♪ " မြန်မာငွေကျပ် ၁၃ သိန်းဝန်းကျင်ရှိနိုင်တဲ့ Gionee M2018 စမတ်ဖုန်း " ♫

Image may contain: phone

မနှစ်က ဒီဇင်ဘာလမှာ Gionee က high-end စမတ်ဖုန်းဖြစ်တဲ့ 7000mAh polymer lithium-ion ဘက်ထရီနဲ့ M2017 ကို မိတ်ဆက်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ Gionee M2017 ရဲ့ အောင်မြင်မှုပေါ်မူတည်ပြီး M2018 စမတ်ဖုန်းကို ထပ်မံမိတ်ဆက်တော့မှာပဲ ဖြစ်ပါတယ်။
 
မော်ဒယ်နာမည် M2018 နဲ့ Gionee စမတ်ဖုန်းက TENAA ရဲ့ စာရင်းမှာထွက်ပေါ်လာတာဖြစ်ပြီး ဒီစမတ်ဖုန်းနဲ့ ပတ်သက်တဲ့ လုပ်ဆောင်ချက်တွေကို ဖော်ပြထားခြင်းမရှိပါဘူး။ ဒီစမတ်ဖုန်းရဲ့ အရှေ့နဲ့အနောက် မျက်နှာပြင်တွေ ကို ဖော်ပြထားတဲ့ ပုံတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပြီး ပြသထားတဲ့ပုံအရ Gionee M2017 နဲ့ ဆင်တူတာကို တွေ့ရမှာပါ။ 
 
ထွက်ပေါ်လာတဲ့ ပုံအရတော့ Gionee M2018 ရဲ့ကျောဘက်မှာ ကင်မရာတစ်လုံးပဲ ပါဝင်တာကိုလည်း အံ့သြဖွယ် တွေ့မြင်ရမှာပါ။ သူ့ရဲ့ အရှေ့မှာထွက်ရှိထားတဲ့ M2017 မှာတောင် နောက်ကျောဘက် ကင်မရာကို dual camera အသုံးပြုခဲ့တာကြောင့် အခုအသစ်မိတ်ဆက်မယ့် M2018 မှာ dual camera တပ်ဆင်ခြင်းမပြုဖို့ ကုမ္ပဏီက ဘယ်လိုကြောင့် ဆုံးဖြတ်ခဲ့သလဲဆိုတာ စဉ်းစားစရာပါပဲ။ main camera အောက်မှာ LED flash တပ်ဆင်ထား တာ တွေ့ရပါတယ်။


စမတ်ဖုန်းရဲ့ ရှေ့မျက်နှာပြင်ကို ကြည့်ခြင်းအားဖြင့် ဘေးဘောင်နှစ်ဖက်က bezelless ဖြစ်နေပြီး အပေါ် နဲ့အောက် ဘောင်တွေကတော့ ပါဝင်နေပါသေးတယ်။ အောက်ဘက်မှာ home button ကိုလည်း တွေ့ရမှာဖြစ်ပြီး fingerprint scanner လည်း ပါဝင်ပုံရပါတယ်။


TENAA မှာဖော်ပြထားချက်အရ Gionee M 2018 မှာ LTE network ကိုထောက်ပံ့ပေးထားပြီး dual-sim အသုံးပြု ထားတယ် ဆိုတာပါပဲ။ ဒီစမတ်ဖုန်းကို သြဂုတ် 14 ရက်နေ့က TENAA ဝက်ဘ်ဆိုက် list မှာ စာရင်းသွင်းခဲ့ပြီးဖြစ်တာကြောင့် Gionee M2017 မိတ်ဆက်ချိန်ဖြစ်တဲ့ ဒီဇင်ဘာလလောက်မှာပဲ မိတ်ဆက်ဖွယ် ရှိပါတယ်။ TENAA မှာ စာရင်းဝင်ပြီးပြီဖြစ်လို့ တစ်ခြား benchmark website တွေမှာလည်း ဒီ စမတ်ဖုန်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေ ထပ်ထွက်လာဖို့ သိပ်စောင့်ရမှာ မဟုတ်ပါဘူး။


M2017 တုန်းက ဈေးမြင့်ပေမယ့် အောင်မြင်ခဲ့တာကြောင့် အခုထပ်မံမိတ်ဆက်မယ့် M2018 စမတ်ဖုန်းရဲ့ ဈေးနှုန်းက လည်း အမေရိကန်ဒေါ်လာ 1000 ဝန်းကျင် (မြန်မာငွေကျပ် 13 သိန်းဝန်းကျင်) ရှိနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။



# www.gizbot.com

သံစဉ်ချို

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com



0 comments:

Post a Comment