♪ HTC ရဲ့နောက်ထပ်အမြင့်ဖုန်းတစ်လုံး - “HTC 10 Evo” Price » 379,000 Ks ♫

Image may contain: phone

ဒီတစ်ပတ်တော့ HTC ရဲ့ အမြင့်ဖုန်းတွေထဲမှာ တစ်လုံးအပါအ၀င်ဖြစ်တဲ့ HTC 10 Evo ဆိုတဲ့ စမတ်ဖုန်းကောင်းတစ်လုံး နဲ့မိတ်ဆက်ပေးချင်ပါ တယ်။ ၎င်းကိုပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလောက်က ဈေးကွက်ထဲသို့ စတင်ရောက်ရှိခဲ့ပြီး ဈေးနှုန်းက လည်း မြင့်မားပါတယ်။ ဈေးနှုန်းလည်း မြင့်မားသလို ဒီဖုန်းမှာ ကောင်းမွန်တဲ့ specs တွေနဲ့ features တွေအများအပြားကိုလည်း ထည့်သွင်းပေးထားပါတယ်။ ၎င်းက HTC 10 ကို ထပ်မံအဆင့်မြှင့်တင်ပေးထားတာဖြစ်ပြီး ဒီဇိုင်းပုံစံလည်း အနည်းငယ် ကွဲပြား ပါတယ်။ ဒါပေမယ့် ကိုယ်ထည်တစ်ခုလုံးကို သတ္တုနဲ့ပြုလုပ်ထား ပုံချင်းတော့ တူညီပါတယ်။ ထူးခြားချက်က ၎င်းမှာ USB Type-C dual adaptive earphones ကို သုံးထားတဲ့ ကမ္ဘာ့ပထမဆုံးအဆင့်မြင့် စမတ်ဖုန်းပဲဖြစ်ပါတယ်။ ဒါကြောင့် နားကြပ်နဲ့သီချင်းတွေကို နားထောင်တဲ့ အခါ ကြည်လင်ပြတ်သားတဲ့အသံတွေကို ရရှိနိုင်တဲ့အပြင် HTC ရဲ့ BoomSound Adaptive Audio စနစ်ကို သုံးထားတဲ့အတွက် အသံ အရည်အသွေးအထူးကောင်းမွန်ပြီး Bass သံတွေလည်း ခိုင်မာမှုရှိပါ တယ်။ ဒါ့အပြင် IP57 certified ရရှိထားလို့ ရေဒဏ်နဲ့ ဖုန်ဒဏ်တွေကို ခံနိုင်ပြီး ရေအနက် ၁ မီတာမှာ မိနစ် ၃၀ ကြာမျှ ဖုန်းအသုံးပြုနိုင်ပါတယ်။ အခြားအားသာ ချက်တွေ အနေနဲ့ကတော့ မျက်နှာပြင်စွမ်းအား ကောင်းမွန်ခြင်း၊ ကိုယ်ထည် တောင့်တင်းခိုင်မာခြင်း၊ စက်စွမ်းဆောင် ရည်မြင့်မား ခြင်း၊ ဘက်ထရီစွမ်းအားပြည့်ဝခြင်းတွေကိုလည်း တွေ့ရပါ တယ်။

ဒီဖုန်းကို GSM, HSPA နဲ့ LTE networks တွေမှာ အသုံးပြုနိုင်ပြီး ထည့်သွင်းသုံးစွဲရမယ့် SIM card အမျိုးအစားကတော့ Nano SIM ပါ။ ဖုန်းအရွယ်အစားက 153.6 x 77.3 x 8.1 mm ရှိပြီး အလေးချိန်က 174g တောင် လေးပါတယ်။ ဒါကြောင့် အနည်းငယ်ထူပြီး သာမန်ဖုန်းတွေထက် နည်းနည်းလေး ပိုလေးပါတယ်။ ၎င်းက အရှေ့မျက်နှာပြင်ဘေး bezel ကျဉ်းပြီး အပေါ်အောက်ဘောင်တွေကတော့ နည်းနည်းကြီးပါတယ်။ အရှေ့ဘက် မျက်နှာပြင်ရဲ့ အပေါ်ဘက်မှာ အရှေ့ကင်မရာ Lens, Screen ရဲ့ အောက်ဘက်မှာ Home Button နဲ့ သူ့ဘေးတစ်ဖက် တစ်ချက်စီမှာ Capacitive button နှစ်ခုကို မြင်တွေ့ရမှာပါ။ နောက်ကျောဘက် အပေါ်အလယ်တည့်တည့်မှာတော့ အနောက် ကင်မရာ Lens တည်ရှိပြီး သူ့အပေါ်မှာ LED Flash မီးလုံးကို တပ်ဆင်ထားပါတယ်။ ပါဝါခလုတ်နဲ့အသံအတိုးအကျယ်ခလုတ် တွေအကုန်လုံးက ညာဘက်ဘေးဘောင်မှာရှိပြီး ကျန်တာတွေအားလုံး ကလည်း သူ့နေရာနဲ့သူသေသေသပ်သပ်ပါရှိပါတယ်။ အရှေ့မျက်နှာပြင် အကျယ်က ၅ လက်မခွဲရှိပြီး 1440 x 2560 pixels ရှိတဲ့ full HD အရည်အသွေး မြင်ကွင်းတွေကိုပေးစွမ်းနိုင်ပါတယ်။ 

၎င်းမျက်နှာပြင်ကိုတော့ Super LCD3 capacitive touchscreen display နဲ့ပြုလုပ်ထားပါတယ်။ ဒါကြောင့် ကြည်လင် ပြတ်သားတဲ့ပုံရိပ် တွေကို အသံအရည်အသွေး ကောင်းကောင်းနဲ့ ရရှိနိုင်မှာမို့ ရုပ်ရှင်တွေ၊ ဗီဒီယိုတွေကြည့်ရတာ အဆင်ပြေသလို ဂိမ်းကစားလို့လည်း ကောင်းပါ တယ်။ ဒါ့အပြင် မျက်နှာပြင်ပေါ်မှာ multitouch စနစ်ကို သုံးစွဲနိုင်ပြီး အကြမ်းခံနိုင်တဲ့ နောက်ဆုံး ပေါ် Corning Gorilla Glass 5 နဲ့ထပ်မံ ဖုံးအုပ်ပေးထားပါတယ်။ အထဲမှာ 7 .0 (Nougat) ကို run ထားပြီး အသုံးပြုရတာ အဆင် ပြေတဲ့ User Interface နဲ့ပြုလုပ်ပေးထားပါတယ်။ အနောက်ကင်မရာက 16 MP နဲ့ f2.0 aperture စွမ်းအားတွေကို ပေးစွမ်းနိုင် လို့ အရည်အသွေးမြင့်မားတဲ့ ဓာတ်ပုံတွေနဲ့ 30fps မှာ 2160p အရည်အသွေးရှိတဲ့ ဗီဒီယိုတွေကို ရိုက်ကူးနိုင်ပါတယ်။ အရှေ့ ကင်မရာ ကတော့ 8 MP နဲ့ 2.4 aperture စွမ်းအားပါရှိတာကြောင့် အသင့်အတင့် ရှိတဲ့ Selfie ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို ရိုက်ယူနိုင်မှာပါ။

ဖုန်းထဲမှာ data တွေကို သိမ်းဆည်းဖို့အတွက် internal memory 32GB ပါရှိတဲ့အပြင် Micro SD card ကို 256GB အထိ ထပ်မံစိုက်ထည့်သုံးစွဲနိုင် ပါတယ်။ ယာယီမှတ်ဥာဏ်စွမ်းအား RAM က 3GB ပါရှိပြီး စက်စွမ်းဆောင်ရည်ပိုင်း အတွက်လည်း ကောင်းမွန်တဲ့ chipset နဲ့ Processor တို့ကို ထောက်ပံ့ပေးထားပါတယ်။ ၄င်းမှာ 2.0, Type-C 1.0 reversible connector နဲ့ Bluetooth 4.1, A2DP နဲ့ LE စနစ်တွေပါ ရှိပါတယ်။ ဒါ့အပြင် NFC စနစ်ကိုလည်း အသုံးပြုနိုင်ပြီး အရှေ့ဘက် Home Button မှာလည်း အဆင့်မြင့် fingerprint sensor ကို ထည့်သွင်း ပေးထားပါသေးတယ်။

<Design & Display>

၎င်းရဲ့ဒီဇိုင်းပုံစံက အရင် HTC 10 အတိုင်းပဲ ကိုယ်ထည်တစ်ခုလုံးကို သတ္တုနဲ့ပြုလုပ်ထားပေမယ့် နောက်ကျောဘက် ကတော့ ပြားပြားလေးဖြစ် သွားပါတယ်။ ၎င်းကို ငွေရောင်နဲ့အမည်းရောင်ဆိုတဲ့ အရောင် ၃ မျိုး ထုတ်လုပ်ထားပါတယ်။ Super LCD3 capacitive touchscreen display က ၁ လက်မအတိုင်းအတာမှာ ~534 ppi pixels ပမာဏ သိပ်သည်းဆရှိတဲ့ မြင်ကွင်းတွေကိုပြသနိုင်မှာပါ။

<Camera>

16MP, f/2.0 aperture စွမ်းအားရှိတဲ့ အနောက်ကင်မရာမှာ OIS စနစ်ပါရှိတာကြောင့် အလင်းရောင် အားနည်းတဲ့ နေရာတွေမှာလည်း အကောင်းဆုံးဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို ရယူနိုင်ပါတယ်။ အရှေ့ ကင်မရာကတော့ 8MP, f/2.4 aperture စွမ်းအားပါရှိပါတယ်။

<Processor>

ကိုယ်ထည်အတွင်းထဲမှာ Qualcomm MSM8994 Snapdragon 810 chipset နဲ့ Octa-core (4x1.5 GHz Cortex-A53 & 4x2.0 GHz Cortex-A57) Processor တို့က ဟန်ချက်ညီညီပူးပေါင်းလုပ်ဆောင်ပေး ထားသလို Adreno 430 GPU လည်းပါရှိတာကြောင့် ရုပ်ထွက်တွေလည်း ကောင်းမွန်ပါတယ်။

<Performance>

၎င်းက ဖုန်းလိုင်းဆွဲအားကောင်းပြီး အင်တာနက် အသုံးပြုရတာလည်း လျင်မြန်မှုရှိတဲ့ အဆင့်မြင့် ဖုန်းတစ်လုံးပါ။ မြင့်မားတဲ့ စက်စွမ်းဆောင်ရည် ကြောင့် စက်ဟမ်းခြင်းမရှိဘဲ Multitasking တွေကိုလည်း တစ်ပြိုင်နက် တည်း ပြုလုပ်နိုင်ပါတယ်။

<Battery Life>

ထည့်သွင်းထားတဲ့ Non-Removable Li-Ion 3200 mAh battery က နာရီပေါင်း ၂၃ နာရီ ဖုန်းဆက်တိုက်ပြောနိုင်ပြီးFast battery charging (Quick Charge 2.0) စနစ်ပါရှိလို့ ဖုန်းအားသွင်းရတာလည်း မြန်ဆန်မှု ရှိပါတယ်။

<Technical Specs>

» Network............................ GSM/HSPA/LTE
» Dimensions....................... 153.6 x 77.3 x 8.1 mm 
» Weight.............................. 174g
» Display.............................. 5.5-inch, Capacitive 
Touchscreen
» OS.................................... Android 7.0 (Nougat)
» CPU................................... Octa-core
» Memory............................. 32GB, 3GB
» Camera............................. Back : 16 MP, Front : 8MP
» Connectivity....................... GSM, WLAN, Bluetooth 4.1, 
USB 2.1
» Sensors............................. Fingerprint, accelerometer, 
gyro, proximity, compass
» Battery.............................. Non-removable Li-Ion 3200 
mAh

Price » 379,000 Ks
Contact » 01-381035 (Ext-1,2,4)
(KMD)

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com



0 comments:

Post a Comment