♪ iPhone ထက် ပိုကောင်းတဲ့ Galaxy Note 8 ရဲ့ အားသာချက် (၆) ခု ♫


Galaxy Note 7 အဖြစ်ဆိုးကြောင့် ယခင်နှစ်မှာ Samsung Fans များစွာဟာ Apple iPhone ကို ပြောင်းသုံးခဲ့ကြပါတယ်။ အခုတော့ Samsung က သူ့ရဲ့ ဖောက်သည်များကို ပြန်လည် စွဲဆောင်ဖို့အတွက် Note 8 ကို မိတ်ဆက်လိုက်ပါတယ်။ Samsung ဟာ Note 8 ဖြင့် သူ့ရဲ့ ဖောက်သည်များကို ပြန်လည် စွဲဆောင်နိုင်မလားဆိုတာကို ပြောဖို့ စောနေသေးပေမယ့် iPhone ထက် ပိုကောင်းတဲ့ Galaxy Note 8 ရဲ့ အားသာချက်များကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ပိုကောင်းတဲ့ အနောက် ကင်မရာ ၂ လုံး


iPhone 7 Plus ရဲ့ အနောက်ကင်မရာ ၂ လုံးဟာ Background ကို Blur လုပ်နိုင်ပြီး DSLR Camera ရဲ့ ပရော်ဖက်ရှင်နယ် ပုံရိပ်များကို ဖမ်းယူပေးနိုင်တဲ့ Portrait Mode ပါပါတယ်။ Note 8 ရဲ့ အနောက်ဘက်မှာ 12MP Camera ၂ လုံးပါပါတယ်။ တစ်လုံးမှာ မြင်ကွင်းကျယ် ဖြစ်ပြီး နောက်တစ်လုံးမှာ 2x Telephoto Lens ဖြစ်ပါတယ်။ ၂ လုံးစလုံးမှာ Optical Image Stabilization(OIS) ပါတဲ့အတွက် ၁၀ ဆအထိ Digital Zoom ဆွဲထားရင်တောင် လှုပ်ခါမှုများ ပုံမှာ ပါမလာပါဘူး။ iPhone 7 Plus မှာတော့ Telephoto မဟုတ်တဲ့ Lens မှာသာ OIS ပါပါတယ်။

Note 8 ရဲ့ Live Focus Mode ဟာ iPhone Portrait Mode နဲ့ တူညီပေမယ့် အဓိက ကွာခြားချက်တစ်ခု ရှိပါတယ်။ ဓါတ်ပုံ မရိုက်ခင်မှာရော ရိုက်ပြီးတဲ့ အခါမှာပါ Background Blur ပမာဏကို Note 8 မှာ အချိန်နဲ့ တစ်ပြေးညီ ချိန်ညှိနိုင်ပါတယ်။ နောက်ထပ် အားသာချက်က Note 8 ဟာ သာမာန် မြင်ကွင်းကျယ် ဓါတ်ပုံနဲ့ Background ကို Blur လုပ်ထားတဲ့ 2x Zoom Photo နှစ်ခုကို တစ်ပြိုင်နက် ရိုက်ကူးပေးနိုင်ပါတယ်။

၂။ အံ့မခန်း မျက်နှာပြင်



Samsung ရဲ့ စွမ်းဆောင်ရည်မြင့် ဖုန်းများမှာ အံ့မခန်း မျက်နှာပြင်များ ပါပါတယ်။ Note 8 ရဲ့ ၆.၃ လက်မ Super AMOLED Display ကလည်း အံ့မခန်းပါပဲ။ မျက်နှာပြင်ဟာ အလွန် တောက်ပပြီး အနက်ရောင်များဟာလည်း အလွန်ကို အသေးစိတ်ပါတယ်။ အရောင်များ ပြည့်စုံပြီး အလွန် အသက်ဝင်ပါတယ်။ Note 8 မျက်နှာပြင်ရဲ့ iPhone မျက်နှာပြင်အပေါ် အဓိက အားသာချက်မှာ HDR(High Dynamic Range) ကို ထောက်ပံ့ခြင်း ဖြစ်ပါတယ်။ HDR Content များကို Note 8 မှာ ကြည့်ရင် အံ့မခန်း ရုပ်ထွက်များကို ခံစားရမှာပါ။

၃။ ဒစ်ဂျစ်တယ် ဘောပင်



Note 8 ရဲ့ S Pen ကလည်း iPhone ထက် အားသာချက် ဖြစ်ပါတယ်။ S Pen က ဖိအား Levels ၄၀၉၆ ကို ထောက်ပံ့ပြီး ထိပ်ဖျားမှာ ၀.၇ မီလီမီတာသာ ရှိတဲ့အတွက် အလွန် တိကျတဲ့ ရုပ်ပုံများကို ရေးဆွဲနိုင်ပါတယ်။ ရေအောက်ထဲမှာတောင် S Pen နဲ့ Note 8 ကို အသုံးပြုနိုင်ပါတယ်။ S Pen က Select လုပ်ထားတဲ့ စာသားများကို ဘာသာပြန်ပေးနိုင်ပါတယ်။

၎။ လျှင်မြန်တဲ့ ကြိုးမဲ့အားသွင်း စနစ်


ယခုနှစ်ထုတ် iPhone အသစ်များမှာ ကြိုးမဲ့အားသွင်း စနစ်ပါမယ်လို့ သတင်းထွက်နေပါတယ်။ Samsung ကတော့ ကြိုးမဲ့ အားသွင်း စနစ်ကို ဖန်တီးထားတာ နှစ်များစွာကြာပြီ ဖြစ်ပြီး Note 8 မှာလည်း ဒီနည်းပညာ ထည့်သွင်းထားပါတယ်။ ကြိုးမဲ့အားသွင်း စနစ်ပါတဲ့ အခြား ဖုန်းများနဲ့ Note 8 ကို နှိုင်းယှဉ်တဲ့ အခါမှာ Note 8 ရဲ့ ကြိုးမဲ့ အားသွင်း စနစ်ဟာ ကြိုးနဲ့ အားသွင်းတာလောက် မြန်ပါတယ်။ Note 8 ကို ကြိုးမဲ့အားသွင်းစနစ်ဖြင့် အားသွင်းလျှင် မိနစ် ၃၀ အတွင်းမှာ ၄၉ ရာခိုင်နှုန်းကို အားဖြည့်ပေးပါတယ်။

၅။ Storage ကို မြှင့်တင်နိုင်ခြင်း။

ကြိုးမဲ့အားသွင်းစနစ်လိုပဲ Samsung ရဲ့ ဖုန်းများမှာ microSD Card စိုက်နိုင်တာ နှစ်များစွာ ကြာပါပြီ။ Note 8 မှာ 64GB သာပါပေမယ့် 320GB အထိ တိုးမြှင့်အောင် 256GB microSD Card စိုက်နိုင်ပါတယ်။ microSD Card Slot ပါခြင်းရဲ့ အားသာချက်များက microSD Card များဟာ ဈေးသက်သာခြင်း၊ Internal Storage လို Bloatware များ မပါခြင်းတို့ ဖြစ်ပါတယ်။

၆။ မပေါက်ကွဲခြင်း။
Note 7 ပြဿနာ ပြီးနောက်မှာ Samsung ဟာ စိတ်ချရတဲ့ ဘက်ထရီများကို အနာဂတ် ဖုန်းများမှာ ထည့်သွင်းပေးဖို့ ကတိပြုခဲ့ပါတယ်။ Galaxy S8 ဖုန်းများမှာလည်း အဆင့် ၈ ဆင့်ဖြင့် စစ်ဆေးထားတဲ့ ဘက်ထရီ အသစ်များ ထည့်သွင်းပေးထားပါတယ်။ စမ်းသပ်သူအချို့က S8 ရဲ့ ဘက်ထရီကို ဓါးဖြင့် ထိုးခွဲတဲ့အခါမှာလည်း မီးလောင်ကျွမ်းခြင်း မရှိတာကို တွေ့ရပါတယ်။ Note 8 မှာလည်း အဲဒီ လုံခြုံစိတ်ချရတဲ့ ဘက်ထရီများ ထည့်သွင်းပေးထားပါတယ်။




Credit to ==> DigitalTimes.com.mm






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com



0 comments:

Post a Comment