♪ " Octa Core Snapdragon 653 Processor နှင့် ငွေကျပ် (3) သိန်းဝန်းကျင် Coolpad Cool Play 6 " ♫

Image may contain: phone


Coolpad က flagship စမတ်ဖုန်းအသစ် Cool Play 6 ကို သြဂုတ်လ 20 ရက်နေ့မှာ မိတ်ဆက်လိုက် ပြီပဲ ဖြစ်ပါတယ်။ တရုတ်စမတ်ဖုန်းထုတ်လုပ်သူ Coolpad က flagship စမတ်ဖုန်းဖြစ်တဲ့ Cool Play 6 ကို ကမ္ဘာတစ်ဝှမ်းလုံးက ဈေးကွက်တွေကိုပါ ဦးတည်ထုတ်လုပ်လိုက်တာပါ။
Cool Play 6 နဲ့ပတ်သက်တဲ့ နမူနာအချက်အလက်နဲ့ သတင်းတွေ တင်ခဲ့ပြီး မိတ်ဆက်မယ့်ရက်ကိုတော့ သြဂုတ်လ 6 ရက်နေ့မှ 20 ရက်နေ့အထိလို့ ဖော်ပြထားတာ ဖြစ်ပါတယ်။ game-changer လို့နာမည်ပေးထားတဲ့ ဒီစမတ်ဖုန်းသစ်ကို Dubai မှာပြုလုပ်ခဲ့တဲ့ event အတွင်း မိတ်ဆက်ခဲ့ပြီးဖြစ်တယ်လို့ Coolpad Group ရဲ့ Global CEO ဖြစ်သူနဲ့ dia ရဲ့ CEO ဖြစ်သူ Syed Tajuddin တို့က ဖော်ပြခဲ့ပါတယ်။ Teaser အရတော့ Coolpad Cool Play 6 ကို သြဂုတ်လ 20 ရက်နေ့ အိန္ဒိယမှာ မိတ်ဆက်မယ်လို့ ညွှန်ပြထားပြီး ပွဲရဲ့နာမည်ကတော့ Live to Play လို့ ပေးခဲ့တာဖြစ်ပါတယ်။
Coolpad အိန္ဒိယရဲ့ ထုတ်ပြန်ချက်အရ ဒီစမတ်ဖုန်းက game changer device ဖြစ်ပြီး လုပ်ဆောင်ချက်အမြင့်တွေဖြစ်တဲ့ metal uni-body design ၊ 6GB RAM ပါဝင်ပြီး performance ကောင်း တာတွေအပြင် အခြားလုပ်ဆောင်ချက်တွေလည်း ကောင်းမွန်တဲ့ ဘတ်ဂျက် စမတ်ဖုန်းလည်း ဖြစ်ပါတယ်။ ဒီစမတ်ဖုန်းကို 2017 မေလတုန်းက မိတ်ဆက်ခဲ့တာဖြစ်ပြီး ရွှေရောင်နဲ့ အနက်ရောင်ပဲ ရရှိမယ်လို့ သိရပါတယ်။
ဈေးနှုန်းကတော့ တရုတ်ယွမ် 1499 (မြန်မာငွေကျပ် 3 သိန်းဝန်းကျင်) ရှိပါတယ်။ Cool Play 6 ရဲ့လုပ်ဆောင်ချက်တွေထဲမှာ (1920 x 1080 pixels) နဲ့ 5.5 လက်မ Full HD Display၊ Adreno 510 GPU တစ်စုံနဲ့ octa-core Snapdragon 653 processor (Quad 1.95GHz ARM Cortex A72 + Quad 1.44GHz A53) ၊ 6GB RAM ၊ 64 GB internal storage ပါဝင်ပြီး microSD card ကိုအသုံးပြုပြီး memory ကို တိုးချဲ့နိုင်ပါတယ်။
4060 mAh ဘက်ထရီ ၊ Android 7.1.1 Nougat ၊ f/2.0 aperture နဲ့ 13-megapixel dual ကင်မရာပါဝင်ပြီး နောက်ကျောဘက်မှာ LED flash ပါဝင်ပါတယ်။ ရှေ့ဘက်မှာတော့ ဆယ်ဖီးအတွက်နဲ့ video ခေါ်ဆိုမှုအတွက် f/2.2 aperture နဲ့ 8-megapixel ကင်မရာ ပါဝင်ပါတယ်။ နောက်ကျောဘက်မှာ fingerprint sensor ပါဝင်ပြီး dual SIM ၊ VoLTE နဲ့ 4G ၊ WiFi (802.11 ac/a/b/g/n) ၊ Bluetooth 4.1 ၊ GPS ၊ USB Type-C port ၊ 152 x 75.2 x 8.45 mm နဲ့ အလေးချိန် 170 ဂရမ်ရှိတယ်လို့ သိရပါတယ်။

Ref: www.gizbot.com

သံစဉ်ချို








<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com



0 comments:

Post a Comment