♪ “Gionee က စွမ်းဆောင်ရည်သင့် ၁၉၀,၀၀၀ ၀န်းကျင်ရှိတဲ့ X1 စမတ်ဖုန်းကိုရောင်းချ” ♫

Image may contain: phone

တရုတ်စမတ်ဖုန်းထုတ်လုပ်သူ Gionee က အိန္ဒိယဈေးကွက်မှာ စွမ်းဆောင်ရည်သင့် X1 စမတ်ဖုန်းကိုရောင်းချပေးလိုက် ပါတယ်။ အိန္ဒိယရူပီး ၈၉၉၉ သတ်မှတ်ထားပြီး ၁၁၉ ယူရိုကျသင့်မှာ ဖြစ်ပါတယ်။ မြန်မာငွေအားဖြင့် ၁၉၀,၀၀၀ ၀န်းကျင်သာ ကျသင့်မှာ ဖြစ်ပါတယ်။ အနက်နဲ့ ရွှေရောင်များရွေးချယ်နိုင်ပါတယ်။ 

Gionee X1 မှာ ၅ လက်မ 1280x720 Display တပ်ဆင်ထားပါတယ်။ Quad-Core 1.3GHzMediatek MT6737 Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။ အရှေ့နဲ့ အနောက်ဘက်မှာ 8MP Camera တပ်ဆင် ထားပါတယ်။ 3000mAh Battery , Dual-SIM Slots , microSD Card Slot များပါပါတယ်။ သူ့ရဲ့ အရွယ်အစားအပြည့်အစုံမှာ144.3 x 72.2 x 8.8 mm ဖြစ်ပါတယ်။ Android 7.0 Nougat ကို Amigo 4.0 နဲ့ ပေါင်းစပ် ထားပါတယ်။ 

Gionee X1 မှာ 2GB RAM , 16GB Internal Storage များထည့်သွင်း ထားပါတယ်။ အိန္ဒိယမှာ Gionee X1 စမတ်ဖုန်းကို ၀ယ်ယူတဲ့ Airtel ဖောက်သည်များကတစ်လလျှင် 10GB Data ကို ၆ လ အခမဲ့ ရရှိမှာ ဖြစ်ပါတယ်။



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com



0 comments:

Post a Comment