♪ “HMD က စွမ်းဆောင်ရည်မြင့် ၉၆၀,၀၀၀ ကျပ် ၀န်းကျင်ရှိတဲ့ Nokia 8 ကိုမိတ်ဆက်” ♫

Image may contain: phone

နိုကီရာစမတ်ဖုန်းလုပ်ငန်းကို ၀ယ်ယူထားတဲ့ HMD က စွမ်းဆောင်ရည် မြင့် Nokia 8 ကိုကြေညာလိုက် ပါတယ်။ Nokia 8 မှာ ၅.၃ လက်မ IPS LCD QHD Display တပ်ဆင်ထားပြီး မျက်နှာပြင်ကို 2.5D Gorilla Glass 5 ဖြင့် ကာကွယ်ထားပါတယ်။Nokia 8 ကိုအလူမီနီယမ် ကိုယ်ထည်ဖြင့် တည်ဆောက်ထားပါတယ်။

Nokia 8 မှာ Snapdragon 835, 64GB Storage, 4GB RAM , microSD Slot , 3090mAh Battery များတပ်ဆင်ထားပါတယ်။ လျင်မြန်စွာ အားသွင်းနိုင်တဲ့ Qualcomm Quick Charge 3.0 ပါပါတယ်။ Pure Android 7.1 မောင်းနှင်မှာပါ။ ၇.၉ မီလီမီတာသာအထူရှိတဲ့ အတွက် အလွန် ပါးလွှာတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။

Nokia 8 ရဲ့ အနောက်ဘက်မှာ 13MP Camera ၂ လုံးနဲ့ အရှေ့ဘက်မှာ 13MP Camera ၁ လုံးတပ်ဆင်ထားပြီးကင်မရာအားလုံးကို Zeiss က ထုတ်လုပ်ပေးထားပါတယ်။ အနောက်ကင်မရာ ၂ လုံးထဲမှ ၁ လုံးဟာ Color ဖြစ်ပြီးအခြား ၁ လုံးဟာ Monochrome ဖြစ်ပါတယ်။ Color Camera မှာ Optical Image Stabilization , Laser Autofocus များပါပါတယ်။ အနောက်ဘက်မှာ LED Flash ၂ လုံးတပ်ဆင် ထားတဲ့ အတွက် အလင်းရောင် နည်းပါးတဲ့ နေရာများမှာတောင် ဓါတ်ပုံကောင်း များရိုက်ကူးနိုင် ပါတယ်။

အရှေ့ဘက် ကင်မရာမှာPhase Detection Autofocus ပါပါတယ်။ အရှေ့နဲ့ အနောက်ကင်မရာများကနေ မြင်ကွင်းနှစ်ခုကိုYouTube, Facebook တို့မှာတစ်ပြိုင်နက် Live ထုတ်လွှင့်နိုင်တဲ့ Dual-Sight စွမ်းရည်လည်း ပါပါတယ်။စက်တင်ဘာလမှာယူရို ၆၀၀ ( ၉၆၀,၀၀၀ ကျပ် ၀န်းကျင်) ဖြင့် ရောင်းချမှာပါ။




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com



0 comments:

Post a Comment