” ♫

Image may contain: phone

Xiaomi ရဲ့ အရာရှိတစ်ဦး ဖြစ်တဲ့ Bin Lin က တရုတ်မှာ သြဂုတ်လ ၂၁ ရက်နေ့တွင် Redmi Note 5A ကိုမိတ်ဆက်မယ်လို့ အတည်ပြုလိုက်ပါ တယ်။ ရှောင်မီရဲ့ စီအီးအိုဖြစ်သူ Lei Jun က အဲဒီစမတ်ဖုန်းရဲ့ ဓါတ်ပုံကို အွန်လိုင်းမှာမိတ်ဆက်ခဲ့ပြီးပါပြီ။ 

Redmi Note 5A ကိုမော်ဒယ် ၂ မျိုးထုတ်လုပ်ပေးထားမှာ ဖြစ်ပြီး လက်ဗွေရာအာရုံခံကိရိယာပါတဲ့
 မော်ဒယ်နဲ့ မပါတဲ့မော်ဒယ် ဖြစ်ပြီး မော်ဒယ် ၂ မျိုးမှာ Camera, Chipset , RAM, Storage များလည်း ကွဲပြားကြပါတယ်။ ယခင် ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ သတင်းများအရ Xiaomi Redmi Note 5A မှာ Qualcomm Snapdragon 425 or Snapdragon 430 နဲ့ 2GB RAM/16GB Internal Storage or 3GB RAM/32GB Internal Storage များကိုရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ 

စွမ်းရည်မြင့် မော်ဒယ်မှာ 16 Megapixel Rear Camera နဲ့ 13 Megapixel Front Camera များတပ်ဆင်ထားနိုင်ပါတယ်။ တန်ဖိုးနည်း မော်ဒယ်မှာတော့ 13 Megapixel Rear Camera နဲ့ 5 Megapixel Front Camera ပါရှိမယ်လို့ သိရပါတယ်။ မော်ဒယ် ၂ မျိုးစလုံးမှာ ၅.၅ လက်မ HD LCD Display , 3000mAh Battery များတပ်ဆင်ထားနိုင်ပါတယ်။ မြန်မာငွေ ၂ သိန်းခန့် ကျသင့်နိုင်ပါတယ်။



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com



0 comments:

Post a Comment