♪ Android အတွက် အကောင်းဆုံး Mind-Mapping Apps များ ♫


Mind Maps ပြုလုပ်ခြင်းဟာ သင့်ရဲ့ အတွေး၊ အိုင်ဒီယာ၊ စီမံကိန်းများကို ရုပ်ပုံများဖြင့် ရေးဆွဲ ထားခြင်း ဖြစ်ပါတယ်။ ကုမ္ပဏီများ၊ အဖွဲ့အစည်းများ၊ စာသင်ခန်းများမှာ Brainstorm ပြုလုပ်တဲ့အခါမှာ Mind-Mapping Apps များဟာ အလွန် အသုံးဝင်ပါတယ်။ အဲဒီအထဲကမှ အကောင်းဆုံး Apps များကို ရွေးထုတ်ပေးလိုက်ပါတယ်။

၁။ SimpleMind Free
SimpleMind Free ရဲ့ အခမဲ့ ဗားရှင်း မှာ Map Styles များစွာကို အကန့်အသတ် မရှိ အသုံးပြုနိုင်ပါတယ်။ အခပေး ဗားရှင်းမှာ Templates, PDF Export နဲ့ စတိုင်အပိုများ ပါရှိပါတယ်။ အခပေး ဗားရှင်းမှာ ကြော်ညာများ မထည့်သွင်းထားပါဘူး။ သူ့ကို အသုံးပြုရတာ လျှင်မြန်ပါတယ်။ User Interface က ရှင်းလင်းပါတယ်။ အခပေး ဗားရှင်းမှာတော့ စွမ်းဆောင်ချက် အပိုများစွာနဲ့ Customization များစွာကို ပြုလုပ်နိုင်ပါတယ်။
Download

၂။ Mindly

Mindly ကို အခမဲ့ အသုံးပြုနိုင်ပြီး အခပေး ဗားရှင်းကို ထုတ်လုပ်ထားခြင်း မရှိပါဘူး။ Mindly မှာ ကြော်ညာများလည်း မပါပါဘူး။ သူ့ကို အသုံးပြုရတာ ချောမွတ်ပြေပြစ်ပါတယ်။ ဒီဇိုင်းက ရှင်းလင်းပြီး အိုင်ဒီယာများ မှတ်သားဖို့ ကောင်းမွန်ပါတယ်။ ဒါပေမယ့် သူ့မှာ Customization များစွာ ပြုလုပ်လို့ မရပါဘူး။ စက်ဝိုင်းများကို နှစ်သက်သူများအတွက် သူက အိုကေပါတယ်။
Download

၃။ Mindomo
Mindomo ကတော့ အိုင်ဒီယာတစ်ခုမှာ အချက်အလက်များစွာ ထည့်သွင်း မှတ်သားချင်သူများအတွက် အထူး သင့်တော်ပါတယ်။ သူ့မှာ နေရာလွတ်များစွာ ဖန်တီးပေးထားပါတယ်။ သူ့ကို အခမဲ့ အသုံးပြုနိုင်ပြီး ကြော်ညာများလည်း မပါပါဘူး။ သူဟာ Photoshop, MS Paint တို့လို ဒီဇိုင်း ဆော့ဖ်ဝဲနဲ့ ဆင်တူပါတယ်။ သင့် စမတ်ဖုန်းမှ ဓါတ်ပုံများကိုလည်း အိုင်ဒီယာမှာ ထည့်သွင်းနိုင်ပါတယ်။ အခမဲ့ ဗားရှင်းမှာ Map ၃ ခုကိုသာ ဖန်တီးနိုင်ပါတယ်။ အိုင်ကွန်များ သေးငယ်တဲ့အတွက် လက်နဲ့ စာရေးရတာ သိပ်အဆင်မပြေပါဘူး။
Download

၎။ Mindjet Maps
Mindjet Maps မှာ Map Bubbles များရဲ့ ပုံသဏ္ဍာန်ကို နှစ်သက်သလို ပြင်ဆင်နိုင်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ User Interface က ဒိတ်နည်းနည်းအောက်နေပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ စွမ်းဆောင်ချက်များက ပြည့်စုံပါတယ်။ သူ့မှာ ကြော်ညာများ မပါပါဘူး။ Map Bubbles များကို လွယ်ကူစွာ ပြင်ဆင်နိုင်တာက ကောင်းမွန်ပါတယ်။ အားနည်းချက်က သူ့ကို တီထွင်ထားတဲ့ Developer များက Update ထုတ်ပေးခြင်း မရှိတော့ခြင်း ဖြစ်ပါတယ်။
Download




Credit to ==> Digital Times





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com



0 comments:

Post a Comment