♪ Android Oreo နဲ့ ပတ်သက်တဲ့ သိသင့်တဲ့ အချက် (၁၀) ခု ♫


Android O , Android Oreo , Android 8 ဘယ်လိုပဲ ခေါ်ခေါ် Google ရဲ့ နောက်ဆုံးထုတ် Android OS နဲ့ ပတ်သက်တဲ့ သိသင့်တဲ့ အချက် (၁၀) ခု ရှိပါတယ်။ Android Oreo မှာ စွမ်းဆောင်ချက် အသစ်များ၊ လျှို့ဝှက် စွမ်းဆောင်ချက်များလည်း ပါရှိပါတယ်။ သူ့ရဲ့ အကောင်းစား စွမ်းဆောင်ချက် များကို အောက်မှာ လေ့လာပါ။

၁။ O ရဲ့ အရှည်ဟာ Oreo
Google ရဲ့ နောက်ဆုံးထုတ် Android OS ကို Android 8 လို့ အမည်ပေးထားမယ်ဆိုတာ အားလုံး သိကြပါတယ်။ ဒါပေမယ့် သူ့ရဲ့ အချိုမုန့် အမည် အပြည့်အစုံကို မသိခဲ့ရဘဲ အတိုကောက် အနေဖြင့် Android O လို့သာ သိခဲ့ရပါတယ်။ အခုတော့ Google က O ရဲ့ အရှည်ဟာ Oreo ဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။

၂။ Android Oreo ဖြန့်ချီမယ့် အချိန်
Google က Android Oreo ကို သြဂုတ်လ ၂၁ ရက်နေ့မှာ စတင်ဖြန့်ချီပေးလိုက်ပြီ ဖြစ်ပြီး Google Pixel , Pixel XL , Pixel C , Nexus 6P, Nexus 5X တို့မှာ အရင်ဆုံး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် Sony, Samsung , LG, HTC, Huawei, Honor, OnePlus, Motorola , Xiaomi တို့ရဲ့ Android Device များမှာတော့ ရက်သတ္တပတ် အနည်းငယ်ကနေ လများစွာ အထိ စောင့်ဆိုင်းရနိုင်ပါတယ်။ ဒီလို အချိန်ကြာမြင့်ရခြင်းမှာ စမတ်ဖုန်း ထုတ်လုပ်သူများက သူတို့ရဲ့ ဆော့ဖ်ဝဲများနဲ့ Android OS ကို ပေါင်းစည်းရခြင်းအတွက် ဖြစ်ပါတယ်။ ဘရန်းများစွာ ထုတ်လုပ်ထားတဲ့ ကုမ္ပဏီများက စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများအတွက် Android OS ကို အရင်ဆုံး ဖန်တီးပေးလေ့ရှိပါတယ်။ အဲဒီနောက်မှာမှ စွမ်းဆောင်ရည်သင့်နဲ့ စွမ်းဆောင်ရည်နိမ့် စမတ်ဖုန်းများအတွက် ပြုလုပ်ပေးခြင်း ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် စွမ်းဆောင်ရည်မြင့် တန်ဖိုးကြီး စမတ်ဖုန်း ကိုင်ဆောင်သူများက Android Oreo ကို သိပ်မစောင့်ရဘဲ ရရှိမှာပါ။

၃။ Picture-in-Picture Mode


Android Oreo မှာ Picture-in-Picture Mode ပါလာပါတယ်။ သူက App တစ်ခုကို သုံးနေစဉ်မှာ ဗီဒီယိုတစ်ခုကို Pop-Up အနေဖြင့် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ တစ်ပြိုင်နက်ထဲ အလုပ် ၂ ခုကို ပြုလုပ်နိုင်မှာပါ။ ဒီစွမ်းဆောင်ချက်ဟာ ၆ လက်မနဲ့ အထက် စမတ်ဖုန်းများနဲ့ တက်ဘလက်များအတွက် ပိုမို သင့်တော်ပါတယ်။

၎။ Notification Dots



Google က Oreo မှာ Notification Dots ကို မိတ်ဆက်လိုက်ပါတယ်။ App Icon ကို ဖိထားရင် Notification များကို အသေးစိတ် ပြသပေးမှာ ဖြစ်ပါတယ်။ အဲဒီအတွက် Notification များကို ဖတ်ဖို့ App ကို ဖွင့်ခြင်း၊ Notification Bar ကို ဆွဲချခြင်းများ ပြုလုပ်ဖို့ မလိုတော့ပါဘူး။ Notification များ ၀င်လာရင် App Icon ရဲ့ ညာဘက်အပေါ်ထိပ်မှာ အရောင်စက်ဝိုင်းငယ်ဖြင့် ပြသပေးမှာပါ။

၅။ ၂ ဆ လျှင်မြန်ခြင်း။



Google က Android Oreo ကို အမြန်ဆုံး ဖြစ်အောင် ဖန်တီးထားပါတယ်။ သူဟာ Apps များကို ဖွင့်ခြင်း၊ Boot တက်ခြင်းများမှာ Android Nougat ထက် ၂ ဆ ပိုမို လျှင်မြန်လာတယ်လို့ Google က ပြောပါတယ်။ ဒီ စွမ်းဆောင်ချက်ဟာ တန်ဖိုးနည်း စွမ်းဆောင်ရည်နိမ့် စမတ်ဖုန်းများကိုလည်း လျှင်မြန်စေတဲ့ အတွက် အလွန် အသုံးဝင်ပါတယ်။

၆။ ဘက်ထရီ သက်တမ်း ပိုမို ကြာရှည်လာခြင်း။
Google က Android Oreo တွင် နောက်ကွယ်မှာ Run နေတဲ့ Apps များကို စီမံခန့်ခွဲရာမှာ ပိုမို စမတ်ကျလာတဲ့ Background Limits စွမ်းဆောင်ချက်ကို ထည့်သွင်းပေးထားပါတယ်။ သူက နောက်ကွယ်မှ ဗီဒီယိုများ၊ Services များနဲ့ ဖုန်းရဲ့ တည်နေရာကို အွန်လိုင်းသို့ ပေးပို့နေခြင်းများကို ကန့်သတ်မှာ ဖြစ်တဲ့အတွက် ဘက်ထရီ သက်တမ်းကို ပိုမို ကြာရှည်စေပါတယ်။

၇။ နောက်ဆုံးထုတ် Emoji များကို အသုံးပြုနိုင်ခြင်း။



Android O မှာ Users များ အနေဖြင့် နောက်ဆုံးထုတ် Emoji များကို လက်မလွတ်ရဘဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒီလို သုံးနိုင်အောင် Google က Developers များအတွက် သူတို့ရဲ့ ကီးဘုတ်များမှာ မရှိသေးတဲ့ Emoji များကို ရယူနိုင်တဲ့ Emoji Library အသစ်ကို ပံ့ပိုးပေးထားပါတယ်။

၈။ ရွေးချယ်စရာ အိုင်ကွန်များ

Android Developers များဟာ အခုဆိုရင် Device တစ်ခုရဲ့ စတိုင်နဲ့ ကိုက်ညီတဲ့ အိုင်ကွန်များကို ဖန်တီးနိုင်ပါပြီ။ အဲဒီအတွက် သင့်ဖုန်းမှာ Default အားဖြင့် လုံးဝန်းတဲ့ App Icon ကို သတ်မှတ်ထားပေမယ့် လေးထောင့် အိုင်ကွန်များကို သင်က ပြောင်းသုံးနိုင်ပါပြီ။

၉။ စမတ် ကျလာတဲ့ Copy and Paste


Android Oreo မှာ Copy and Paste ကလည်း စမတ်ကျလာပါတယ်။ ဖုန်းနံပါတ် တစ်ခုကို ကော်ပီလုပ်လိုက်ရင် သူက Phone App ၊ အီးမေးလိပ်စာတစ်ခုကို ကော်ပီ လုပ်လိုက်ရင် Gmail နဲ့ လိပ်စာတစ်ခုကို ကော်ပီလုပ်လိုက်ရင် Google Maps တို့ကို အကြံပြုပေးမှာပါ။

၁၀။ Notification Channels

Google က Android ရဲ့ Notification ကို အစဉ် အဆင့်မြှင့်ပေးနေပါတယ်။ Android O မှာလည်း Notification များကို ကဏ္ဍများဖြင့် ခွဲခြားပြသမယ့် Notification Channels ကို မိတ်ဆက်လိုက်ပါတယ်။ ဥပမာအားဖြင့် App တစ်ခုရဲ့ နည်းပညာနဲ့ ပတ်သက်တဲ့ Notification များကို ပိတ်ပင်ထားနိုင်ပြီး သတင်းနဲ့ ပတ်သက်တာတွေရဲ့ Notification များကို ပြသခိုင်းနိုင်ပါတယ်။




Credit to ==> Digital Times





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com



0 comments:

Post a Comment