♪ " Samsung Galaxy S8 Active VS Samsung Galaxy S8 Plus " အဆင့်မြင့်စမတ်ဖုန်းနှစ်လုံးကိုနှိုင်းယှဉ်ကြည့်ရအောင် ♫

Image may contain: phone

ဈေးကွက်ထဲမှာ လူစိတ်ဝင်စားနေကြတဲ့ အဆင့်မြင့်စမတ်ဖုန်းတွေထဲမှာပါဝင်တဲ့ Samsung Galaxy S8 Active နဲ့ S8 Plus ဆိုတဲ့ ဖုန်း 2 လုံးကို ဒီတစ်ပတ်မှာ နှိုင်းယှဉ်ပြောပြသွားမှာ ဖြစ်ပါတယ်။ ၄င်းဖုန်း 2 လုံးကို 4 လလောက်ခြားပြီး ထုတ်လုပ်ပေးခဲ့ပြီး ၎င်းဖုန်း 2 လုံးက တူညီတာတွေများပြားပြီး ဒီဇိုင်းပုံစံ၊ မျက်နှာပြင်အကျယ်နဲ့ ဘက်ထရီစွမ်းအားတွေမှာပဲ အဓိကကွာခြားပါတယ်။ ဒီဇိုင်းပုံစံမှာ S8 Plus က Premium ကျကျနဲ့ လှပခန့်ညားပြီး S8 Active ကတော့ အကြမ်းခံတဲ့ တောင့်တောင့်တင်းတင်းကိုယ်ထည်ဖြစ်အောင် တည်ဆောက်ပေးထားတာ တွေ့ရပါတယ်။ ကျန်တဲ့အရည်အသွေးပိုင်းကတော့ ဘာမှသိပ်မကွာခြားပါဘူး။ ၎င်းဖုန်းတွေကို GSM, HSPA နဲ့ LTE networks တွေမှာ အသုံးပြုနိုင်ပြီး ဖုန်း 2 ခုလုံးမှာ Nano SIM card ကို ထည့်သုံးနိုင်ပါတယ်။ ဖုန်း 2 ခုလုံးရဲ့ နောက်ကျောဘက်မှာ fingerprint sensor ကို တပ်ဆင်ပေးထားပါတယ်။ ဘက်ထရီစွမ်းအားပိုင်းမှာ S8 Active က Non-removable Li-Ion 4000 mAh battery ပါရှိပြီး S8 Plus မှာတော့ Non-removable Li-Ion 3500 mAh battery ကိုသာ ထည့်သွင်းပေးထားပါတယ်။

* Design *

1. Samsung Galaxy S8 Active

Samsung S8 Active ရဲ့အရွယ်အစားက 151.9 × 74.9 × 9.9 mm ဖြစ်ပြီး 208.1g လေးပါတယ်။ ဒါကြောင့် တော်တော်လေးကိုထူပြီး လေးပါတယ်။ ၎င်းကို မီးခိုးရောင်နဲ့ ရွှေရောင်ဆိုတဲ့ အရောင် 2 မျိုး ရရှိနိုင်ပါတယ်။

2. Samsung Galaxy S8 Plus

Samsung S8 Plus ရဲ့အရွယ်အစားကတော့ 159.5 × 73.4 × 8.1 mm ရှိပြီး 173g အလေးချိန် ရှိပါတယ်။ ဒါကြောင့် S8 Active ထက် ပိုမိုပါးလွှာပေါ့ပါးပါတယ်။ သူ့ကိုတော့ အမည်း၊ မီးခိုး၊ ငွေရောင်၊ အပြာ၊ ရွှေရောင်နဲ့ ပန်းရောင်တွေကို ရွေးချယ်နိုင်ပါတယ်။

* Processor *

1. Samsung Galaxy S8 Active

စက်စွမ်းဆောင်ရည်ပိုင်းအတွက် RAM 4GB ပါရှိတဲ့ Snapdragon 835 Octa-core (4×2.35GHz Kryo & 4×1.9GHz Kryo) processor နဲ့ Adreno 540 GPU တို့ကို ပံ့ပိုးထားပါတယ်။ ဒါကြောင့် မြန်ဆန်တဲ့ စွမ်းဆောင်ရည်တွေကို ပေးစွမ်းနိုင်မှာပါ။

2. Samsung Galaxy S8 Plus

၎င်းမှာလည်း တူညီတဲ့ RAM စွမ်းအား၊ Chipset နဲ့ Processor တို့ကို သုံးထားတဲ့အပြင် အသုံးပြုထားတဲ့ Graphics Card ကလည်း အတူတူပါပဲ။ ဒါကြောင့် လုပ်ဆောင်နိုင်စွမ်းက တူညီမှုရှိတာကို တွေ့ရပါတယ်။

* Display *

1. Samsung Galaxy S8 Active

မျက်နှာပြင်အကျယ် 5.8-inch ရှိပြီး Super AMOLED capacitive touchscreen display အမျိုးအစားကို သုံးစွဲထားပါတယ်။ ပြသပေးနိုင်တဲ့ မြင်ကွင်းစွမ်းအားက 1440×2560 pixels ရှိပြီး 1 လက်မ သိပ်သည်းဆက ~506 ppi pixels ပမာဏတောင် ရှိပါတယ်။

2. Samsung Galaxy S8 Plus

သူက မျက်နှာပြင်အကျယ် 6.2-inch တောင်ရှိပြီး သုံးစွဲထားတဲ့ မျက်နှာပြင်အမျိုးအစားကတော့ အတူတူပါပဲ။ ၎င်းမျက်နှာပြင်ကလည်း S8 Active နဲ့တူညီတဲ့ မြင်ကွင်းစွမ်းအားတွေကို ပေးစွမ်းနိုင်သလို Multitouch စနစ်ကိုလည်း ဖုန်း 2 လုံးစလုံးမှာ သုံးစွဲနိုင်ပါတယ်။

* Verdict *

1. Samsung Galaxy S8 Active

Samsung Galaxy S8 Active က အဆင့်မြင့်နောက်ဆုံးပေါ်စမတ်ဖုန်း တစ်လုံးကို ကိုယ်ထည်တောင့်တောင့်တင်းတင်းနဲ့ အကြမ်းခံနိုင်ဖို့ ရည်ရွယ်ချက်တွေနဲ့ ထုတ်လုပ်ပေးထားတာ ဖြစ်ပါတယ်။ သူက ရေဒဏ်နဲ့ ဖုန်ဒဏ်တွေကို ခံနိုင်ရည်ရှိသလို ပြုတ်ကျမှုဒဏ်တွေကိုလည်း ခံနိုင်တာကြောင့် ခရီးကြမ်းတွေသွားတဲ့အခါမှာလည်း သုံးနိုင်ပါတယ်။

2. Samsung Galaxy S8 Plus

Samsung Galaxy S8 Plus ကတော့ နောက်ဆုံးပေါ် အဆင့်မြင့်စမတ်ဖုန်းကို ခေတ်မီဆန်းသစ်တဲ့ ဒီဇိုင်းနဲ့ Premium ကျကျ ကိုင်ချင်တဲ့သူတွေအတွက် အလွန်အဆင်ပြေပါတယ်။ ဈေးနှုန်းက မြင့်မားပေမယ့် ပေးရတဲ့ဈေးနှုန်းနဲ့ ထိုက်တန်တဲ့စွမ်းဆောင်ရည်တွေကို ပေးစွမ်းနိုင်မှာပဲဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com



0 comments:

Post a Comment