တိုင်းနဲ့ ပြည်နယ် ၅ ခုမှာ မိုးများနိုင်



ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ကရင်နဲ့ မွန် စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၅ ခုမှာ နောက် ၂ ရက်အတွင်း မိုးများနိုင်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

မုတ်သုံလေအားကောင်းနေတဲ့အပြင် အရှေ့ဘက်က လေဖိအားလျော့နည်းတဲ့နေရာက တိမ်တွေရွေ့လာ တာကြောင့် မိုးများနိုင်တာဖြစ်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။

"ဒီမုတ်သုံလေအင်အား အားကောင်းနေတာပေါ့နော်။ အားကောင်းနေတာတစ်ချက်ပေါ့နော်။ နောက်တစ် ချက်ကတော့ ဒီအရှေ့ဘက်ကနေ ပြီးတော့မှ ပင်လယ်ကမ်းခြေက လေဖိအားလျော့နည်းနေတဲ့နေ ရာပေါ့နော်။ အဲ့ဒီကနေပြီးတော့မှ ပြတ်ထွက်လာတဲ့ တိမ်တိုက်တွေကြောင့် တောင်ပိုင်းနဲ့ မြစ်ဝ ကျွန်းပေါ်ဒေသတွေမှာ နောက် ၂ ရက် ၃ ရက်လောက်အထိ မိုးအားကောင်းနေမယ့် အနေထားပေါ့နော်။"

စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ရှမ်း၊ တနင်္သာရီ၊ ကချင်၊ ချင်း၊  ရခိုင်ပြည်နယ် ၊ နေပြည်တော်၊ ပဲခူး စတဲ့နေရာတွေမှာ လည်း မိုးရွာနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မြစ်ရေကြီးတာနဲ့ ပတ်သက်ပြီး လက်ရှိမှာ ဧရာဝတီမြစ်ရေဟာ သပိတ်ကျင်းမြို့မှာ စိုးရိမ်ရေမှတ်ကို ရောက်ရှိနေ ပြီး၊ နောက် ၂ ရက်အတွင်းမှာတော့ ပခုက္ကူမြို့ရဲ့ စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ သပိတ်ကျင်းမြို့နယ်မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်နေ့ကစပြီး ကျေးရွာ ၅ ရွာ ရေနစ်မြုပ်ခဲ့သလို ရပ်ကွက် ၂ ခု မှာ ရေ၀င်ရောက်နေတဲ့အတွက် စာသင်ကျောင်း ၆ ကျောင်းကို ယာယီပိတ်ထားရပါတယ်။

အဲဒီကျေးရွာနဲ့ ရပ်ကွက်တွေက ရေဘေးသင့်သူ လူဦးရေ တစ်ထောင်ကျော်ဟာ ဘုန်းကြီး ကျောင်းတွေ၊ ဆွေ မျိုးတွေနေအိမ်နဲ့ ကုန်းမြင့်တဲ့နေရာတွေမှာ ယာယီခိုလှုံနေရပါတယ်။

ချင်းတွင်းမြစ်ရေဟာ ဟုမ္မလင်းမြို့နဲ့ ဖောင်းပြင်မြို့တွေမှာ စိုးရိမ်ရေမှတ်ကို ကျော်နေပါတယ်။ မော်လိုက်မြို့၊ ကလေးဝမြို့နဲ့ မင်းကင်းမြို့တွေမှာလည်း စိုးရိမ်ရေမှတ် ကို ကျော်နေပြီး နောက် ၁ ရက်အတွင်း ရေထပ် တက်နိုင်တယ်လို့လည်း သိရပါတယ်။

သံလွင်မြစ်ရေကတော့ ဘားအံမြို့မှာ စိုးရိမ်ရေမှတ်ကို ကျော်လွန်နေပြီး နောက် ၁ ရက်အတွင်း ဆက်တက်နိုင် တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။


RFA Burmese


0 comments:

Post a Comment