♪ “Xiaomi က Limited Edition Mercury Silver Mi 6 ကိုရောင်းချ” ♫

Image may contain: phone and text

ရှောင်မီကတရုတ်မှာLimited Edition Mercury Silver Mi 6 ကို ထပ်မံရောင်းချပေးလိုက်ပါတယ်။ အဲဒီမော်ဒယ်ကို သြဂုတ်လ ၃ ရက်နေ့ မှာပထမဆုံးအကြိမ် အကန့်အသတ်ဖြင့် ရောင်းချပေးခဲ့ခြင်း ဖြစ်ပြီး အလုံးရေ ၁၀၀ ခန့်သာရောင်းချပေးခဲ့တယ်လို့ သိရပါတယ်။

ယခုဒုတိယအကြိမ်မှာလည်းအလုံးရေ ၁၀၀ ခန့်သာရောင်းချပေးမယ်လို့ ထင်ရပါတယ်။ Mercury Silver Mi 6 မှာ 6GB RAM, 128GB Internal Storage ထည့်သွင်းထားပြီးယွမ် ၃၉၉၉ ( ယူရို ၅၀၉) ကျသင့်မှာ ဖြစ်ပါ တယ်။

Mercury Silver Mi 6 ရဲ့ အခြား Specification များကတော့ မူလ မော်ဒယ်များနဲ့ တူညီပါတယ်။ Mercury Silver Mi 6 မှာ၅.၁၅ လက်မ 1920x1080 Full HD Display ထည့်သွင်းထားပါတယ်။ Qualcomm ရဲ့ စွမ်းဆောင်ရည်မြင့် Snapdragon 835 Chipset မောင်းနှင်မှာ ဖြစ်ပါ တယ်။ 3350mAh Battery တပ်ဆင်ထားပြီး Android 7.1.1 Nougat ကို Xiaomi MIUI 8.0 ဖြင့် ပေါင်းစပ်ထားပါတယ်။

Mi 6 ရဲ့ အနောက်ဘက်မှာ 12MP Camera ၂ လုံးကိုပူးတွဲတပ်ဆင် ထားပြီး Apple iPhone 7 Plus မှာလိုတစ်လုံးမှာ မြင်ကွင်းကျယ် ဖြစ်ပြီး နောက်တစ်လုံးမှာ Telephoto Lenses ဖြစ်ပါတယ်။ ကင်မရာ များက Optical Zoom ကို ၂ ဆ ဆွဲပေးနိုင်တယ်လို့ ကုမ္ပဏီကပြောပါတယ်။ ဒါ့အပြင် ဓါတ်ပုံများ Blur ဖြစ်ခြင်းကိုကာကွယ်ပေးနိုင်တဲ့ 4-Axis Stabilization ပါပါတယ်။



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com



0 comments:

Post a Comment